Part - 20

40 3 0
                                    

" အစ်ကို "

" ဗျာ ကလေး "

" တွေ့ချင်တယ် "

" ကိုယ် ကလေး အိမ်လာခဲ့ရမလား "

" ဟုတ် ဦးထက်နိုင်တော့ရှိတယ် "

" ဒါဖြင့် ပုလင်းတစ်လုံးပါယူခဲ့မယ် "

" ယူရဲရင် ယူခဲ့လေ "

ဘုန်းသျှန် ယံရှင်းနဲ့ အပြန်အလှန်စာပို့ပြီးတဲ့နောက် ယံရှင်းအိမ်သွားရန် ရေချိုးလိုက်သည်။ ထို့နောက် ရိုးရိုးရှင်းရှင်း အနက်ရောင် တီရှပ်တစ်ထည်ထုတ်ကာ style pants အဖြူရောင်နှင့် တွဲဖက်၀တ်ဆင်လိုက်သည်။ အိမ်အောက်ထပ်ရောက်တော့ date room ထဲ ၀င်ကာ whiskey အကောင်းစားတစ်ပုလင်းကို ၀င်ယူဖို့ကလည်း မမေ့။

" သားပေါက် ခဏနေ မင်းအဖေလာလိမ့်မယ် "

" မြောင် "

" အိမ်ထဲ မဖွထားနဲ့နော် သားပေါက် "

" မြောင်....."

ဘုန်းသျှန် သားပေါက်ကို အစာခြောက်ထည့်ပေးကာ ဂိုဒေါင်ဘက် ကားထုတ်ဖို့သွားလိုက်သည်။ ထို့နောက် တစ်လှိမ့်ချင်းစထွက်တော့ အ၀င်မှာတင် လေးငယ်တို့ကားနှင့် ဆုံသည်။ ဘုန်းသျှန် မှန်အနည်းငယ် ချလိုက်တော့ တစ်ဖက်ကားကလည်း မှန်ချလာသည်။

" ကလေးဆီသွားဦးမယ် သားပေါက်ကို အစာခြောက်ကျွေးခဲ့တယ် ဂရုစိုက်လိုက်ဦး "

" အိုခေ "

လေးငယ်ကားဖြစ်ပေမယ့် ထူးထူးခြားခြား အမောင်ကာရံထက်သူ မောင်းလာလေသည်။ ပြောစရာရှိတာပြောပြီး အိမ်ရာလမ်းကနေ တစ်ဆင့် လမ်းမကြီးပေါ်တက်ကာ တစ်ဖက်မြို့အစွန်ဘက်ရှိ နှလုံးသားရဲ့ အိမ်ငယ်‌လေးဆီ မောင်းနှင်လိုက်သည်။

Ring ! Ring !

မီးပွိုင့်စောင့်နေတုန်း ၀င်လာတဲ့ ဖုန်းကြောင့် ဘုန်းသျှန် ဖုန်းကိုင်လိုက်သည်။ တစ်ဖက်ကခေါ်ဆိုသူက ယံရှင်းဖြစ်ကာ မုန့်၀ယ်လာပေးဖို့ ပြောခြင်းပင်။

" Hello "

"....."

" အင်း မီးပွိုင့်ရောက်ပြီ "

"......"

" ဟုတ်ပြီဗျာ ကိုယ်၀ယ်ခဲ့မယ် "

ဖုန်းချပြီးမကြာ အချက်ပြမီးပြကာ တစ်ဖက်ကပ်ရပ်လိုက်ပြီး တစ်ဖက်လမ်းကြောဖြစ်တဲ့ လမ်းကို အချိန်ယူကာ ပြန်ကွေ့လိုက်သည်။ ' ကလေး မနက်စာ မစားရသေးလို့ နန်းကြီးသုပ်စားချင်တယ် အစ်ကို ' ဟု ပြောလာသူကြောင့် စားနေကျ အေးရိပ် ဆိုသည့် ဆိုင်ကလေးမှာ သွား၀ယ်လိုက်သည်။

Heart's Nearest Where stories live. Discover now