{ Unicode }
" စောင့်ရတာ ကြာသွားလားဗျ "
" မကြာဘူး လာထိုင် "
" အာ ကျေးဇူးပါဗျ "
ကိုကာရံက ဘောလုံးအသင်းမှာပါတဲ့ လူတစ်ချို့ကို ကန်တင်းမှာလူစုထားခိုင်းသည်။ယံရှင်းရောက်တော့ လူတော်တော်များများက ရောက်နှင့်ပြီဖြစ်သည်။ ဆူညံနေတဲ့ စကားဝိုင်းဟာ သူရောက်လာတော့ စကားဝိုင်းဟာ တိတ်ဆိတ်သွားလေသည်။
ယံရှင်း ထိုင်ခုံမှာ ထိုင်မလို့လုပ်နေတုန်း ကိုဘုန်းသျှန်က သူ့ဘေးက ထိုင်ခုံကို ထုတ်ပေးလေသည်။ယံရှင်းလည်း နေရခက်စွာပင် ထိုထိုင်ခုံမှာ ဝိုင်းထဲထိုင်လိုက်တော့ တစ်ဝိုင်းတည်းမှာ သူနဲ့ အစ်ကို နှစ်ယောက်ပဲ မဟုတ်တာကို သိလိုက်ရသည်။ မျက်စိရှေ့က ထိုင်ခုံထုတ်ပေးထားသည်ကို မမြင်ပဲ သုံးယောက်အကျော်က ကိုဘုန်းသျှန်ထုတ်ပေးလိုက်သည်ထိုင်ခုံကိုမှ ၀င်ထိုင်လိုက်မိခြင်းပင်။
" အာ ကိုကာရံ"
" ဪ ငါ့ကိုမြင်သွားပြီပဲ "
" ဗျာ ဘာကို "
" မနေ့က ကွင်းဘက် လာသေးတယ် မင်းငါ့ကိုမမြင်ဘူး "
" အာ တောင်းပန်ပါတယ်ဗျ "
" ဟော မတောင်းပန်နဲ့ ငါကစနေတာ "
" ဟုတ်ကဲ့ဗျ "
ငြိမ်သက်နေတဲ့ စကားဝိုင်းမှာ အငယ်ဖြစ်သူပီပီ ယံရှင်းက ထိုင်ခုံမှာထိုင်ရင်း တခြားလူတွေရဲ့ မျက်နှာကိုသာလိုက်ကြည့်မိနေသည်။ ထို့နောက် ကိုကာရံက တုံကင်တွေယူသွားကာ ထမင်းသွားယူလေသည်။ လူမစုံသေးတာကြောင့် စောင့်နေရင်း ကိုဘုန်းသျှန်က စကားစလာလေသည်။
" ယံရှင်း အတန်းမှန်မှန်တက်ဖြစ်လား "
" မတက်ဖြစ်ဘူးဗျ ကိုဘုန်းသျှန်ရော "
" ကိုယ်က တက်တယ် ဒါနဲ့ roll call ပြည့်တယ်လား "
" Rc ဆိုတာ ကျွန်တော့်အတွက် စိတ်မပူလည်းရတဲ့ အရာပါ ကိုဘုန်းသျှန်"
" အာ ကောင်းလိုက်တာ ကိုယ်တော့ ဒီ sem မှာ ဖြည့်နေရတယ် "
" မပြည့်ဘူးလား ကိုဘုန်းသျှန်က "
YOU ARE READING
Heart's Nearest
Fiksi RemajaTime will heal but we need a person like a home #start - 26 . 4 . 2024