Ep-15

2.5K 122 4
                                    


''အကြာကြီးနေမှအန်တီညိမ်းနဲ့အပြင်ထွက်ရလို့လားမသိဘူး. .အရမ်းပျော်ဖို့ကောင်းတယ်''

သားကိုတွန်းလှည်းလေးနဲ့ထည့်တွန်းကာနှစ်ယောက်သားမရောက်တာကြာပြီဖြစ်တဲ့ပန်းခြံကိုရောက်လာကြသည်

''ထောပတ်သီးလေး..  ဘယ်လိုနေလဲ...ကောင်မလေးတွေကိုငမ်းရတာ...''

သွားရည်ခံနဲ့လူပျိုလုပ်နေတဲ့အမောင်ထောပတ်သီးကသူ့ရှေ့ကဖြတ်သွားသမျှအကုန်လုံးကိုကုန်းကုန်းကွကွနဲ့လိုက်ကြည့်နေ၏

''ဒီမှာထိုင်ရအောင်အန်တီညိမ်း''

ပန်းခြံထဲကလူရှင်းတဲ့ထိုင်ခုံလေးမှာနှစ်ယောက်သားဝင်ထိုင်လိုက်သည်

''အန်တီ မင်းကိုချစ်တယ် ''

''ဇယ်လည်းအန်တီ့ကိုချစ်တယ်''

ညိမ်းကဇယ့်ပခုံးပေါ်မှ်ိီချလိုက်ရင်း

''အန်တီ့တွက်မိသားစုလေးပေးလို့ကျေးဇူးဘဲ''

''တကယ်တော့အန်တီကမှဇယ့်ကိုမိသားစုလေးပေးခဲ့တာပါ......ထောပတ်သီးလေးကိုအသက်နဲ့ရင်းပြီးအန်တီမွေးပေးခဲ့တာ..... .''

ဇယ်ကညိမ်းရဲ့နဖူးလေးကိုဖွဖွလေးနမ်း၏

''အဲ့.......''

အမေနှစ်ယောက်သာယာပြီဆိုအမောင်ထောပတ်သီးတို့သာသနာဖျက်ပါပြီ...

''ရှူးရှူးတွေပေါက်ထားတာဘဲကွ......အန်တီ
ညိမ်း..​ဘောင်းဘအပိုပါတယ်မလား...''

''ပါတယ်ဇယ်.....''

''ဇယ် သွားလဲပေးလိုက်မယ်......''

ဇယ်ကသားကိုချီကာ​ဘောင်းဘီလဲပေးဖို့ပန်းခြံကသန့်စင်ခန်းဘက်လျှောက်သွားသည်

''ဒေါ်ညိမ်းနွဲ့သွယ်ဟုတ်ပါတယ်နော်''

ရုတ်တရက်အနားကိုရောက်လာတဲ့သူ

''ဟုတ်ပါတယ်.. ဒါနဲ့ရှင်က.....''

ခါးနောက်ကနေလာထောက်တဲ့ဓားကြောင့်ညိမ်းမှာဘာပြန်ပြောရမှန်းမသိချိန်မှာဘဲ...

''ကောင်းကောင်းမွန်မွန်လိုက်ခဲ့ပါ....မဟုတ်ရင်ခင်ဗျားတစ်ခါထဲဘဝကူးသွားမယ်''

My dearest ladyWhere stories live. Discover now