Ep14

1.9K 106 2
                                    

'ရှင်ရောက်လာပြီလား.......''

အခန်းတံခါးဖွင့်သံကြောင့် ဒေဝီလှည့်ကြည့်လိုက်ချိန်မှာတော့ဝင်လာသူကလင်းသူရိန်မဟုတ်တဲ့မျက်နှာစိမ်းတစ်ဉီးသာ.....

''ဟင်....ရှင်ဘယ်သူလဲ.......''

''ငါဘယ်သူလဲမင်းသိဖို့မလိုဘူး....''

ထိုလူကခါးကြားထဲကငွေရောင်လက်နေသောဓားမြှောင်ကိုဆွဲထုတ်ကာ..

🗡ဇွပ်

ရုတ်တရက်မို့ရှောင်ချိန်မရလိုက်သောဒေဝီ့ရင်ဝမှာဓားမြှောင်ကထိုးစိုက်သွား၏

''အား.......ရှင်......ရှင်.....''

ချက်ကောင်းကိုရွေးထိုးခံလိုက်ရတာကြောင့်​ဒေဝီမှာနေရာမှာတင်ပွဲချင်းပွဲဆုံးသွားတော့သည်

ဒေဝီအသက်မရှိတော့တာအတည်ပြုပြီးသည်နှင့်ထိုလူကအိတ်ကပ်ထဲကဖုန်းကိုထုတ်ကာတစ်ယောက်ယောက်ကိုဆက်လေသည်

''ဆရာ...ကျွန်တော်ရှင်းလိုက်ပြီ''

''အေးအေး....အဲ့ကောင်မဆီကသက်သေကိုရအောင်ရှာပြီးယူခဲ့......ပြီးတော့...အဲ့ကောင်မဆီနောက်တစ်ယောက်လာလိမ့်မယ်......သူ့ကိုတရားခံလုပ်ပစ်လိုက်ကွာ......''

''ဟုတ်ကဲ့ပါဆရာ''

ထိုလူကဒေဝီ့အခန်းကိုမွှေနှောက်ရှာဖွေနေချိန်မှာဘဲအသံတစ်သံကအခန်းဝကနေထွက်လာလေသည်

'''ဒေဝီ......ဒေဝီ...''

နောက်ထပ်ရောက်လာသူက.....ဇယ်

''တံခါးကပွင့်နေတာဘဲ........''

ဇယ်...အထဲကိုဝင်လာချိန်မှာတော့ ဒေဝီကကြမ်းပေါ်လဲကျနေကာသွေးတွေကမြင်မကောင်းအောင်ပေပွနေသည်

''​ဒေဝီ...........ဒေဝီ.........''.

ဇယ်လှုပ်နှိုးသော်လည်းဒေဝီကအသက်မရှိတော့ပါ..

''ဒိမ်း...''

အနောက်ကနေတစ်ယောက်ယောက်ကဇယ့်ကိုရိုက်လိုက်တာမို့ဇယ်လည်းနေရာမှာတင်သတ်လစ်သွားတော့သည်

...........................................................

''သမီးငယ်....မြေးကငိုလှချည်လား....နေများမကောင်းလို့လားကွယ်''

My dearest ladyWhere stories live. Discover now