'ဟယ်...ဇယ်.....''
မေပိုင်ကအိမ်ထဲဝင်လာတဲ့ဇယ့်ကိုတွေ့တာနဲ့ဝမ်းသာအားရလာပြေးဖက်လေသည်
''ငါကနင်မလာဘူးတောင်ထင်နေတာ''
''ဆိုင်မှာဧည့်သည်ကုန်တဲ့အထိစောင့်နေရလို့နောက်ကျသွားတာ.......ဒါနဲ့အန်ကယ်တို့ရော,.''
''ဖေဖေနဲ့မေမေကဖားအောက်မှာတရားသွားထိုင်ကြတယ်......မနက်ဖြန်မှပြန်ရောက်မှာ........''
''ဒါဆိုနင်တစ်ယောက်ထဲပေါ့......''
''ငါ့ညီမလေးရှိပါသေးတယ်ဟယ်......ပန်ပန်လေ..နင်မှတ်မိတယ်မလား''
''ငါ့ခါးတဝက်လောက်ဘဲရှိတဲ့ပုတိုတိုလေးမလား''
''အခုကနင့်ခါးတဝက်မဟုတ်တော့ဘူး.......ခဏလေး.ငါခေါ်ပေးမယ်....''
မေပိုင်ကထိုင်နေရာကနေထသွားကာကောင်မလေးတစ်ယောက်ကိုခေါ်လာသည်
''ဇယ်...ဒါကငါ့ညီမ..မေဆုပန်.....ပန်ပန်.မမဇယ်ကိုမှတ်မိတယ်မလား''
''ဝါး...ငါ့ညီမအရမ်းချောလာတာဘဲ.......နင့်အမထက်တောင်ပိုချောနေတယ်''
''ဟဲ့...နင်ပေါက်ပန်းလေးဆယ်တွေပြောမနေနဲ့....''
ဇယ်နဲ့မေပိုင်သာအချင်းချင်းစနောက်နေကြသော်လည်းပန်ပန်ဆိုတဲ့ကောင်မလေးကဘာမှမပြောဘဲခပ်ပြုံးပြုံးလေးဖြင့်သာပြောသမျှနားထောင်နေ၏
''ကဲ..စကားကိုနောက်မှဆက်ပြောပြီးထမင်းစားကြတာပေါ့.......''
မေပိုင်တို့အိမ်မှာဇယ်ကအရင်တုန်းကလည်းကြုံရဂ်ကြုံသလိုထမင်းဝင်စားနေကြဘဲမို့အခုလည်းဘာမှတော့အထွေထူးမဟုတ်ပေ...
''ဟင်းတွေကစုံလှချည်လား...နင်ချက်တာတော့မဟုတ်လောက်ဘူးမေပိုင်...နင်ကကြက်ဉအဖြူကိုတောင်မဲအောင်ကြော်နိုင်တဲ့သူဆိုတော့လေ....''
''ပန်ပန်ချက်ထားတာ....ကြုံတုန်းကပ်ကြွားလိုက်အုံးမယ်....ငါ့ညီမကဘန်ကောက်မှာစားဖိုမှူးသင်တန်းသွားတက်ထားတာနော်.......''
''ဟုတ်လား.......ဒါနဲ့ပန်ပန်ဘယ်မှာအလုပ်ဝင်နေလဲ''
''မဝင်ရသေးဘူးမမဇယ်...ပန်အလုပ်ရှာနေတုန်းဘဲ''
YOU ARE READING
My dearest lady
Horror''အဆုံးရှုံးမခံနိုင်လွန်းလို့အပိုင်သိမ်းမိခဲ့တာပါအန်တီညိမ်း...အဲ့တွက်လည်း. ဇယ့်ဘဝတစ်ခုလုံးမှာအန်တီညိမ်းကိုစိတ်ချမ်းသာအောင်ထားမှာပါ...'' သံဇယ်လွင် ''မင်းကိုမုန်းချင်လိုက်တာဇယ်ရယ်.....ဒါပေမဲ့...မုန်းလို့မရဘူးကွယ်'' ညိမ်းနွဲ့သွယ်