Ep10

2.6K 120 7
                                    

operation အခန်းရှေ့မှာဇယ်ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းပါးစပ်ကလည်းရသမျှဘုရားစာကိုတဖွဖွရွတ်နေမိသည်....
အန်တီညိမ်းခွဲခန်းထဲဝင်သွားတာ၄နာရီလောက်ရှိနေပြီဆိုပေမဲ့အခုထိဘယ်သူမှထွက်မလာသေးပါ

ဒေါ်ကြီးမြိုင်ကတော့ခုံတန်းလေးမှာထိုင်ရင်းပုတီးစိပ်နေသလိုဉီးလေးဝင်းကလည်းတတ်သလောက်မှတ်သလောက်ဘုရားစာကိုရွတ်နေ၏

အရှင်ဘုရား....အန်တီညိမ်းနဲ့သားလေးကိုကယ်ပေးပါဘုရား..........မဟုတ်ရင်တပည့်တော်မရင်ကွဲရပါလိမ့်မယ်

ခွဲစိပ်ခန်းတံခါးရှေ့မှာရပ်ရင်းဇယ့်ခမျာဘုရားထံဆုမတောင်းစဖူးဆုတွေပါတောင်းနေမိသည်....
ဇယ် စိတ်ကူးခဲ့တဲ့ကိုယ်ပိုင်မိသားစုဘဝလေးတွက်အန်တီညိမ်းဟာခွဲခန်းမှာသေမင်းနဲ့စစ်ခင်းနေရပြီ...

''သမီး....ဇယ်ဇယ်''

ငိုသံကြီးနဲ့အော်ခေါ်ကာရောက်လာတဲ့မာမီ့ကိုမြင်တာနဲ့ဇယ်ဟာငိုပြဖို့လူကြီးတွေ့သွားတဲ့ကလေးလိုဘဲမာမီ့ရင်ခွင်ထဲဝင်ကာငိုချပစ်တော့သည်

''ဇယ်ကြောက်တယ်မာမီ.....အန်တီညိမ်းနဲ့ကလေးသာတစ်ခုခုဖြစ်သွားရင်...ဇယ်ရင်မဆိုင်ရဲဘူး...''

''စိတ်ကိုအေးအေးထားနော်သမီး.....ညိမ်းရောကလေးရောဘာမှမဖြစ်ဘူးနော်....''

''ဇယ် ကာကွယ်မပေးနိုင်ခဲ့ဘူးမာမီ......''

ဒေါ်ဖယောင်းသွယ်မှာသတင်းကြားကြားချင်းရန်ကုန်ကနေအလောတကြီးဆင်းလာခဲ့တာဖြစ်သည်
ရန်ကုန်မှာကျန်ခဲ့တဲ့မိဘတွေကလည်းညိမ်းတွက်စိုးရိမ်နေတာကြောင့်တစ်ခုခုဆိုဖုန်းလှမ်းဆက်ဖို့တဖွဖွမှာလိုက်ကြသည်

''ညိမ်းရောကလေးရောအန္တရာယ်ကင်းမှာပါသမီးရယ်...နော်.......စိတ်ကိုအေးအေးထား ''

သမီးဖြစ်သူကိုနှစ်သိမ့်ပေးရင်း...ညိမ်းနဲ့ကလေးတွက်လည်းပူပန်ရပြန်ပါသည်.....

operation အခန်းရှေ့မှာရှိနေတဲ့လူတိုင်းဟာဘုရားစာကိုတဖွဖွရွတ်ရင်းတံခါးပွင့်လာမဲ့အချိန်ကိုစောင့်နေကြ၏

''ကျွီ''

တံခါးပွင့်သွားပြီးအထဲကနေဖန်ပေါင်းချောင်လေးတစ်ခုကိုသူနာပြုဆရာမလေးကတွန်းထုတ်လာ၏

My dearest ladyWhere stories live. Discover now