{ Unicode}
" ဒီနေ့ အတွက် ဒီလောက်နဲ့ပဲ ရပ်ကြတာပေါ့ "
" သွားရအောင် "
အချိန်တိကျတဲ့ ဆရာဇော်ရဲ့ အတန်းချိန်ဟာ ဘယ်တော့မှ ပျင်းဖို့မကောင်းပါ။ ဆရာဇော် တိကျတဲ့ အကြောင်းအရင်းကတော့ ကျောင်းသား ကျောင်းသူတွေက အချိန်ပြည့်ပြီဆိုတာနဲ့ အခန်းထဲက တစ်ယောက်မဟုတ် တစ်ယောက် ထွက်ဖို့ ခွင့်တောင်းခြင်း ကြောင့်ပင်။ ဆရာတပည့်ပဲ ဒီလောက်တော့ ရှိမှပေါ့လို့ ပြောလို့ရအောင် ဆရာဇော်သည် သူတို့အတန်းအား အချိန်ပြည့်တာနဲ့ အတန်းဆင်းပေးတော့သည်။
" ဘုန်းသျှန် မင်း "
" အင်း ဘာလဲ "
နေသော်ဘုန်းသျှန်ဆိုသော သူ့အား ကာရံထက်သူဆိုတဲ့ သူ့သူငယ်ချင်းဖြစ်သူက ဘုန်းသျှန်လို့သာခေါ်သည်။ ငယ်ပေါင်းကြီးဖော်ဟု ပြောရအောင်လည်း Technology University ဆိုတဲ့ ကျောင်းကို ရောက်မှ သိကြတဲ့ သူငယ်ချင်းဖြစ်သည်။ ပထမနှစ်ကနေ လေးနှစ်မြောက်ရောက်တဲ့ အထိ ဘုန်းသျှန် ရင်းနှီသူသည် ကာရံထက်သူ အပြင် တစ်ခြားလူမရှိ ။
" ဟို အကို နေသော်လားဗျ "
" အင်း "
" အင်္ဂလိပ်စာ ဆရာမက အတန်းရဲ့ tuto အဖြေလွှာတွေ လာယူဖို့ ပြောခိုင်းလိုက်လို့ဗျ "
" ဪ အေးအေး ညီလေး "
" ဟုတ် သွားခွင့်ပြုပါဦးဗျ "
ခေါင်းလေးငုံ့ပြီး နောက်တစ်လှမ်းဆုတ်ကာ သူ့သူငယ်ချင်းတွေဆီ ပါသွားတဲ့ ခေါင်းလုံးလေး။ "အခုခေတ် ဂျူနီယာတွေက ဒီလိုချစ်စရာလေးတွေပါသေးတယ်လား" လို့ပင် ကိုယ့်ကိုယ်ကိုယ် တွေးမိသွားသည်။ သူတို့တုန်းကများ ယောက်ျားလေးရော မိန်းကလေးရော ပုံတုံးတုံးကြီးတွေ မဟုတ်လား။
" တုံကင်ရပါပြီ "
ကောင်တာမှ ထွက်လာတဲ့ အသံကြောင့် ကာရံထက်သူ တစ်ယောက် ဘုန်းသျှန်ရဲ့ ပုခုံးကို ပုတ်ကာ အသိပေးလိုက်ရသည်။
တုံကင်ကောင်တာက သူ့ထက်စာရင် ဘုန်းသျှန်နှင့် ပိုနီးနေတာကြောင့်ပင်။
YOU ARE READING
Heart's Nearest
Novela JuvenilTime will heal but we need a person like a home #start - 26 . 4 . 2024