Ep3

3.2K 147 2
                                    

''မေမေ.......''.

အိမ်ရှေ့မှာကားရပ်လိုက်တာနဲ့အန်တီညိမ်းဟာအိမ်ထဲကိုအလောတကြီးဘဲပြေးဝင်သွား၏

''မေမေ.......''

''မေမေ့သမီးငယ်လေး''

ညိမ်းမှာရင်ထဲကဝမ်းနည်စိတ်တွေအကုန်လုံးကိုမေမေ့ရင်ခွင်ထဲတိုးဝင်ကာငိုချမိတော့သည်

''ရောက်လာကြပြီလား.......''

ဖေဖေကအပေါ်ထပ်ကဆင်းလာရင်းမေး၏...
အားလုံးဟာညိမ်းအပေါ်အားတုံ့အားနာဖြစ်နေကြပုံပင်...

''သမီးတို့ခရီးပန်းလာကြရောပေါ့......မာမီအခန်းပြင်ထားပေးတယ်နော်.....ညိမ်းလည်းသွားနားလိုက်တော့လေ.....''

မာမီကအခန်းပြင်ထားပေးကြောင်းပြောလျှင်

''ညိမ်းအရင်အခန်းမှာနေမယ်မမ....သူ့ကိုသာပြင်ထားတဲ့အခန်းပေးလိုက်ပါ''

''ဘာကိစ္စနဲ့အခန်းခွဲနေမှာလဲအန်တီညိမ်း''

ညိမ်းရဲ့လက်ကောက်ဝတ်ကနေဖမ်းဆွဲလိုက်တဲ့ဇယ်

''သနလို့...ရွံလို့......ရှင်းပြီလား ''

''ရှင်းတယ် သိပ်ကိုရှင်းတယ်......ပိုပြီးရှင်းသွားအောင်ထပ်ပြောလိုက်မယ်......အန်တီညိမ်းဒီညဇယ်နဲ့ဘဲအိပ်ရမယ်....''

''သမီး...ဇယ်.....လူကြီးတွေရှိနေတယ်လေကွယ်...စကားကိုကောင်းကောင်းပြောမှပေါ့''

မမကဖေဖေနဲ့မေမေကိုမျက်နှာပူ၍ကြားကဝင်တား၏...

''တောက်......''.

ညိမ်းကိုမကျေနပ်သလိုကြည့်ကာအိမ်ထဲကထွက်သွားသောဇယ်နဲ့....အပေါ်ထပ်ကိုတက်သွားသော
ညိမ်းကြောင့်ဧည့်ခန်းမှာရှိနေသောလူများသည်သက်ပြင်းကိုယ်စီချလိုက်ရပါသည်

''​ရှေ့ဆက်ဒီကလေးနှစ်ယောက်ဘယ်လိုများဖြစ်ကြအုံးမှာလဲ..  .''

''ကံဘဲပေါ့အဖေကြီးရယ်.....ကျွန်မတော့လေသမီးငယ်ကိုအရမ်းအားနာမိတယ်''

အေးချမ်းနေတဲ့ဒီမိသားစုလေးထဲကိုဝင်လာခဲ့တဲ့အပူလှိုင်းဟာသိပ်ကိုပျင်းလွန်းပါသည်...

Window Restaurant

''တောက်....ငါကွာ....''

ဆိုင်ရဲ့ kitckenထဲမှာဟင်းပွဲတွေချက်ပြုတ်ရင်းဒေါသကိုပေါက်ကွဲနေသောဟာ....ဒီဆိုင်ရဲ့ chief တစ်​ဖြစ်လည်းဆိုင်ရှင်လည်းဖြစ်တဲ့..သံဇယ်လွင်ပါဘဲ....

My dearest ladyWhere stories live. Discover now