အပိုင်း ၁၆ ❤️

15.9K 765 55
                                    

တသိမ့်သိမ့်....နွံ (၁၆)
      
                             အပိုင်း-၁၆

မဏိလည်း‌ဆရာဝန်ကိုပြပြီးဆေးစာယူကာ အလုပ်တွေကိုလက်စသတ်၊လွှဲသင့်တာကိုလွှဲပြောင်းပြီးတဲ့
နောက် မီးဖွားခွင့်၆လယူကာအိမ်မှာနားရပါပြီ။

မဏိကညဘက်အိပ်မပျော်ဖြစ်တတ်တာကလွဲရင်ကျန်တာတော့ကျန်းမာရေးအဆင်ပြေသဖြင့်ရိုးရိုးပဲမွေးဖို့စီစဉ်ထားသည်။
သူနဲ့မခိုင်ကမဏိကို ဘန်ကောက်ကဆေးရုံကြီးမှာသွားမွေးဖို့ပြောပါသေးသည်။
" မသွားချင်ပါဘူး၊ ဒီမှာလည်းမွေးလို့အဆင်ပြေတာပဲကို..ခုပြနေတဲ့OGကလည်းနာမည်ကြီးတာပဲ..
ပြီးတော့ကျွန်မကရိုးရိုးပဲမွေးမှာကို.."

" ရိုးရိုးမွေးတာကြောင့်ပိုပြီးsaveဖြစ်တဲ့နေရာရှာရတာပေါ့။ ရိုးရိုးမွေးမယ်ဆိုဗိုက်နာမှာနော်..
ခလေးထွက်မလာခင်အထိမင်းအနာခံရမှာ..
ခလေးထွက်လာရင်လည်းနာအုံးမှာပဲ..
တကယ်လို့အဲ့အချိန်ကြမှ မမွေးနိုင်လို့ခွဲမွေးမယ်ဆို
နှစ်ခါနာရအုံးမှာ..."

(သိတယ် သိတယ် အဲ့လိုနာရအောင်ရှင်ပဲလုပ်ကြံတာ ဟွန့်)
" ကိုယ်ဝန်ဆောင်သည်တွေကတစ်ယောက်နဲ့တစ်ယောက်တူတာမဟုတ်ဘူး။ ကျန်းမာရေးကလည်း
အခုကောင်းပေမယ့် အလှည့်အပြောင်းရှိနိုင်သေးတယ်။
အဲ့တာကြောင့်ပိုကျွမ်းကျင်ဆရာဝန်တွေရှိဖို့လိုတယ်..
ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ဇနီးတုန်းက မွေးခါနီးမှသွေးပေါင်ထိုးကျတာ..မျက်ဖြူတောင်လန်နေပြီတဲ့ကံကောင်းလို့မသေတာ.."

မဏိလည်းအဲ့လိုအခြေအနေကိုနားလည်ပါတယ်။
နဂိုကတည်းကကိုယ်ဝန်ဆောင်တွေက သေမင်းနဲ့စစ်ခင်းယူရတာချည်းပဲလေ။
အဲ့လိုအချိန်နဖူးတွေ့ဒူးတွေ့ကြုံလာရရင်မကြောက်
လန့်သွားရအောင် အခုချိန်ကတည်းက ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းလည်းလုပ်ပြီး၊ ဘာသာရေးကိုလည်းများများလုပ်၍ စိတ်ကိုတည်ငြိမ်အောင်
လေ့ကျင့်ခန်းပေးနေတာလေ။

ဒါပေမယ့်သူကအဲ့လိုလာပြောတော့ ငါများအဲ့လိုဖြစ်ခဲ့ရင်ဆိုပြီး...
" ကိုနေဇာဋာ တကယ်လို့များ.. ကျွန်မမှာအဲ့လိုအခြေအနေမျိုးကြုံလာခဲ့ရင်.. ရှင် ခလေးကိုပဲရွေးလိုက်ပါ..."
" ဒါဘာစကားလဲ..."
" တကယ်လို့များလို့ပြောပြီးပြီလေ...
ကျွန်မထက်စာရင် မျိုးဆက်သစ်ကိုဦးစားပေးရမှာပေါ့.."

တသိမ့်သိမ့်....နွံ (Complete)Where stories live. Discover now