Part -9

55 4 0
                                    

" အစ်မတို့ ပထမအပိုင်းကို လေဆန်ဘက်ကိုယူနော် အဲ့တာမှ ဒုတိယအပိုင်း လေစုန်ကိုရမှာ "

"..... "

" ဟို အစ်မကြည်ဖြူတို့ နောက်တန်းဘောလုံးရောက်လာရင် အပြင်ကိုသာကန်ထုတ်နော် စည်းအပြင်ရောက်ရင်ကိုရတယ် "

"..... "

" အရေးကြီးဆုံးက ...."

" ကိုယ့်ဂိုးကိုယ်မသွင်းမိစေနဲ့ ဆိုတာမလား တော်ပါတော့ ယံရှင်းရယ် မှာ‌တာတွေ ထပ်နေပြီ အစ်မတို့လည်း အလွတ်ရနေပြီ ယံရှင်လည်းမောသင့်ပြီ "

" အစ်မတို့ကလည်း ဖိုင်နယ်ထိတောင်ရောက်ပြီးမှ ဖလားလိုချင်တာပေါ့ "

" အမလေး ရှင်လေတို့အသင်းသာ ရအောင်ယူခဲ့ "

" ကျွန်တော်တို့က ရပြီးသား "

" ပြောတာပဲ ပြောတာပဲ "

အကြောလျော့နည်းကို အာပေါက်မတက်ပြောခဲ့ရပေမယ့် သေချာလိုက်လေ့ကျင့်ကြတာကြောင့် တိုးတက်မှုမြန်တဲ့ အသင်းဖြစ်ခဲ့၏။ ရလဒ်ကောင်းတွေနဲ့ အုပ်စုကို ဒုတိယနဲ့ ရောက်လာကာ ဒီနေ့က ဖိုင်နယ်နေ့ဖြစ်၏။ နားနေရတာ သုံးရက်ရှိပြီဖြစ်တာကြောင့် ရှေ့ရက်တွေက မှာထားသည့်အတိုင်း ထပ်မှာတော့ သူ ထရိန်းပေးနေရသည့် အစ်မတွေက အလွတ်တောင်ရနေကြပြီဖြစ်သည်။

ဖိုင်နယ်ပွဲစဉ်ဖြစ်တာကြောင့် ပွဲကြည့်သူတွေနေရမည့်နေရာအလွတ်မှာ တဖြည်းဖြည်းနဲ့ လူပြည့်လာ၏။ ကန်ဖို့နှစ်သင်းကို ကွင်းထဲခေါ်တဲ့အချိန်ရောက်တော့ ယံရှင်း ကျောင်းအဆောင်ဘက်ကို အပြေးသွားပြီး အ၀တ်အစားလဲလိုက်သည်။ မနက်က ကျောင်းရောက်ရောက်ချင်း ဩဝါဒ သွားခြွေလိုက်တာမလို့ ၀တ်စုံမလဲရသေးပေ။ အပေါ်အဖြူကို အသာချွတ်ကာ ဘေစင်ပေါ်ကို သပ်သပ်ရပ်ရပ်တင်လိုက်သည်။ ထို့နောက် အ၀တ်မကပ်သော အပေါ်ပိုင်းကို ယူလာတဲ့ မေဂျာအင်္ကျီတစ်ထည်၀တ်ပြီး ဘောင်းဘီလဲရန် လူရှင်းမရှင်း ဘေးဘယ်ညာကြည့်ပြီး တံခါးကို လော့ချလိုက်သည်။

ဒေါက်!  ဒေါက် !

" အာ ခဏ အ့! "

ဘောင်းဘီလဲဖို့ပြင်နေတုန်း တံတားခေါက်သံကြောင့် မြန်မြန်လုပ်ပြီး တံခါးဖွင့်ပေးလိုက်ရသည်။ အိမ်သာခန်းထဲ ၀င်မလဲပဲ အိမ်သာဆောင် တံခါးကို လော့ချလိုက်ပြီး အ၀တ်အစားလဲတဲ့ရလဒ်က ခြေလဲခြင်းပင်။

Heart's Nearest Where stories live. Discover now