တသိမ့်သိမ့်....နွံ (၁၀)
အပိုင်း-၁၀မဏိသိုက်ဆိုတဲ့မိန်းမက သိပ်မောက်မာတယ်။
နေဇာဋာက မဏိကိုဒေါသထွက်၍..သူငယ်ချင်းဖွင့်ထားတဲ့ဘားမှာသွားထိုင်နေပါသည်။
" ဘာသောက်မလဲ ..."
" ပြင်းတာသာပေး..."
" ဘာဖြစ်နေတာလဲ.. ယောက္ခမအိမ်မှာသွားနေနေတာဆို..."
" မပြောချင်ဘူးကွာ.."
" အဟား ဘာလဲ မိန်းမနဲ့ရန်ဖြစ်လာတာလား "" ဖြစ်စရာလား ငါစိတ်တိုရင်သူသေမှာစိုးလို့.."
ဒါမိန်းမရှိတဲ့ကောင်တွေပြောနေကြ ဆင်ခြေလေ။
ဒါပေမယ့် နေဇာဋာဆိုတဲ့ကောင်ဆီကပါ ဒါမျိုးကြားရလိမ့်မယ်မထင်ထားဘူး။
အကြောင်းသိနေတဲ့သူငယ်ချင်းက ကိုယ်လုံးပါလှုပ်အောင်ရယ်ပြီး..
" တရားသူကြီးက မင်းကိုလောင်အောင်လုပ်လိုက်တာကိုး... ရော့ ဒေါသတွေကိုဒါနဲ့မျှောချလိုက်..
လက်ထပ်တာမှနှစ်ရက်ရှိသေးတယ်ကွာ.. သူသေလို့
တော့ဘယ်ဖြစ်မလဲ..."ဒီကောင်မိန်းမယူတော့မယ်ပြောတုန်းကလည်းအံ့ဩရသေးသည်။ မိတ်လည်းမဆက်ပေးတော့..သူ့မိန်းမကိုမဂ်လာဆောင်တော့မှပဲမြင်ဖူးတော့သည်။ထင်နေတဲ့လူတွေလည်းတစ်ယောက်မှမဟုတ်၊
ထင်ထင်ရှားရှားလည်းမဟုတ်ပဲ သာမာန်မိန်းခလေးပဲ
ဖြစ်နေတော့ နေဇာအကြိုက်ပြောင်းသွားပြီလို့ထင်တာ၊ဒီကောင်ကအရင်ကဆို မော်ဒယ်လေးတွေနဲ့ပဲတွဲတာလေ။ဒင်နာကြမှပဲ ဒီကောင်ဘာလို့ထယူမှန်းသဘောပေါက်တော့တယ်။
ဟိုတရားသူကြီးကကိုယ်လုံးတောင့်တောင့်ဖြောင့်ဖြောင့်နဲ့အညိုစင်လေးကိုး။
နေဇာလည်း တွေးလေလေဒေါသထွက်လေလေမို့
အရက်ပြင်းပြင်းတွေကို တစ်ခွက်ပြီးတစ်ခွက်ယူသောက်မိသည်။
" ထပ်ပေး..."
" တော်သင့်ပြီ နေဇာ.. ဒါဘယ်လောက်ပြင်းလဲသိလား"မဏိသိုက်ရဲ့စကားလောက်တော့မပြင်းနိုင်ဘူးကွ။
" ကိုနေဇာဋာ လင်မယားကြားမှာလည်း မုဒိန်းမှု ဆိုတာရှိမှန်းရှင်သိပါတယ်နော်" တဲ့ တောက်)))
ငါ့တသက်မှာ ငါ့ကိုဒီလိုဆက်ဆံတဲ့မိန်းမမရှိခဲ့ဘူး။>>>>>>>>>>
အခုဆိုပတ်ဝန်းကျင်တစ်ခုလုံးကသူနဲ့မဏိကို cctvလို
စောင့်ကြည့်နေကြတာလေ။ သူကအခုလိုကြီးထားသွားတော့ ဘာဖြစ်တာလဲသိချင်နေကြပြီပေါ့။
YOU ARE READING
တသိမ့်သိမ့်....နွံ (Complete)
Romanceဒီဇတ်လမ်းလေးကတော့ ချမ်းသာတဲ့အလွှာကြားက စုံတွဲတစ်တွဲရဲ့အိမ်ထောင်ရေးပဏိပက္ခတွေအကြောင်းကိုရေးဖွဲ့ထားတာပါ။ မိန်းခလေးတိုင်းရဲ့ အိမ်မက်ကချမ်းသာတဲ့အမျိုးသားနဲ့လက်ထပ်ပြီး..ဘဝကြီးကိုငွေပုံပေါ်မှာသက်တောင့် သက်သာနေလိုတာ ချည်းပဲမဟုတ်နိုင်ပါဘူး။ ကိုယ့်ဘဝကို ကိုယ...