Ep12

2.1K 118 4
                                    

''မဟုတ်သေးဘူးလေကွာ....ငါကနေ့ချင်းပြန်မှာ.....''

''ငါလည်းကလောကငါ့အဖိုးနာရေးသွားရမှာမို့ပါဇယ်ရာ....မင်းတစ်ပတ်လောက်မော်လမြိုင်ကဆိုင်ကိုထိန်းပေးပါအုံး''

''အေးအေး...အဲ့တာဆိုလည်းမင်း..ကိုညီ့ကိုဖုန်းဆက်ပြီးပြောလိုက်အုံး.....''

''ငါဆက်လိုက်မယ်......''

ရန်ကုန်ကဆိုင်ကစိတ်ချရတဲ့မန်နေဂျာရှိနေတာ
ကြောင့်လွှတ်ထားလို့ရသော်လည်းမော်လမြိုင်ကဆိုင်ကလွှတ်မရတာကြောင့်လီယံနဲ့ဇယ်ကတလှည့်စီကြည့်ရသည်....
အစကနေ့ချင်းပြန်မဲ့ဇယ့်ခမျာလီယံကောင်းမှုအကြောင်းပြုပြီးမော်လမြိုင်မှာတစ်ပတ်တောင်နေရတော့မည်...
အန်တီညိမ်းတို့သားမိကိုလွမ်းနေရတော့မှာဘဲ...

''ဟေ့...ဇယ်...''

ဆိုင်ထဲဝင်လာတဲ့သူကဇယ့်ကိုလှမ်းခေါ်တာကြောင့်ကြည့်လိုက်တော့....ကနေဒါမှာကျောင်းတူတူတက်ခဲ့တဲ့.....မေပိုင်ဖြစ်နေလေသည်.

''မေပိုင်........မတွေ့တာတောင်အတော်ကြာပြီဟ....''

''အေးဟာ...ငါလည်းဘွဲ့ရပြီးတာနဲ့မပြန်ဘဲဟိုမှာအလုပ်တွေလုပ်နေတာ....မနှစ်ကမှပြန်ရောက်တာ....ဒါနဲ့နင်ရော......''

''ငါတော့အိမ်ထောင်ကျပြီးကလေးပါရသွားပြီ''

ဇယ့်စကားကြောင့်မေပိုင်ကမျက်ခုံးနှစ်ဖက်ပင့်တက်သွားကာမယုံတဲ့ပုံစံဖြင့်

''ဟမ်...ဇယ်...နင်တကယ်ကြီးလား......''

''အေးလေ..ငါ့ရုပ်ကဂျင်းတဲ့ပုံပေါက်နေလို့လား''

''မဟုတ်ဘူးလေ...နင်ကကျောင်းတုန်းက....အန်တီ
ညိမ်းမှအန်တီညိမ်းဖြစ်နေတာဆိုတော့....ယောကျာ်းယူလိုက်တာဆန်းတာပေါ့''

''နင့်ကြီးတော်ယောကျာ်းယူရမှာလားဟ.......အန်တီညိမ်းကိုမရရအောင်ယူထားတာ.......အခုသားတောင်၂လပြည့်ပြီ''

''နင်တကယ်ပြောတာလား ''

''ဒီလူမှုဝန်ထမ်းမကတော့ကွာ.....ဒီမှာကြည့်''

ဇယ်လည်းဖုန်းကိုဖွင့်ကာဇယ်တို့မိသားစုပုံကိုပြလိုက်ရသည်

''ယုံပြီလား.......မယုံရင်ငါဖုန်းခေါ်ပြမယ်''

ထိုအခါမှဘဲမေပိုင်ဆိုတဲ့မယ်မင်းကြီးမကယုံတော်မူတော့သည်...

My dearest ladyWhere stories live. Discover now