Part - 16

42 2 0
                                    

ဖျက်ခနဲ ဖွင့်မိတဲ့ မျက်လုံးနဲ့ ရုတ်တရက်ထထိုင်လိုက်တဲ့ အပြုအမူကြောင့် ရင်ဘတ်ထဲမှာ တလှပ်လှပ်။ ဘုန်းသျှန် အိပ်မပျော်ခင် သူ့ရင်ဘတ်ပေါ်မှာ အိပ်နေတဲ့ ယံရှင်းသည် နိုးလာတော့မရှိတော့။ ဘုန်းသျှန်သည် အသက်၀၀ရှူသွင်းလိုက်ကာ ထိုင်လျက်သားနဲ့ ခဏ‌နေလိုက်သည်။ ထို့နောက် စားပွဲပေါ်မှာရှိတဲ့ရေဗူးကို ယူကာ တစ်၀က်နီးပါး ကုန်အောင်သောက်ပစ်လိုက်သည်။

‌တစ်နေကုန် ဘာမှမစားရသေးတဲ့ သူ့ကို အစာအိမ်က အချက်ပြနေပြီဖြစ်သည်။ ထို့ကြောင့် မျက်နှာပဲသစ်ကာ အောက်ထပ်ဆင်းလာလိုက်သည်။

" နိုးပြီလား "

" အင်း .. ကလေးရော "

" ရှေ့ခန်းမှာ ရှိမယ်ထင်တယ် မဟုတ်ရင် သောက်တဲ့အခန်းဘက်မှာရှိမှာပေါ့"

" အင်း "

ဘုန်းသျှန်‌ အောက်ထပ်ရောက်တော့ ဘယ်သူ့ကိုမှမတွေ့။ ဧည့်ခန်းဘက်သွားကြည့်တော့လည်း ဆိုဖာနဲ့ ဆက်တီခုံတွေက ရှင်းလင်းနေသည်။ ထို့ကြောင့် သူ လွန်ခဲ့တဲ့ရက်ကမှ ပစ္စည်းတွေ စုထားထားတဲ့အခန်းအဖြစ်ကနေ decoration အနည်းငယ်လုပ်ကာ လိုအပ်သည့် ပစ္စည်းအပြည့်အစုံထားထားသည့် အခန်းအဖြစ် ပြောင်းလဲသွားတဲ့ အခန်းဘက်ကို လျှောက်လာလိုက်သည်။

' ကျွီ '

အခန်းတံခါးကို ဖွင့်လိုက်တဲ့ တစ်ခဏ အခန်းထဲက အ‌အေးဓာတ်က အရိုးထဲ စိမ့်ကနဲ။ လက်ရှည်၀တ်မလာတာကြောင့် ပြန်ထွက်ယူဖို့ပြင်သော်လည်း အထဲကလူတွေ မျက်လုံးတွေက သူ့ဆီရောက်နေတာကြောင့် ခပ်တည်တည်နဲ့သာ၀င်လာလိုက်သည်။

အခန်းဖွဲ့စည်းပုံကို မပြောခင် အိမ်ရဲ့ဖွဲ့စည်းပုံကို အရင်ပြောရမည်။ ဘုန်းသျှန်ခြံက အတော်ကျယ်ကာ အိမ်ကိုတော့ ပေ ၆၀ ပတ်လည် အတိ နှစ်ထပ်တိုက်အိမ်အဖြစ် ဆောက်ထားခြင်းဖြစ်သည်။ ပေနှစ်ဆယ် ပတ်လည် အခန်းတွေဖြစ်ပြီး အိမ်အောက်ထပ်မှာ သုံးခန်း အပေါ်ထပ်မှာ လေးခန်းဖြစ်သည်။

အပေါ်ထပ် လေးခန်းမှာ တစ်ခန်းက သူနေတဲ့အခန်းဖြစ်ပြီး မျက်နှာချင်းဆိုင်အခန်းက စာကြည့်ခန်းဖြစ်သည်။ ကျန်တဲ့နှစ်ခန်းမှာတော့ လှေကားခြားပြီး တစ်ဖက်ခြမ်းမှာ ဘုန်းသျှန်ဘက်ကလိုပဲ မျက်နှာချင်းဆိုင် နှစ်ခန်းဖြစ်သည်။ တစ်ခန်းက လေးငယ်ရဲ့ အခန်းဖြစ်ပြီး နောက်တစ်ခန်းက အလွတ်ဖြစ်သည်။

Heart's Nearest Where stories live. Discover now