'HDတင်တဲ့accountကိုတွေ့ထားပြီးပြီဇယ်....မင်းဘာလုပ်ချင်လဲ''
''တရားစွဲမယ်........အန်တီညိမ်းရဲ့သိက္ခာကိုထိပါးလာတဲ့အတွက်ငါလုံးဝသည်းခံမှာမဟုတ်ဘူး....မင်းအမှုဖွင့်လိုက်တော့...ငါမနက်ဖြန်ဘဲရန်ကုန်ကိုတက်လာခဲ့မယ်''
''အဲ့accountပိုင်ရှင်ကိုရောမင်းသိချင်လားဇယ်''
''ဘယ်သူမို့လို့လဲ''
''ဒေဝီ''
''ဘာ........''
''မင်းသူ့ကိုသေချာကိုင်တွယ်ဖို့လိုနေပြီဇယ်''
''ငါသူ့ကိုနောက်မှတွေ့ကြည့်လိုက်မယ်..အခုတော့မင်းငါပြောသလိုအမှုဖွင့်လိုက်......အဲ့တာမှနောက်ကွယ်မှာဒေဝီအပြင်ဘယ်သူရှိသေးလဲသိရမှာ''
''ok bro..ငါအကုန်လုံးလုပ်ထားလိုက်မယ်''
HDမှာAIနဲ့လုပ်ထားတာသာဖြစ်သော်လည်းလူတော်တော်များများကယုံသွားတာကြောင့်ဇယ်တို့ဘက်ကမနည်းလိုက်ရှင်းလိုက်ရသေးသည်....
ဘာရည်ရွယ်ချက်နဲ့တင်လိုက်တာလဲမသိပေမဲ့တင်တဲ့သူကိုတွေ့တဲ့နေရာမှာရိုက်သတ်ပစ်လိုက်ချင်သည်..''ဇယ်....အိပ်မယ်လေ....''
အန်တီညိမ်းရဲ့ခေါ်သံကြောင့်ဇယ်..ဖုန်းကိုစားပွဲပေါ်ပစ်တင်ကာ အခန်းထဲဝင်လာခဲ့လိုက်သည်
ညအိပ်ရင်ဂါဝန်ခပ်ပွပွလေးတွေဝတ်အိပ်တဲ့အန်တီညိမ်းကအခုလည်းအပြာရောင်ဂါဝန်လေးနဲ့မို့မျက်လုံးထဲအေးသွားအောင်လှနေ၏
''ထောပတ်သီးလေးအားရှိအောင်နွားနို့သောက်ပြီးပြီလားအန်တီညိမ်း''
''အင်း..သောက်ပြီးပြီ...''
''ငါးကြီးဆီရောလား''
''သောက်ပြီးပါပြီဆို......မနည်းမျိုချခဲ့ရတာနော်....ငါးကြီးဆီသောက်တာလွယ်တယ်များထင်နေလား''
နှာခေါင်းလေးရှုံ့ကာပြောလာတဲ့အန်တီညိမ်းရဲ့ပါးပြင်လေးကိုဇယ်နမ်းလိုက်ပြီး
''ဆုချတာနော်....ထောပတ်သီးလေးရဲ့မေမေကတော်လို့''
''ဟွန့်.....''
ဇယ်ကညိမ်းရဲ့ဗိုက်နားကပ်ကာသူလုပ်နေကြအကျင့်အတိုင်းကလေးကိုနားဒုက္ခပေးပါတော့သည်
YOU ARE READING
My dearest lady
Horror''အဆုံးရှုံးမခံနိုင်လွန်းလို့အပိုင်သိမ်းမိခဲ့တာပါအန်တီညိမ်း...အဲ့တွက်လည်း. ဇယ့်ဘဝတစ်ခုလုံးမှာအန်တီညိမ်းကိုစိတ်ချမ်းသာအောင်ထားမှာပါ...'' သံဇယ်လွင် ''မင်းကိုမုန်းချင်လိုက်တာဇယ်ရယ်.....ဒါပေမဲ့...မုန်းလို့မရဘူးကွယ်'' ညိမ်းနွဲ့သွယ်