Ep1

5.5K 171 2
                                    

''လက်ထပ်မှာ.....''

''ဘယ်လို''

''ဇယ်ကြီးလာရင်အန်တီညိမ်းကိုလက်ထပ်မှာ''

ဆယ်နှစ်အရွယ်ကလေးမလေးရဲ့စကားကရယ်စရာတစက်လေးတောင်ရှိမနေခဲ့ပါ......သူကရုပ်တည်ကြီးနဲ့ပြောနေတာကိုး....

''ဘယ်လိုလုပ်ရမှာလဲ ဇယ်ရယ်....ဇယ်ကမိန်းကလေး...အန်တီညိမ်းကလည်းမိန်းကလေး
....လက်ထပ်လို့မရဘူးလေ''

''မရဘူး...လက်ထပ်မှာ...ဇယ်ကအန်တီညိမ်းနဲ့လက်ထပ်မှာ''

''ဒီကလေးနဲ့တော့ခက်ပြီ''

ညိမ်း...ဇယ့်ပါးပြင်ဖောင်းဖောင်းလေးကိုခပ်ဖွဖွဆွဲညှစ်ကာ..

''လက်ထပ်တယ်ဆိုတာကလွယ်တဲ့ကိစ္စမဟုတ်ဘူးဇယ်ရဲ့....''

''ဘာလို့မလွယ်တာလဲဟင်အန်တီညိမ်း''

''လူတစ်ယောက်နဲ့တစ်ယောက်ဘဝတစ်ခုကိုအတူတည်ဆောက်ဖို့ဆိုတာတကယ့်စိန်ခေါ်မှုကြီးဖြစ်နေလို့ပေါ့''.

ညိမ်းရဲ့စကားကိုဘယ်လိုအဓိပ္ပါယ်ကောက်လဲတော့မသိ...ဇယ်ရဲ့မျက်ဝန်းပြာပြာလေးတွေကတလက်လက်တောက်လာကာ

''တကယ်လို့ဇယ်ကတာဝန်ယူနိုင်ရင်..အန်တီညိမ်းကိုလက်ထပ်လို့ရတယ်ပေါ့နော်''

ရှင်းပြမိမှပိုဆိုးပါရောလား.....ညိမ်းနွဲ့သွယ် ရေနင်တော့နင့်စကားနဲ့နင်ထိပြီ....

''ဇယ်လက်ထပ်မှာ....ဇယ်ကတိပေးတယ်''

''ဟုတ်ပါပြီရှင်.... ဟုတ်ပါပြီ''

ဇယ်ကညိမ်းရဲ့အမကမွေးသောသမီးဖြစ်သည်......သူ့ဖခင်ကနေဒါနိုင်ငံသားကဲ့သို့ပြာလဲ့လဲ့မျက်ဝန်းတွေနဲ့ရွှေဝါရောင်ဆံပင်တွေလည်းရှိတာမို့ဇယ်ဟာကပြားရုပ်ကလေးပင်....ခပ်ဖြောင့်ဖြောင့်နှာတံ နဲ့ ခပ်ပါးပါးနှုတ်ခမ်းတို့ကလည်းအဖေဖြစ်သူဆီမှဆင်းသက်လာပုံရပါသည်

''အန်တီညိမ်း''

''ရှင်''

''ဇယ်နဲ့ဘဲလက်ထပ်ရမယ်နော်''.

''ဟုတ်ပါပြီဇယ်ရယ်''.

ဘာမဟုတ်တဲ့စကားတစ်ခွန်းကနေအစပြုခဲ့တဲ့သံယောဇဉ်ကြိုးတစ်ချောင်း...

My dearest ladyWhere stories live. Discover now