Part -2

89 5 0
                                    

{ Unicode }

" ဟိုး ဆရာ ဘယ်ပြေးတာလဲ "

" ဟဲဟဲ "

‌လက်က နာရီကြည့်ရင်း ပြေးထွက်လာ‌တဲ့ ယံရှင်းကို သူငယ်ချင်းဖြစ်တဲ့ ဘုန်းပြည့်က လှမ်းတားသည်။ စာပေအဖွဲ့၀င်ဖြစ်တဲ့ ယံရှင်းက မြန်မာစာအချိန်မှာ ကြေငြာသွားတဲ့ သတင်းကြားပြီးကတည်းက ခြေမကိုင် လက်မကိုင်နဲ့ ပြေးထွက်သွားခြင်းပင်။

" 28 ရက်နေ့မှာ စာပေဟောပြောပွဲရှိတယ်။အဲတာကြောင့် အကြီးစီနီယာတွေနဲ့ အစည်းအဝေး‌ သေချာလုပ်ပြီး ပွဲတစ်ခုကို သေချာလုပ်ကြ" ဆိုတဲ့ စကားက ယံရှင်းကို လက်ရှိကမ္ဘာက ထွက်ပြေးချင်စိတ်ပေါက်စေသည်။

ဘာစာပေဟောပြောပွဲလဲ။ဘာမှမလုပ်ချင်လို့ ဘာမှမလုပ်ရတဲ့ အဖွဲ့အစည်းထဲ ၀င်ထားတာကို အခုမှ စာပေဟောပြောပွဲတဲ့လား ပျင်းတယ် မလုပ်ချင်ဘူး။ တကယ်ပျင်းတာ။ ပျင်းဆိုတဲ့စကားကို အပိုင်ယူထားတဲ့ သော်ယံရှင်းမျက်နှာသည် တကယ်ကို မသာမယာ။

အစဉ်အလာအရ ကျောင်းမှာ စာပေ၊ အားကစား ၊ ဂီတ ၊ နည်းပညာ စတဲ့ အဖွဲ့လိုက် activityတွေရှိပေမယ့် စာပေကတော့ တစ်ခါမှ ဦးစီးဦးဆောင်မလုပ်ဖူးပေ။ တခြားကျောင်းမှာသာ ပွဲတွေအလုပ်များတာမို့ သူတို့ကျောင်းမှာ အားကစားပွဲကိုသာ ပြုလုပ်သည်။ လူတစ်ယောက်ကိုနှစ်ခုစီ ၀င်ရတာ‌ကြောင့် ဝါသနာပါတဲ့ အားကစားနဲ့ အလုပ်သိပ်မရှိတဲ့ စာပေကို ရွေးချယ်ခဲ့ခြင်းပင်။

အခုတော့ သူပထမနှစ် စတက်တဲ့ နှစ်မှာ ပထမဆုံး ဟောပြောပွဲတစ်ခု စီစဉ်ရလေသည်။ တခြားလူတွေအတွက် ကိုယ့်ကျောင်းက ဦးဆောင်တယ်ဆိုတာက ဂုဏ်ယူစရာတစ်ခုဖြစ်ပေမယ့် လူတွေနဲ့ ကင်းကင်းနေချင်တဲ့ သူ့အတွက်ကတော့ တကယ်ကို စိတ်ပင်ပန်းစရာ။ လူတွေအများကြီးကို မြင်တွေ့ရတာ သူ့အတွက် တကယ်ကို ပင်ပန်းစေသည်။

" ကင်းကောင် ကိုကင်းကောင် "

" ဟေ "

" ကင်းကောင်ကို ကို‌နေသော်ဘုန်းသျှန်တို့က ခေါ်ခိုင်းလိုက်လို့ဗျ ဘုန်းပြည့်ရောပဲ "

" အေးအေး "

" ကန်တင်းအရှေ့ဆိုင်ကို ၁၂ နာရီခွဲကျရင် လာခဲ့ပေးပါတဲ့ "

Heart's Nearest Where stories live. Discover now