" ပြန်ရောက်ပါပြီ "
"....."
" ကျွန်တော် ဒါတွေ သွားထည့်လိုက်မယ် "
" ကျေးဇူး ယံရှင်း "
တိတ်ဆိတ်နေတဲ့ အိမ်အတွင်းက စကားသံတို့ ပြန်မလာပေမယ့် ယံရှင်းကတော့ ကိုကာရံထက်သူနဲ့အတူ လုပ်စရာရှိတာကိုသာ လုပ်နေ၏။ ၀ယ်လာတဲ့ အကင်တို့ကို ပန်းကန်ထဲ ထည့်လိုက်ပြီး ကျွတ်ကျွတ်အိတ်တွေကိုတော့ သေချာလုံးလိုက်ကာ အမှိုက်ပုံးထဲ ထည့်လိုက်၏။ ထို့နောက် အိမ်ရှေ့ခန်းဘက်ပြန်လာလိုက်၏။
" ညီ ..."
" ဗျာ အစ်ကို "
" ဘယ်ကပြန်လာတာလဲ "
" မုန့်၀ယ်ပြီး ပြန်လာတာဗျ "
" ဘာစားခဲ့ပြီးပြီလဲ ကိုယ် ခေါက်ဆွဲပြုတ်ပေးထားတယ် "
" ကျွန်တော်..... ဗိုက်ပြည့်ခဲ့ပါပြီ..."
ခပ်တိုးတိုးအသံနဲ့ ပြန်ဖြေလိုက်တော့ အစ်ကို့မျက်၀န်းတွေက အနည်းငယ် မှိုင်းညို့သွား၏။မြင်ဖူးနေကြပုံစံမဟုတ်တာတောင် ယံရှင်း အဲ့သည်ပုံစံကို မကြိုက်ပါ။
" အစ်ကို "
" အင်း... ညီ ပြောလေ..."
" ကျွန်တော်ဗိုက်ဆာတယ်... "
" စားခဲ့တယ်ဆို..."
" ထပ်စားချင်လာလို့ တစ်ခုခုများရှိလားဗျ "
" ကိုယ် ခေါက်ဆွဲထပ်ပြုတ်ပေးမယ် စားပွဲပေါ်ကဟာက လုပ်ထားတာကြာလို့ ပွနေပြီ "
" ဟုတ် အလုပ်ရှုပ်ခံပေးပါဦးဗျ "
" ရပါတယ်ကွာ..."
ယံရှင်းကို အပြုံးချိုချိုလေးတွေ ပေးသွားတဲ့ အစ်ကိုက မီးဖိုချောင်းထဲ ၀င်သွားတာများ လှစ်ကနဲ။ အသံမပေးပဲ နောက်ကလိုက်သွားကာ ထမင်းစားပွဲမှာ ငြိမ်ငြိမ်လေးထိုင်စောင့်နေလိုက်၏။ ခေါက်ဆွဲထုတ်ကို ပွက်နေတဲ့ ရေနွေးထဲ လောင်းထည့်ကာ အသင့်ပါတဲ့ အရသာမှုန့်တွေကို ထည့်နေတဲ့ အစ်ကို့ကျောပြင်က အားကိုးချင်စရာ။
အစာအိမ်ဆိုတဲ့အရာက အစာလွန်လို့မစားဖြစ်တာကနေ တဖြည်းဖြည်းစတင်တာမဟုတ်လား။ မဖြစ်သေးရင် ဘာမှမဖြစ်ဘူး၊ ဖြစ်သွားရင် အသေးအမွှားကအစ သေချာစားသောက်ဖို့ဂရုစိုက်ရတာ ငရဲလိုပင်။ တစ်နေကုန် အစားမစားထားတဲ့ ညီ့ကို နို့ဒိန်ချဉ် တစ်ဗူးတိုက်ပြီး စကားဝိုင်းထဲ မျောနေမိလို့ ဘုန်းသျှန် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိ၏။
YOU ARE READING
Heart's Nearest
Ficção AdolescenteTime will heal but we need a person like a home #start - 26 . 4 . 2024