Part -21

35 2 0
                                    

{ Unicode }

" ကဲ ကိုယ်တော် လာပါဦး ပြောပါဦး နေ့လည်က ဘာတွေ ဣန္ဒြေမရ ဖြစ်လာတာတုန်း "

အပေါ်ထပ်ကနေ ဆင်းဆင်းလာချင်း Date room ထဲက ထွက်လာတဲ့ ကာရံထက်သူက သူ့အားမေးလာသည်။ တစ်ဆင့်ချင်းဆင်းလာပြီး ကာရံဘေးကဖြတ်ကာ မီးဖိုခန်းဘက်သာ လျှောက်သွားလိုက်၏။

" ဖြေလေ ဘုန်းသျှန် "

" ဣန္ဒြေမရပါဘူးဆိုမှ ဘာဖြစ်ဖြစ်ပေါ့ ဘာလို့သိချင်တာလဲ "

" ဟ ဦးငယ်ရေ ငယ်ငယ့်ကို ပြန်စွာနေတယ် ဦးငယ်တူက "

" မင်း !!"

ဘုန်းသျှန် ကာရံထက်သူကို အံကြိတ်ပြောလိုက်ရင်း သူ့ခေါင်းသူ ကာလိုက်မိသည်။ အခုနောက်ပိုင်း တစ်ခုခုဆို လေးငယ်ကို ပြန်တိုင်တတ်တဲ့ ကာရံထက်သူကြောင့် ဘုန်းသျှန် ခေါင်းခေါက်ခံရပေါင်းမနည်း။ လေးငယ်ကလည်း ကာရံထက်သူနဲ့ ပတ်သက်ရင် မေးမြန်ချင်းမရှိပဲ သူ့ခေါင်းကို လာခေါက်တတ်သည်။

မီးဖိုခန်းထဲမှာ ပေါင်မုန့်ကို ယိုသုပ်နေတုန်း နောက်ကနေ ကပ်လိုက်လာတဲ့ ကာရံထက်သူ။ ဟိုဘက်လျှောက်ရင် ဟိုဘက်လိုက်ပြီး ဒီဘက်လျှောက်ရင် ဒီဘက် လိုက်လာသည်။

ဘုန်းသျှန် မီးဖိုခန်းကနေ  Date room ဘက်သွားတော့လည်း နောက်က ထက်ကြပ်မကွာလိုက်ရုံမက ပါးစပ်ကလည်း အငြိမ်မနေ ။ အခန်းတံခါးဖွင့်၀င်လိုက်တော့လည်း နောက်ကနေ ခပ်မြန်မြန်လိုက်ကာ ၀င်လာတဲ့ ကာရံထက်သူကြောင့် ဘုန်းသျှန် စိတ်တို့မကြည်တော့။ ဟောက်လို့ကလည်းမဖြစ် ခေါင်းခေါက်ခံရမှာ ကြောက်ရသေးသည်။

" မနက်ကသွားတုန်းက အကောင်းပါ အပြန်ကျဘာဖြစ်လာတာတုန်း "

" နမ်းခဲ့တာ ထန်လာလို့ ဘာသိချင်သေးလဲ "

" ဪ ဘာများလဲလို့... "

သိချင်တာ သိပြီးသွားတဲ့ ကာရံထက်သူက ပျင်းရိရိပြောသွားကာ လေးငယ်ရင်ခွင်ထဲ သွားထိုင်နေ‌သည်။ လေးငယ်ကလည်း သူငယ်ငယ့်လာတာနဲ့ ရင်ခွင်ထဲထည့်ကာ နဖူးကို ခပ်ဖွဖွနမ်းနေသည်။ ထိုမြင်ကွင်းကို ကြည့်နေရတာက နေသော်ဘုန်းသျှန်။

" ဘယ်ဘ၀က ၀ဋ်ကြွေးတွေလဲကွာ အခန်းထဲ သွားကြစမ်းပါ "

" လေးငယ် အဲ့ကောင် ငယ်ငယ်တို့ကို မနာလိုနေတာမလား "

Heart's Nearest Where stories live. Discover now