Ep11

1.3K 90 10
                                    


2 months later

''မာမီ့သားကစကားတွေပြောချင်နေတာလား''

''အဲ့အဲ့....''

လက်ထဲမှာပွေ့ထားတဲ့၂လသားလေးကတအဲ့အဲ့အသံပြုကာဇယ့်ကိုအသဲယားအောင်လုပ်နေ၏

'ပြောပါအုံး....သားကမေမေနဲ့တူတာလားမာမီနဲ့တူတာလား''

အရေးပေါ်ခန်းထဲမှာ၃ပတ်နီးပါးနေပြီးမှခက်ခက်ခဲခဲအသက်လုထားရတဲ့ကလေးမို့သားကိုတစ်အိမ်လုံးကသဲသဲလှုပ်ကြပါသည်..

''ဂူး......''

ခါတိုင်းအိမ်ပြန်လာချိန်တွေမှာအန်တီည်ိမ်းသာရှိပေမဲ့အခုတော့သားပါရှိနေပြီဆိုတော့သံဇယ်လွင်တို့အရင်ကထက်အိမ်ကိုစောပြန်နေတာမဆန်းပါဘူး..

''ဇယ်ရေ...သားကိုအထဲခေါ်လာတော့...အိပ်ရမဲ့အချိန်ရောက်နေပြီ''.

ညိမ်း..သားရဲ့အနှီးပိုင်းလေးတွေကိုသေချာခေါက်ကာဗီရိုထဲထည့်ရင်းအပြင်မှာသားနဲ့ဆော့နေသော
ဇယ့်ကိုလှမ်းခေါ်လိုက်ရသည်
သားကညိမ်းထက်စာရင်သူ့မာမီလက်ပေါ်မှာပိုကြိုက်ပါသည်.......ဇယ်ကလည်းသားကိုဆိုမျက်နှာတစ်ချက်မငြိုးစေတာမို့သားကကဲကဲမာမီကသဲသဲဖြစ်နေ၏

''လာပါပြီဗျာ.....လာပါပြီ''

မွေးစက၄ပေါင်ဘဲရှိတဲ့သားက...နို့မှုန့်တလှည့်မိခင်နို့တလှည့်တိုက်ရင်းနဲ့အခုဆို၆ပေါင်ပြည့်သွားလေပြီ

'ဒီကိုပေး...အိပ်ခါနီးအနှီးလဲပေးရအုံးမယ်''

ညိမ်းလက်ထဲရောက်လာတာတောင်သားကဘေးကသူ့မာမီ့ကိုသာတမော့မော့ဖြစ်နေ၏
သားရဲ့ဆံပင်တွေကညိမ်းလိုအနက်ရောင်ဆိုပေမဲ့မျက်ဝန်းလေးတွေကတော့သူ့မာမီလိုအပြာရောင်လေးတွေဖြစ်သည်
နှာတံနဲ့မျက်ခုံးတွေကလည်းသူ့မာမီအတိုင်းမို့သားကဇယ်နဲ့ပိုတူတယ်လို့တောင်ပြောလို့ရသည်

''မနက်ဖြန်မော်လမြိုင်ဆင်းမှာဆို..လီယံလာပို့သွားတဲ့စာရင်းတွေတော့အိတ်ထဲထည့်ထားပြီးပြီ....တခြားလိုတာရှိသေးလားကြည့်လိုက်အုံး''

''အန်တီညိမ်းပြင်ပေးတာဆိုဘာမှမလိုဘူး...အားလုံးကွက်တိ''

သားကိုဒိုက်ဘာလဲပေးပြီးတာနဲ့အသင့်ဖျော်ထားတဲ့နို့ဘူးလေးတိုက်ကာချီရင်းအခန်းထဲလမ်းလျောက်ကာချော့သိပ်ရ၏
သားကအဲ့လိုမသိပ့်ရင်မအိပ်ဘဲဂျီကျတတ်သည်
ကျန်တဲ့ချိန်တွေသူ့မာမီနားကပ်ချင်ကပ်မည်.အိပ်ချိန်ကတော့ညိမ်းကလွဲလို့ဘယ်သူမှချီလို့မရပေ

My dearest ladyWhere stories live. Discover now