အပိုင်း ၁၉❤️

15.2K 709 31
                                    

တသိမ့်သိမ့်....နွံ (၁၉)
      
                             အပိုင်း-၁၉

သီတင်းကျွတ်လပြည့်ဆိုတော့ အပြင်မှာမီးထွန်းပွဲနဲ့ပျော်ပွဲရွှင်ပွဲတွေရယ် ၊လူကြီးသူမတွေကိုကန်တော့တဲ့
သူတွေနဲ့မိသားစုတွေစည်ကားတဲ့ပွဲတော်ရက်ပဲ...

မဏိကတော့အဖေနဲ့အမေကိုဆေးရုံသို့သာခေါ်လိုက်ရသည်။
" ဘာမှမဖြစ်ဘူး ခလေးတွေကဒီလိုပဲချွဲထတတ်တယ်
အရမ်းစိတ်မပူနဲ့..."
အမေကမဏိကိုသိပ်မစိုးရိမ်ဖို့ပြောသည်။
" နောက်တစ်ခါခလေးနှာခေါင်းပိတ်ရင် ဒီကဆရာမတွေလုပ်ပေးတဲ့အတိုင်း လုပ်ပေးလိုက်.."
" ဟုတ်ကဲ့..."

ခလေးကကိုးခွဲလောက်မှာဆေးရုံတင်ရတာကို ဆယ်နာရီခွဲအထိ ဖအေလုပ်သူကရောက်မလာတာကြောင့်
နိုင်စိုးသိုက်က..
" နေဇာက ရန်ကုန်မှာပဲမှတ်လား.. ဘာလို့ရောက်မလာသေးတာလဲ.."
" သူရှိုးပွဲစီစဉ်ထားလို့ထင်တယ် ပြီးရင်လာပါလိမ့်မယ်.. အဖေတို့ပြန်ကြတော့လေ..နောက်ကျနေပြီညနက်တော့မယ်၊ ဒီမှာသမီးနေလို့ရပါပြီ.."

" အမေနေခဲ့လိုက်မယ်..."
" မနေပါနဲ့ အမေလည်းတနေ့လုံးပင်ပန်းပြီးပြီ..
ခဏနေရင်သူ့‌အဖေလာမှာပဲကို ပြန်လိုက်ပါ.."

" ဒါဆို သမက်လေးလာရင်စကားများမနေကြနဲ့အုံး
သူလည်းအလုပ်လုပ်နေတာပဲလေ.."
" ဟုတ်ကဲ့ပါ..."

အဖေနဲ့အမေတို့ပြန်သွားကြတော့.. မဏိနဲ့သမီးပဲကျန်ကာ အိမ်ကကြည်ကြည့်ကိုလှမ်းပြီးဖုန်းဆက်ထားလိုက်သည်။
တခြားခလေးတွေး ဝူးဝါးထငိုရင် သမီးလေးကလန့်သွားတတ်တာမို့ မဏိကကျောထောင်ချီထားပြီးပုခုံးပေါ်ကိုခေါင်းတင်စေကာ.. နောက်ကျောလေးကနေအသာပွတ်ပေးရင်း.. နှုတ်ကနေလည်းတိုးတိုးလေး
ဘုရားစာရွတ်နေခဲ့သည်။

>>>>>>>>>
နေဇာဋာကသူ့ Entertainment ကစီစဉ်ထားတဲ့ရှိုးပွဲ
ကြီးအောင်အောင်မြင်မြင်ပြီးသွားတဲ့အထိ စောင့်ကြည့်နေခဲ့ပြီးမှ... အိမ်ပြန်လာတော့ညဆယ့်နှစ်နာရခန့်ရှိပြီဖြစ်သည်။

မဏိသိုက်တော့သူ့ကိုတင်းနေမှာပဲ.. ဘယ်တတ်နိုင်မလဲသူစီစဉ်ထားတာက ဘတ်ဂျက်ရှိုးလည်းမဟုတ်တဲ့
ကြေးကြီး‌တဲ့ပွဲ၊ Rock ဂီတရှိုးတွေကသိတဲ့အတိုင်း မူးပြီးဆေးကွဲနေတဲ့ကောင်တွေများတော့ ပြသနာလည်းများတယ်။ ဖြစ်ပြီဟေ့ဆို ရိုက်ကြနှက်ကြနဲ့..
ဒီကြားထဲအကောင်သားသမီးတွေပါလာရင် သောက်
ဇယားကရှုပ်အုံးမှာ။
အစအဆုံးကပွဲစီစဉ်သူမှာပဲ တာဝန်ရှိတာလေ။အခန့်မသင့်ရင်ဂျေးတောင်အောင်းရနိုင်တယ်။

တသိမ့်သိမ့်....နွံ (Complete)Where stories live. Discover now