ဘုန်းသျှန်သည် Dream ကို လက်လွှဲယူလိုက်ဖို့ စီစဉ်ပြီးတဲ့နောက်မှာ နဂိုကထက် အလုပ်ပိုရှုပ်လာလေသည်။ အစက ကျောင်းပြီးမှဟု စီစဉ်ထားပေမယ့်လည်း လေးငယ်က မင်းလုံလောက်တာထက်ပိုနေပြီ ဟုဆိုကာ ကျောင်းတက်နေရင်းနဲ့ပင် အလုပ်ကို ပိုလုပ်နေရပြီဖြစ်သည်။ ထို့ကြောင့် ဘုန်းသျှန်သည် တခြားသူတွေအတွက် ကျောင်းပိတ်ရက်ရှည်ကို ဘယ်လိုဖြတ်သန်းကြလဲဆိုတာ သိချင်နေမိသည်။
" သော်ဘုန်းသျှန် "
" ပြောလေ လေးငယ် "
" ငယ်ငယ် က မင်းအိမ်မှာနေတာ အရင်ကတည်းကလား "
" မဟုတ်ဘူး လေးငယ် သူ့အိမ်သူနေတာ ကျွန်တော့်ဆီနေတယ်ဆိုတာ မူးပြီးမပြန်နိုင်တဲ့ညတွေလောက်ပဲ "
" ဪ ဒါပေမယ့် ငါ မင်းဆီရောက်ကတည်းက သူပြန်တာမမြင်မိဘူး "
" ကျွန်တော်လည်း အဲ့တာမေးချင်နေတာ "
" ဘာကိုလဲ "
" လေးငယ်တို့က ဘာလို့ ကျွန်တော့်အိမ်မှာနေနေကြတာလဲ "
" မနေရဘူးလား "
" အင်း ကိုယ့်အိမ်ကိုယ်နေ "
ဘုန်းသျှန် ယခုနေထိုင်နေသာ လမ်းထိပ်ရဲ့ တစ်ဖက်လမ်းမှာ အိမ်ရာ၀င်းတစ်ခုရှိလေသည်။ ထိုအိမ်ရာ၀င်းသည် moon group ရဲ့အပိုင်ဖြစ်ပြီး အဆောက်အဦးများစွာရှိသည်။ ထိုကနေမှတစ်ဆင့် ရှေ့ကို ဆက်သွားလျှင် တောင်ကုန်းတစ်ခုရှိပြီး ထိုတောင်ကုန်းရဲ့ တစ်၀က်လောက်ကနေ ခြံစည်းရိုးအဖြစ် အုတ်တံတိုင်းခတ်ထားသည့် စံအိမ်တစ်ခုရှိလေသည်။ ထိုစံအိမ်ရဲ့ ပိုင်ရှင်က ဘုန်းသျှန်ရဲ့ နှစ်ယောက်မရှိတဲ့ ဦးလေးဖြစ်သူ ဦးသော်ဇေယံသာပင်။ ထိုစံအိမ်ကိုထားခဲ့ကာ သူ့ရဲ့နှစ်ထပ်တိုက်အိမ်ခြံ၀င်းထဲမှာ လာနေနေတဲ့ ဦးဇေယံသာကို ဘုန်းသျှန် မေးခွန်းထုတ်ချင်မိပါသည်။
" လေးငယ် စံအိမ်မပြန်ဘူးလား "
" အထီးကျန်စေတဲ့နေရာကို ကိုယ်က သွားစရာလား သော်ဘုန်းသျှန် "
" ကာရံကိုပါ ခေါ်သွားလေ လေးငယ် မဟုတ်လည်း ကာရံအိမ်သွားနေပေါ့ "
" အင်း စဉ်းစားလိုက်ဦးမယ် "
လွန်ခဲ့တဲ့ တစ်ပတ်က သူနဲ့ လေးငယ်ရဲ့ စကားဝိုင်းက ထိုလောက်နဲ့တင် တိတ်ဆိတ်သွားကာ လေးငယ်က သူ့အလုပ်သူလုပ်နေခဲ့ပြီး သူလည်း လုပ်စရာရှိတာဆက်လုပ်နေခဲ့သည်။မှတ်မှတ်ရရ ထို့နေ့ညမှာတော့ တကယ်ပဲ လေးငယ်က ကာရံကို ခေါ်ကာ အိမ်ပြောင်းသွားခဲ့လေသည်။ နှစ်လနီးပါးလောက် လူစုံနေခဲ့တဲ့ အိမ်မှာ တစ်ယောက်တည်းသာ ပြန်ဖြစ်သွားလေသည်။
YOU ARE READING
Heart's Nearest
Teen FictionTime will heal but we need a person like a home #start - 26 . 4 . 2024