Part - 13

84 3 0
                                    

" မည်သည့်အရပ်ဒေသကိုမဆို အပိုင်စားရရှိထားပါသော ရှိရှိသမျှ အရပ်ဒေသအပေါင်းမှ ဘုံဘ၀ပေါင်းစုံတို့ခင်ဗျာ အင်္ဂါသား ကျွန်တော် သော်ယံရှင်းက ဒီနေ့ဖြေရမယ့် ဘာသာကို ကောင်းကောင်းဖြေနိုင်ပါစေလို့ ဆုတောင်းပါတယ် ဘယ်ဆုတောင်းမှ မဖြည့်ပေးရင်တောင် ဒါလေးတော့ ဖြည့်ပေးပါ မဟုတ်လည်း အားတဲ့ ဘုရားဆင်းကယ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ် ဘုရား အားလုံး ကြားကြားသမျှ အမျှ ............."

ဒီရက်ပိုင်း သူတို့အိမ်မှာ ညအချိန်မတော်ဘုရားရှိခိုးသံ ၊ မနက်စောစော ဆုတောင်းသံ တို့ ကြားနေရသည်မှာ လေးရက်လောက်ကြာပြီဖြစ်၏။ ဒီအိမ်မှာ စာနဲ့ပတ်သက်ပြီး ဆုတောင်းရတာဆိုလို့ ယံရှင်းတစ်ယောက်ပဲ ရှိသည်မဟုတ်လား။ စာလုပ်ပါဆိုတုန်းကကျ သားကရပြီးသား ရပြီးသားနဲ့ အခုဖြေလည်းဖြေရရော သူ့ဘာသူနေတဲ့ဘုရားတွေကို အကူညီလိုက်တောင်းနေတဲ့ သားငယ်က အိမ်ရဲ့ ရင်နှစ်သည်းခြားလေးပင်။

" မေမေ သားကို သပြေညွန့်ပေးဦး "

" ‌ဘာလုပ်မလို့လဲ သားရဲ့ "

" ဆယ်တန်းတုန်းကလို အိတ်ထောင်ထဲ ထည့်သွားချင်လို့ "

" ဟယ် ပေါက်ပေါက်ရှာရှာ "

" ဘာဖြစ်လဲဗျာ ပေး "

" ရော့ ရော့ သေချာဖြေခဲ့ တအားကြီးဖိအားမထားပါနဲ့ သားရယ် ပေါ့ပေါ့ပါးပါးဖြေခဲ့ပါ "

မနက်က၀ယ်လာတဲ့ သပြေပန်းစည်းထဲက သပြေညွန့် ထိပ်ပိုင်းလေး သုံးညွန့်လောက်ကို သားငယ်ရဲ့ အပေါ်လက်ရှည်အိတ်ကပ်ထဲ ထည့်ပေးရင် မှာစရာရှိတာမှာရ၏။ ဆယ်တန်းတုန်းက ‌သပြေညွန့်လေးယူသွားပါပြောရင် မလိုဘူးပြောခဲ့တာကို ဒေါ်နှင်းတို့က အတင်းထည့်‌ပေးလိုက်ရသည်။ သူတို့နိုင်ငံရဲ့ ဘ၀တစ်ဆစ်ချိုးစာမေးပွဲမှာ အိပ်လိုက်စားလိုက်ဖြေခဲ့သူက နောင်တစ်ချိန် အင်ဂျင်နီယာတစ်ယောက်ဖြစ်စေမယ့် အတန်းတင်စာမေးပွဲကို နတ်ပူးသလိုပြာနေလေ၏။ ဒေါ်နှင်း ကိုယ့်သားအဖြစ်ကိုယ် စိတ်ထဲတင်ကြိတ်ရယ်နေလိုက်၏။ တော်ကြာ သားငယ်လေးကောက်သွားမှဖြင့်။

" သားသွားပြီ မေမေ "

" အေးအေး ကောင်းကောင်းဖြေခဲ့ "

Heart's Nearest Where stories live. Discover now