Goodbye

3K 151 6
                                    

3years later

လင်းသူရိန်ကလည်းသူကျုးလွန်ခဲ့တဲ့အပြစ်တွေအတွက်တရားဉပဒေရဲ့အဆုံးအမကိုခံယူနေရပြီဖြစ်သလို...ဇယ်နဲ့ညိမ်းရဘဝလေးကလည်းပိုပြီးအေးချမ်းသွားခဲ့သည်

'ချော်လဲမယ်သားရေ...မပြေးရဘူးလေ ''

''ဘုတ်...''

ညိမ်းစကားတောင်မဆုံးသေးဘူး..အမောင်ထောပတ်သီးတို့မှောက်ရက်နဲ့ဖားဖမ်းလိုက်ပါပြီ

''အီး.....မေမေ့.....အင့်.....နာနာ.....''

နီရဲသွားတဲ့သူ့ဒူးခေါင်းလေးကိုလက်ညိုးထိုးကာငိုပြနေတာကတကယ့်ကိုသံဇယ်လွင်ရဲ့သားပီသပါပေတယ်....

''မေမေပြောသားဘဲ...မပြေးပါနဲ့ဆိုတာ...ထောပတ်သီးကစကားမှနားမထောင်တာ...''

''အုံဖွပေးမေမေ့''

ညိမ်းလည်းသားရဲ့ဒူးခေါင်းကိုပွတ်ကာ

''အုံဖွ...အုံဖွ...အုံဖွ......ကဲ..နှပ်တွေလည်းထွက်ကုန်ပြီမေ့သားရယ်......လာလာ..မေမေသုတ်ပေးမယ်''

သားကိုပေါင်ပေါ်ချီတင်ကာနှပ်တွေသုတ်ပေးနေခိုက်မမကအပေါ်ထပ်ကဆင်းလာကာ

''ခုနကငါ့မြေးငိုသံကြားလိုက်တယ်ညိမ်း...ဘာဖြစ်လို့လဲ ''

''ထုံးစံတိုင်းပေါ့မမရယ်....မပြေးပါနဲ့ဆိုတာပြေးတော့ချော်လဲတာပေါ့........''

''ဖွားဖွား......နာနာ...''

''လာပါအုံးဖွားဖွားဆီ.... ငါ့မြေးကိုအုံဖွလုပ်ပေးရအောင်''

မအေကိုကပ်ချွဲပြီးတာနဲ့အမောင်ထောပတ်သီးတို့ကအဖွားနားကပ်ပြန်သည်...

''ဒါနဲ့ညိမ်းဒီနေ့အိုဂျီနဲ့ပြရမှာမလား''

''မမသမီးကိုစောင့်နေတာ....ဘာတွေလုပ်နေလို့အခုထိပြန်မရောက်သေးတာလဲမသိဘူး....စောစောပြန်လာပါလို့မှာလိုက်တာကို......တကယ်ဘဲ...''

''စိတ်ကိုလျော့ပါညိမ်းရယ်...ဗိုက်ထဲကငါ့မြေးမျက်လုံးပြူးနေပါအုံးမယ်......''

''ပြူးလည်းမတတ်နိုင်တော့ဘူး....တကယ်...၄နာရီအရောက်ပြန်လာပါဆိုတာ၄နာရီခွဲနေပြီ....''

''တီတီ......''

ကားဟွန်းသံကြောင့်ညိမ်းရဲ့အကြည့်တွေကအိမ်ရှေ့ကိုရောက်သွားသည်

You've reached the end of published parts.

⏰ Last updated: Oct 01 ⏰

Add this story to your Library to get notified about new parts!

My dearest ladyWhere stories live. Discover now