တသိမ့်သိမ့်....နွံ (၂၅)
အပိုင်း-၂၅အိမ်ကိုအတူပြန်လာကြပေမယ့်မဏိကရှေ့ကနေဆောင့်ဆောင့်နဲ့လှမ်းဝင်သွားပြီး နေဇာဋာကနောက်ကလိုက်၍...
" ကိုယ့် ကားကို mood change ထားပါတယ်..
Shock absorber lock ချထားတာမို့ Dancing Car မဖြစ်ဘူး။ မှန်ကလည်းအထဲကိုဘယ်သူမှမမြင်ပါဘူး... "သူကလိုက်ရှင်းပြလည်းမဏိသိုက်ကနားမထောင်..
" ကြည်ကြည်သမီးကော..."
" ကျောင်းကပြန်လာပြီး မုန့်စားပြီးလို့တရေးအိပ်သွားတာမမ.."
" ရေကောချိုးပေးပြီးပြီလား.."
" ဟုတ် ချိုးပြီးပါပြီ.."
" အင်း ခဏကြည့်ထားပေးအုံး.."မဏိကအောက်ထပ်ကခလေးအခန်းရှေ့မှာစကားရပ်ပြောပြီး နောက်..ဆောင့်ဆောင့်နဲ့အပေါ်ကိုထပ်တတ်သွားသည်။
အိပ်ခန်းထဲရောက်တာနဲ့ ဒီပုံစံအတိုင်းရေချိုးခန်းထဲကိုတန်းဝင်သွားတော့သည်။ ဟူးး
မဏိသိုက် သူ့ကိုရေရေလည်လည်တင်းသွားတာပဲ..သူ့ကုတ်အကျီကိုဆွဲချွတ်၍တွေ့ကရာကိုပိတ်ကန်ပစ်လိုက်ကာ ခန္တာကိုယ်ကိုကုတင်ပေါ်မှာဝုန်းခနဲပစ်လှဲချလိုက်သည်။ ခုနကရလိုက်တဲ့ခံစားမှုတွေတောင်ဘယ်ကိုအငွေ့ပျံသွားမှန်းမသိတော့ဘူး... တောက်)))
လင်မယားကြားမှာဒီကိစ္စကိုဒီလောက်အထိအကြီးအ
ကျယ်ဖြစ်ဖို့လိုလား.. သူကလည်းသူဆိုပေမယ့်
ဘာပဲဖြစ်ဖြစ်ကာမပိုင်လင်ယောက်ျားပဲဟာ တစ်ခေါက်လောက်လိုက်လျောပေးတော့ကောပဲ့ပါသွားမှာမို့လို့လား။အိမ်ထောင်သက်တမ်း၄နှစ်ကျော်မှာ မဏိသိုက်ကသူ့ကိုကြည်ကြည်ဖြူဖြူလက်ခံခဲ့တယ်ဆိုတာ တစ်ကြိမ်မှမရှိပါဘူး။ သူကပဲအတင်းအဓ္ဓအရယူခဲ့ရတာချည်း.
လင်မယားနဲ့လိင်ကိစ္စကခွဲခြားလို့ရတာမှမဟုတ်တာကို သူကအတူနေဖို့ကြိုးစားတိုင်း မဏိသိုက်ကစိတ်ပါလက်ပါမရှိဘူး။ လူသေကောင်လိုခံစားချက်မဲ့နေတယ်။
သူက သူမကိုပါသာယာမှုပေးဖို့အစွမ်းကုန်ကြိုးစားတာတောင် သူမကတော့မတုံ့ပြန်တတ်ဘူး။သူနမ်းရင်အမြဲတမ်းရှောင်ဖယ်တယ်။
YOU ARE READING
တသိမ့်သိမ့်....နွံ (Complete)
Romanceဒီဇတ်လမ်းလေးကတော့ ချမ်းသာတဲ့အလွှာကြားက စုံတွဲတစ်တွဲရဲ့အိမ်ထောင်ရေးပဏိပက္ခတွေအကြောင်းကိုရေးဖွဲ့ထားတာပါ။ မိန်းခလေးတိုင်းရဲ့ အိမ်မက်ကချမ်းသာတဲ့အမျိုးသားနဲ့လက်ထပ်ပြီး..ဘဝကြီးကိုငွေပုံပေါ်မှာသက်တောင့် သက်သာနေလိုတာ ချည်းပဲမဟုတ်နိုင်ပါဘူး။ ကိုယ့်ဘဝကို ကိုယ...