Part -17

50 3 0
                                    

ပိတ်ရက်တွေ တဖြည်းဖြည်းကုန်ဆုံးကာ ကျောင်းပြန်ဖွင့်တော့မည် ဒီဇင်ဘာလကိုပင် ရောက်ရှိနေပြီဖြစ်သည်။ လွန်ခဲ့သည့်တစ်ပတ်က အောင်စာရင်းတွေထွက်ပြီးနောက် ကျောင်းအပ်သည့် အစဉ်အလာကိုလုပ်ရသည်။ စီနီယာဖြစ်သွားသူ ပီပီ ကျောင်းအပ်လက်ခံသည့် နောက်ဆုံးရက်ကျမှ ယံရှင်းကျောင်းအပ်ဖြစ်သည်။

" ပြီးပြီလား ကလေး "

" ဟုတ် ဒါလေး ဖြည့်ပြီးရင် ပြီးပြီ "

" ပြီးရင် ကိုယ့်ကိုယ်ပေး ကိုယ် ကျောင်းသားရေးရာကို တင်ဖို့ ယူသွားလိုက်မယ် "

" ဟုတ် အဲ့ဒါဆို ကလေး ပုံနှိပ်စာအုပ်၀ယ်ဖို့ စာရင်းသွားပေးရင်း စောင့်မယ် "

" ကိုယ့်အတွက်ပါ စာရင်းပေးထားပေးပါဦး "

" ဟုတ် အစ်ကို "

အခန်းချင်းသာ ခြားသော်လည်း လူတွေပြုံနေတာမလို့ တိုးရတာမလွယ်ပါ။ ယံရှင်းသည် လူအုံနေသည်ကို ကြည့်ပြီး တစ်ခဏငြိမ်နေလိုက်သေးသည်။ သို့သော် လူအုပ်က ရှင်းမသွားပဲ ပိုရှုပ်လာတာကြောင့် ၀င်တိုးလိုက်ရသည်။

" ဒုတိယနှစ် မြို့ပြ အင်ဂျင်နီယာ နဲ့ ပဉ္စမနှစ် မြို့ပြ အင်ဂျင်နီယာအတွက် ပုံနှိပ်တစ်စုံဆီ လိုချင်လို့ပါ"

" ခုံနံပါတ်ပြော "

" 2GC-9 နဲ့ 5GC-1 ပါဗျ "

" သော်ယံရှင်း နောက်တစ်ယောက်က နေသော်ဘုန်းသျှန်လား "

" ဟုတ်ကဲ့ဗျ "

" ဒီမှာလက်မှတ်ထိုး ပြီးရင် ခဏစောင့် ပုံနှိပ်တွေ တစ်ခါတည်းယူသွား သော်ယံရှင်း "

" ဟုတ်ကဲ့ နှစ်ယောက်စာ ထိုးသွားလိုက်မယ် အစ်မ "

‌ငွေစာရင်းဆိုသည့် ဆိုင်းဘုတ်အောက်က အခန်းထဲမှာ ပုံနှိပ်တွေ ၀ယ်ရခြင်းဖြစ်သည်။ ယံရှင်းသည် သူ့ခုံနံပါတ်နှင့် အစ်ကို ခုံနံပါတ်ကိုပြောကာ လက်မှတ်ထိုးလိုက်၏။ ထို့နောက် ခဏစောင့်ကာ ပုံနှိပ်စာအုပ်တွေ သွားယူနေသည်ကို စောင့်နေလိုက်၏။

" ရပြီနော် ဟိုကလေး "

" ဟုတ်ကဲ့ဗျ ဘယ်လောက်ကျလဲမသိဘူး "

Heart's Nearest Where stories live. Discover now