Part -5

67 5 0
                                    

နောက်တစ်နေ့မနက် ညက အရှိန်ကြောင့် ဘုန်းသျှန်တစ်ယောက် ‌နည်းနည်းနေမြင့်မှနိုးလေ၏။ အိပ်ရာပေါ်မှာ ခဏထိုင်ပြီး ညက ခြုံအိပ်ခဲ့သည့် စောင်ကို သေချာခေါက်ကာ ကုတင်ပေါ်က ဆင်းလိုက်၏။ ထို့နောက် ဘေးဘက်ရှိ လိုက်ကာကို ဖွင့်လိုက်ကာ နေ့လည်ခင်း နေရောင်ခြည်ကို အခန်းတွင်း၀င်စေသည်။

အိပ်ရာထ နောက်ကျတာကြောင့် ရေတစ်ခါတည်းချိုးကာ အောက်သို့ ဆင်းလာလိုက်သည်။ ညတုန်းက ဗူးတွေ၊ပုလင်းတွေနဲ့ ရှုပ်ပွနေတဲ့ စားပွဲက အခုတော့ ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ်ပင်။ ညက မပြန်ခင် ရှင်းသွားကြတာဖြစ်မည်ဟု တွေးကာ ပေါင်မုန့်တစ်ချပ်ကို ပါးစပ်ထဲ ထည့်တာ မနက်စာကို ဖြစ်သလို ဖြေရှင်းလိုက်လေသည်။

ဒီနေ့အတွက် အချိန်ဇယားကို ကြည့်လိုက်တော့ ပိတ်ရက်ဖြစ်သည့် စနေနေ့ ဖြစ်နေသည်။ သို့သော်  Workshop နဲ့ တခြားမေဂျာဘာသာရပ်တစ်ခုက အချိန်ပိုဟုဆိုတာကြောင့် ကျောင်းသွားဖို့သာ ပြင်လိုက်သည်။  ပိတ်ရက်ကြောင့် ယူနီဖောင်း မ၀တ်တော့ပဲ အညိုရောင် တီရှပ်တစ်ထည်ကို သူ့ပင်တိုင် အနက်ရောင် style pant တစ်ထည်နဲ့ တွဲကာ ၀တ်ဆင်လိုက်သည်။

စာအုပ်အနည်းငယ်သာပါသော လွယ်အိတ်ကို Lover seat ဘက် ပစ်ထည့်ကာ ကျောင်းကိုသာ ဦးတည်လိုက်သည်။

" ဟေး နေသော်ဘုန်းသျှန် ဒီမှာ "

" အာ အိုကေ "

ကန်တင်းထဲ ထိုင်စရာ‌ရှာတော့ လက်လှမ်းပြတဲ့ ဝေယံ ။ တစ်ညတည်းသာရင်းနှီးလိုက်ပေမယ့် မသိရင် သူသည် ဝေယံ တို့အဖွဲ့နဲ့ နှစ်ရှည်လပေါင်းခင်နေတဲ့ မိတ်ဆွေလို ဖြစ်သွားသည်။ ထက်သူလည်း ရှိနေတာကြောင့် အဲ့ဝိုင်းကိုပဲ သွားဖို့ဆုံးဖြတ်လိုက်၏။

ဝေယံ ၊ဘုန်းပြည့် ၊ ညီထက် နဲ့ ကာရံထက်သူ အပြင် ထိုဝိုင်းမှာ တစ်ခြားနှစ်ယောက် ရှိနေသေးသည်။ ဘုန်းသျှန် မသိတဲ့လူနှစ်ယောက်ပင်။

" ဘုန်းသျှန် သူက ဆက်မာန် "

" ဆက်မာန် သူက ‌နေသော်ဘုန်းသျှန် "

" ဆက်မာန်ပါ "

" နေသော်ပဲ ခေါ်ပါ ရတယ် "

" ဟို‌ဘက်က ဆက်မာန်ကောင်လေး "

Heart's Nearest Where stories live. Discover now