Ep8

3.2K 146 6
                                    

''ကလေးအင်္ကျီတွေကတော်ပြီလေ.....မသိရင်ကလေးကအဲ့တာတွေဘဲတစ်သက်လုံးဝတ်မှာကျနေတာဘဲ....''

တွန်းလှည်းထဲကလေးအင်္ကျီအရောင်စုံကိုကောက်
ထည့်နေသောဇယ်ကညိမ်းပြောလိုက်မှတော်တော့သည်....မပြောလို့လဲမရပေ
ဗိုက်ထဲကတစ်လသားလေးတွက်ဝယ်ထားတဲ့ပစ္စည်းတွေကမနည်းမနောမို့ပြောမှဖြစ်တော့မည်

''အင်္ကျီလေးတွေကအရမ်းချစ်စရာကောင်းနေလို့ပါအန်တီညိမ်းရဲ့.....''

''ဒီမယ်...မင်းကလေးကအခုမှဗိုက်ထဲရောက်ကာစဘဲရှိသေးတာ.....ဝယ်နေတာကတက္ကသိုလ်တက်တဲ့အထိဖြစ်နေပြီ''

ဒီနေ့ညိမ်းကိုယ်ဝန်ကိုဆရာဝန်မကြီးနဲ့သွားထပ်ပြရင်းအပြန်မှာစျေးဝယ်ရအောင်တဂျီဂျီနဲ့ပူဆာလာတဲ့အမြင်ကပ်စရာသတ္တဝါသံဇယ်လွင်ကြောင့်Oceanကိုဝင်ကာစျေးဝယ်ထွက်ရခြင်းပါ...

''အန်တီညိမ်းကလည်း''

''အင်္ကျီတွေထပ်မဝယ်နဲ့တော့......''

''ဟုတ်''

စိမ်းပြာရောင်ခပ်ပွပွလက်ဇကအင်္ကျီလေးကိုအနက်ရောင်ဗြောင်ထဘီနဲ့တွဲဝတ်ထားတဲ့အန်တီညိမ်းရဲ့ခါးလေးကိုဖက်ရင်းတွန်းလှည်းလေးတွန်းကာစျေးဝယ်ရတဲ့ခံစားချက်ကဇယ့်တွက်နတ်ပြည်ရောက်သွားသည့်အတိုင်းပင်......

''ပန်းသီးနဲ့ထောပတ်သီးဝယ်ရအောင်.....''

''အန်တီညိမ်းစားချင်လို့လား...ဒါဆိုဝယ်လိုက်မယ်လေ''

''အင်း...ဝယ်လိုက်.....မုန်လာဉနီလေးပါနည်းနည်းဝယ်''

ညိမ်းရဲ့စကားအတိုင်းမုန်လာဉနီတွေကိုတွန်းလှည်းထဲထည့်နေသောဇယ်ကသေချာကြည့်လေအနောက်တိုင်းသူနဲ့တူ​လေဘဲမို့ညိမ်းမှာငေးနေမိပါသည်
ရွှေအိုရောင်ဆံပင်ကုပ်ဝဲက ပခုံးပေါ်ဝဲကျနေကာ..
ကြယ်သီးအစေ့မတပ်ထားသောကြက်သွေးရောင်ရှပ်အင်္ကျီကြောင့် ညှပ်ရိုးနှစ်ချောင်းမှာအထင်းသားမြင်နေရ၏

''ဇယ်ကအဲ့လောက်ထိတောင်ဆွဲဆောင်မှုအားကောင်းတာလားအန်တီညိမ်း''

ခိုးကြည့်တာလူမိသွားတာမို့ ရှက်ပြီးတဖက်သို့လှည့်သွားသောအန်တီညိမ်းရဲ့ပုံစံလေးကသိပ်ပြီးချစ်စရာကောင်းလွန်း၏

My dearest ladyWhere stories live. Discover now