Ep7

3.9K 137 10
                                    

[ဒီအခန်းမှာရေးထားတဲ့အကြောင်းအရာတွေကသာသာ့ရဲ့စိတ်ကူးတွေချည်းဖြစ်ပါတယ်နော်..စိတ်ကူးယဉ်ပြီးရေးထားတာမလို့လက်တွေ့နဲ့ကွဲလွဲနေမှာပါ.ဒီထဲကအကြောင်းရာတွေကအပြင်မှာလုံးဝမရှိပါဘူးနော်]
.....................................................................

ဒီနေ့တော့ဇယ်ကမနက်အစောကြီးထဲကမြို့ထဲကိုထွက်သွားတာကြောင့်တစ်ယောက်ထဲပျင်းနေသောညိမ်းမှာဒေါ်ကြီးမြိုင်ဟင်းချက်ရာမီးဖိုချောင်ထဲလိုက်ဝင်ကာဟင်းရွက်ကူခြွေရင်းစကားပြောဖော်လုပ်နေ၏

ဘာလိုလိုနဲ့ညိမ်းတို့မော်လမြိုင်ရောက်တာတောင်တစ်လကျော်တော့မည်......
မပြန်ဖြစ်ရတဲ့အကြောင်းရင်းကတော့ဇယ်ကကမ်းနားလမ်းမှာစားသောက်ဆိုင်ဖွင့်ဖို့စီစဉ်နေတာကြောင့်ပင်...

''ညိမ်းရေ..ဒေါ်ကြီးကိုရေခဲသေတ္တာထဲကခရမ်းချဉ်သီးတွေယူပေးပါအုံး''

''ဟုတ်ဒေါ်ကြီး''

ရေခဲသေတ္တာကိုဖွင့်ကာခရမ်းချဉ်သီးတွေယူရင်း
ညိမ်းရဲ့အာရုံကိုဖမ်းစားသွားတာကထောပတ်သီးတွေဖြစ်၏.

''ဒေါ်ကြီး... ဒီထောပတ်သီးကဘယ်သူဝယ်လာတာလဲ''

ဒေါ်ကြီးမြိုင်ကဟင်းအိုးမွှေရင်း

''ဇယ်ဝယ်လာတာညိမ်းရေ....သူစားချင်လို့တဲ့...ဒေါ်ကြီးကိုတောင်ညနေကျဖျော်ထားပေးဖို့မှာသွားတယ်''

ဟုတ်သားဘဲ...အဲ့ဒီအမြင်ကပ်စရာသတ္တဝါလေးကငယ်ငယ်ထဲကထောပတ်သီးဆိုအန်ထွက်တဲ့အထိစားတာ....

'ဒေါ်ကြီး...ညိမ်းကိုပန်းကန်လေးတစ်လုံးနဲ့ဇွန်းလေးပေးပါ''

''ဘာလုပ်မလို့လဲညိမ်းရဲ့''

''ထောပတ်သီးစားမလို့လေ''

အမှန်တော့ညိမ်းကထောပတ်သီးဆိုအနံ့တောင်ခံမရတဲ့သူပါ....ဒါပေမဲ့...အခုက...ဇယ့်ကိုအမြင်ကပ်နေလို့ထင်ပါရဲ့....တအားတွေစားချင်နေ၏

''ငါအကုန်စားပစ်မယ်...တစ်လုံးမှကိုမချန်ထားပေးဘူး''

ထောပတ်သီးတွေကိုအခွံတွေခွာ..အစေ့တွေဖယ်ပြီးဇွန်းနဲ့ချေလို့ရရုံအတုံးလေးတွေလှီးကာပန်းကန်ထဲထည့်...နို့ဆီလေးဆမ်းလိုက်တော့လည်းသွားရည်ယိုချင်စရာလေးပင်

My dearest ladyWhere stories live. Discover now