မိတ်ဆက်

442 10 3
                                    

{Unicode}

ရှင်းလင်းချက်

အရင်ဦးဆုံး Shuan က မြန်မာနိုင်ငံထဲမှာပဲ နန်ဟန်ဆိုတဲ့ မြို့ကြီးတစ်မြို့ရယ်၊ နန်းဟန်နဲ့ မိုင်တစ်ရာ့ငါးဆယ်လောက် ဝေးတယ် သစ်နီဆိုတဲ့ နယ်မြို့လေးတစ်မြို့ကို ဖန်တီးလိုက်ပါတယ်။
နန်ဟန်မြို့က အကွေ့အကောက် အတက်အဆင်းများတဲ့ တောင်ပေါ်ဒေသတစ်ခုဖြစ်ပြီး ဆယ့်နှစ်နာရီမှာ အမြင့်ဆုံးအပူချိန်က 25°C က အပူဆုံးပါ။ အနိမ့်ဆုံးကတော့ 5°C ‌မလို့ အေးလွန်းချမ်းလွန်းတဲ့ မြို့ပါ။ မြို့ကြီးတစ်မြို့ဖြစ်တဲ့အပြင် လူချမ်းသာတွေများတာကြောင့် တစ်မြို့လုံးမှာ လုပ်ငန်းအပြိုင်အဆိုင်တွေပေါပါတယ်။ ရန်ပွဲဆိုတာ ဘာလဲမေးရအောင်ထိလည်း အေးချမ်းပါတယ်။

နောက်ပြီး နန်ဟန်မြို့ရဲ့မြို့စွန်မှာ သုံးလမ်းဆုံတစ်ခုရှိပါတယ်။ ထိုလမ်းခွဲမှာ တစ်လမ်းက ကလောမြို့ဘက်ကို သွားတဲ့လမ်းဖြစ်ပြီး နောက်တစ်လမ်းကတော့ နန်းဟန်ကို လာတဲ့ လမ်းပါ။ နောက်ဆုံးတစ်လမ်းကတော့ သစ်နီမြို့ဘက်ကိုသွားတဲ့လမ်းပါ။

သစ်နီနယ်မြို့လေးရဲ့ သမိုင်းကြောင်းကတော့ ရှေးလူကြီးတွေပြောစကားအရ  ကောလဟန်နိုင်ငံထဲက သစ်နီတောထဲမှာ အလည်အပတ်သွားရင်း မွေးဖွားလာတဲ့ လူတစ်ယောက်ကို အခြေပြုတယ်လို့ ဆိုကြပါတယ်။ မြစ်ဘေးမှာရှိတဲ့ ရွာလေးကနေ တစ်ဖြည်းဖြည်း မြို့ငယ်လေးအဖြစ်  တဖြည်းဖြည်းတိုးတက်လာတာပဲ ဖြစ်ပါတယ်။ နန်ဟန်ရဲ့ လမ်းဆုံကနေ လေးနာရီကျော်လောက် ခရီးနှင်ပြီးရင် လမ်းနှစ်ဘက်အပြည့်ရှိနေတဲ့ အရိပ်ရ ညောင်ပင်တန်းတွေကို တွေ့ရပါလိမ့်မယ်။ ညောင်ပင်တန်းတွေကို ကျော်ပြီး လမ်းဆုံတစ်ခုကနေ ညာဘက်ချိုးလိုက်ရင် သာယာလှပတဲ့ သစ်နီနယ်မြို့ကလေးကိုရောက်ပါပြီဗျ။

ဒါတွေ ကိုယ့်စိတ်ကူးထဲက အရာတွေမလို့ အပြင်မှာ မရှိနိုင်ပါဘူး။

" အချိန်တွေက အရာအာလုံးကို ကုစားပေးပါလိမ့်မယ် "
" ကိုယ်တို့အတွက် အိမ်နဲ့တူတဲ့ လူတစ်ယောက်က အမြဲရှိနေတယ် "
Shuan က ပြင်ပနဲ့ အနီးစပ်ဆုံးခံစားချက်နဲ့ ရေးမှာဖြစ်လို့ ‌အချို့အရာတော်တော်များများက ‌အပြင်လောကနဲ့ ထပ်တူညီတာမျိုးရှိသလို လုံး၀မတူပဲ ကွဲပြားတာမျိုးရှိပါလိမ့်မယ်။

Heart's Nearest Where stories live. Discover now