Ep6

3.4K 126 1
                                    

'အထုပ်တွေကဒါအကုန်ဘဲလားတူမကြီး''

ခြံစောင့်ဉီးလေးဝင်းကကားပေါ်ကအထုပ်တွေကူသယ်ပေးရင်းမေးတာကြောင့်

''ဟုတ်တယ်ဉီးလေး..ဒါအကုန်ဘဲ''

ဖိုးဖိုးရဲ့စီမံမှုကြောင့် ဇယ်နဲ့အန်တီညိမ်း...မော်လမြိုင်ကဖိုးဖိုးပိုင်တဲ့ဒီအိမ်ကိုရောက်လာခဲ့ရခြင်းပါ...
ဇယ်ငယ်ငယ်ကဒီခြံထဲခဏခဏရောက်ဖူးပေမဲ့ ကနေဒါကိုပြောင်းပြီးတဲ့နောက်ဒါကပထမဆုံးအကြိမ်ပြန်ရောက်ဖူးခြင်းပါ..

''ဇယ်ဇယ်ကတအားရုပ်ပြောင်းသွားတယ်နော်
ညိမ်း...ဒေါ်ကြီးဖြင့်မနည်းရုပ်ဖမ်းယူရတယ်''

ဉီးလေးဝင်းရဲ့မိန်းမဒေါ်ကြီးမြိုင်ကညိမ်းနဲ့အတူအိပ်ယာခင်းတွေကူစွပ်ပေးရင်းအပြင်ဘက်မှာအထုပ်တွေနေရာချသောဇယ့်ကိုကြည့်ကာလှမ်းပြော၏

''ဒါနဲ့...ညိမ်းတို့ကဒီမှာဘယ်လောက်နေမှာလဲ....ရောက်တုန်းရောက်ခိုက် ကြာကြာလေးနေသွားနော်''

''ဟုတ်ဒေါ်ကြီး...ညိမ်းတို့ဒီမှာကြာကြာနေမှာပါ''

ထိုအခိုက်မှာဘဲဇယ်ကအခန်းထဲဝင်လာပြီး

''ဒေါ်ကြီးနားလို့ရပါပြီ...ကျန်တာတွေ..ဇယ်ဘဲကူလုပ်လိုက်ပါ့မယ်''

''အေးအေး...ဒါဆိုလည်းလိုတာရှိရင်ဒေါ်ကြီးကိုခေါ်နော်''.

''ဟုတ်ကဲ့''

ဒေါ်ကြီးမြိုင်အပြင်ထွက်သွားတာနဲ့ဇယ်ကမွေ့ယာပေါ်ခြေပစ်လက်ပစ်အိပ်ချတော့သည်

''ပင်ပန်းလိုက်တာကွာ....''

ညိမ်းအိပ်ယာခင်းလဲနေတာမြင်မြင်ကြီးနဲ့တမင်လုပ်တာကြောင့်ဒေါပွကာ

''ဒီမယ်...သံဇယ်လွင်''.

''ဗျာဗျအန်တီညိမ်း''

''အိပ်ယာခင်းလဲနေတာမမြင်ဘူးလား''

''မြင်တယ်လေ ''.

''မြင်ရင်ဖယ်လေ''

''ဖယ်စေချင်တာလား......ဒါဆိုအာဘွားပေး''

''မင်းတော့......''

ဇယ်...အန်တီညိမ်းကိုင်ထားတဲ့အိပ်ယာခင်းစကိုအားနဲ့လှမ်းဆွဲတော့အန်တီညိမ်းပါဟန်ချက်ပျက်ပြီးအိပ်ယာပေါ်ကျလေသည်

My dearest ladyWhere stories live. Discover now