Part -22

36 2 0
                                    

{ Unicode }

" မြို့ပြအင်ဂျင်နီယာ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား "

ခန်းမအတွင်း ဟိုပြေးဒီပြေးနှင့် ယောက်ယက်ခတ်နေသည့် လူပေါင်းများစွာ။ အစားအသောက်စီစဉ်သူများက အခမ်းအနား၀င်လာသူတိုင်းကို မေဂျာအလိုက် နာမည်စာရင်းမှတ်ကာ ဒန်ပေါက်တစ်ဗူးဆီ ဝေပေးနေသည်။

အခမ်းအနားစတင်ချိန်က ကိုးနာရီမှာမှဖြစ်လို့ ကပွဲပါသူတွေက ၀တ်စုံအပြည့်ဖြစ်အောင် အဆင်သင့်ပြင်နေကြသည်။ တီးဝိုင်းအဖွဲ့တွေကလည်း အစမ်းကျင့်နေကြကာ ခန်းမအတွင်း အသံပေါင်းစုံ ဆူညံလို့နေသည်။

" ကိုရှင်း "

" အေး လင်းသစ် "

" ကျွန်တော် အဆင်ပြေရဲ့လား "

ယံရှင်း သူ့ကို လာမေးတဲ့ လင်းသစ်ကိုကြည့်လိုက်တော့ ရှမ်း၀တ်စုံကို မ၀တ်တတ်၊ ၀တ်တတ်ဖြင့် ၀တ်ထားသည်ကို တွေ့ရသည်။ ဖြူ၀င်းတဲ့အသားအရေကြောင့် မိတ်ကပ်အကူမပါသေးတာတောင် ပါးပြင်က သွေးကြောလေးတွေတောင် မြင်နေရသည်။

" ပြေတာမှ နောနော်ရဲ့ သီချင်းလိုပဲ လင်းသစ် မင်း အဖွင့်သီချင်းမလား ဖိုက်တင်း "

" ဟုတ် သွားပြီ ကိုရှင်း "

" အေးအေး "

မရှင်းပဲ အလိုလိုပြေသွားသည့် အထင်လွဲမှုတွေသည် မေတ္တာရဲ့ အောင်နိုင်ခြင်းကြောင့်ဖြစ်မည်။ လင်းသစ်လည်း ထို့နေ့နောက်ပိုင်းကတည်းက သူနဲ့ အစ်ကို့ကိုမြင်ရင် ‌မြေကြီးထဲ ခေါင်း၀င်မတတ်တောင်းပန်နေတာကြောင့် သူနဲ့ အစ်ကိုမှာ နေရခက်လာတဲ့အထိ။

အစ်ကို့ကို တွေးလိုက်မိတိုင်း သတိရစိတ်က ပြင်းပြလာသည်။ အရင်တစ်ခေါက် ဖူဆယ်ကန်ပြီးကတည်းက မတွေ့ဖြစ်တာ နှစ်ပတ်‌ကျော်ပြီဖြစ်သည်။ အရင်က နေ့စဉ် အိပ်ရာထတာကအစ ညအိပ်ရာ၀င်အဆုံးပြောပြတတ်ပေမယ့် ဒီရက်ပိုင်းတော့ အစ်ကိုနဲ့ စကားပြောဖြစ်ချိန်တောင် သိပ်မရှိ။

ကြားထဲ ပြဿနာတွေ ဖြစ်ရုံတမယ်ထိဖြစ်ခဲ့ပေမယ့် အစ်ကိုရဲ့ လေးငယ်က Moon group ရဲ့ CEO ဖြစ်နေတာကြောင့် အကုန်အဆင်ပြေခဲ့သည်။ ကိုကာရံထက်သူဘက်ကနေ စတင်လိုက်တဲ့ relationship sts ကြောင့် လေးငယ်ရဲ့ကုမ္ပဏီတွင်းမှာပါမက ယံရှင်းတို့ကျောင်းထဲထိပါ ဂယက်ပြန့်လာသည်။

Heart's Nearest Where stories live. Discover now