Ep4

3.2K 139 1
                                    

နောက်ရက်မှာတော့ ညိမ်းဖျားတော့သည်....
ဟိုနေ့ကအရှိန်ကြောင့်ပင်.........

''ဆန်ပြုတ်ပြုတ်လာတယ်...စားရအောင်...''

မနေ့ကကိစ္စဖြစ်ပြီးထဲကအန်တီညိမ်းဟာဇယ့်ကိုအကြည့်ချင်းတောင်မဆုံဘဲရှောင်နေခဲ့လေသည်

''အန်တီညိမ်း.. ထလို့ဇယ်ပြောနေတယ်နော်....''

ပခုံးကနေအသာဆွဲကာထူတော့အန်တီညိမ်းဟာခပ်နွမ်းနွမ်းမျက်နှာလေးနဲ့ထလာသည်

''ဆန်ပြုတ်စားရအောင်...အန်တီညိမ်းအကြိုက်ကြက်သားဆန်ပြုတ်လေးလုပ်လာတယ်.......''

ဇွန်းနဲ့ခပ်ကာနှုတ်ခမ်းနားတေ့ပေးတော့အန်တီညိမ်းကဇွန်းကိုတွန်းထုတ်ကာ

''ငါ့မှာလက်ရှိတယ်''

''သိတယ်...အန်တီညိမ်းမှာလက်ရှိတယ်ဆိုတာ....ခွံချင်လို့တမင်ခွံ့နေတာ....စား''

ပါးစပ်နားအတင်းထိုးထည့်နေတာမို့ညိမ်းလည်းစားလိုက်ရတော့သည်...

''ဘယ်လိုလဲ...စားလို့ကောင်းတယ်မလား....''

အရသာမှာကောင်းတာမှန်ပေမဲ့နဂိုအမြင်မကြည်တဲ့ဓာတ်ခံလေးရှိတာကြောင့်...ညိမ်းဘာမှပြန်မဖြေမိပေ

''ခဏနေကျရင်လေ...ဒီဇိုင်နာလာလိမ့်မယ်...''

''ဘာလုပ်ဖို့လဲ ''

''အန်တီ့တွက်ဝတ်စုံလာပေးတာ.......ဇယ်နဲ့လက်ထပ်ပွဲကျရင်ဝတ်ဖို့လေ''.

ထိုစကားကြောင့်အန်တီညိမ်းကဇယ့်ကိုမျက်ထောင့်နီဖြင့်ကြည့်ကာ

''မင်းလုပ်ရပ်တွေလွန်ပြီလို့မထင်ဘူးလားသံဇယ်လွင်''

''ဘာကိုလဲအန်တီညိမ်း''.

''ငါ့လက်ထပ်ပွဲကနေအလိုမတူဘဲမင်းငါ့ကိုခိုးလာတယ်......ငါ့ဆန္ဒမပါဘဲလက်ထပ်စာချုပ်မှာမင်းအတင်းအကျပ်လက်မှတ်ထိုးခိုင်းတယ်.....ငါ့ဘဝကိုမင်းအကြိမ်ကြိမ်အရယူခဲ့တယ်........အခုလည်း...ထပ်ပြီးတော့.... ငါ့ကိုအသိမပေးဘဲလက်ထပ်ပွဲတဲ့လား......... ''

''အဲ့လိုသဘောမဟုတ်ပါဘူးအန်တီညိမ်းရယ်....ဇယ်ကလေအန်တီအံ့သြသွားရအောင်လို့ပါ.....''

''ထွက်သွားလိုက်ရင်ကောင်းမယ် သံဇယ်လွင် မင်းမျက်နှာငါမမြင်ချင်ဘူး ''

My dearest ladyWhere stories live. Discover now