Ep5

3.1K 130 2
                                    

ဒီနေ့က...ညိမ်းနဲ့ဇယ်ရဲ့လက်ထပ်ပွဲနေ့

အကြိမ်တစ်ရာလောက်ပြဿနာတက်ပြီးတဲ့နောက်မှာတော့ဇယ်ကညိမ်းရဲ့ဝတ်စုံကိုညိမ်းဝတ်ချင်တဲ့ထိုင်မသိမ်းချုပ်ခိုင်းလိုက်ပါတော့သည်....

အခုတော့ဖြင့်ရွှေအိုရောင်ထိုင်မသိမ်းဝတ်စုံဟာညိမ်းရဲ့ခန္ဓာကိုယ်ပေါ်မှာကွက်တိကျလျက်အလှတို့ကိုအစွမ်းကုန်ဖော်ပြ၏

''သဲလွန်းနိုင်ကြီးရေ...အဲ့သလောက်တောင်သဲနေရင်ရှင်ဘဲကျွန်မအစားမိတ်ကပ်လာလိမ်းပေးလိုက်တော့''

ညိမ်းမိတ်ကပ်လိမ်းနေတာကိုမျောက်မီးခဲကိုင်ထားသလိုခဏခဏလာချောင်းနေတဲ့ဇယ့်အားမိတ်ကပ်ဆရာမကလှမ်းအော်လိုက်တော့.

''ဟီး....ဇယ့်မိန်းမကိုတစ်စက္ကန့်တောင်မမြင်ရရင်မနေနိုင်လို့ပါ''

''အံမလေး..အံ့သြပါ့ကမ္ဗောဇတော်ရေ......တကယ်ပါဘဲ.....''.

ညိမ်းမှာမိတ်ကပ်ဆရာမနဲ့သူကြားမှာမျက်နှာခပ်ပူပူနဲ့ဘဲထိုင်နေရပါသည်...

နားထဲမှာတော့မနေ့ညကမေမေနဲ့ဖေဖေပြောလိုက်သောစကားကိုသာပြန်ကြားနေမိသည်

''အိမ်ထောင်တစ်ခုမှာအပြန်အလှန်သည်းခံနိုင်စွမ်းကအရေးကြီးတယ်နော်သမီးငယ်...အဖေ့သမီးကချစ်လို့မဟုတ်ဘဲလက်ထပ်ရမှာဆိုတော့အဖေကသမီးတွက်စိတ်ပူလို့ပြောတာ''

''မြေးလေးကသမီးကိုငယ်ငယ်ထဲကသဘောကျခဲ့ပုံရပါတယ်....သမီးဘက်ကမေမေတို့မြေးလေးကိုနည်းနည်းလောက်လမ်းဖွင့်ပေးကြည့်ပါလားကွယ်''

လမ်းဖွင့်ပေးရမယ်...........လမ်းကညိမ်းတောင်ဖွင့်စရာမလိုတော့ဘူးမေမေရေ....မေမေ့မြေးကသူ့ဘာသာဖွင့်သွားပြီးပြီ....

''ဟူး.....''.

''ဟယ်တော်..အပျိုကြီး...ဘာတွေများသက်ပြင်းချနေတာတုန်း.....ဘာလဲ..ငါအိုရတော့မယ်ဆိုပြီးတော့လား''

''မဟုတ်ပါဘူးအမရယ်....ဒီလိုပါဘဲ.....''

''ရှင့်လူကခပ်သဲသဲနော်အပျိုကြီး....ရှင်တော့ကံကောင်းတာဘဲ''

မိတ်ကပ်ဆရာမကညိမ်းရဲ့မျက်နှာကိုပြင်ဆင်ပေးပြီးနောက်

''ကဲ..ပြင်လို့ပြီးပါပြီရှင်....နေပါအုံး ရှင့်ရဲ့သဲလွန်းနိုင်ကြီးဘယ်ရောက်သွားတာတုန်း.....သူ့သတို့သမီးချောချောကိုခေါ်ပြမလို့ကို...........နေအုံး...ကျွန်မသွားခေါ်လိုက်အုံးမယ်''..

My dearest ladyWhere stories live. Discover now