အခန်း (၁)

514 7 0
                                    

"အခြောက်မကြီးသား.. "

"ဝေး.."

"အခြောက်မကြီးသား..."

"ဝါး..."

အသံဗလံတွေက နားထဲကို ခါးသက်လွန်စွာ ပဲ့တင်ထပ်တမျှ ရိုက်ခတ်အော်မြည်နေဆဲ။ မကြားချင်ဘဲ ကြားနေရသည့် စကားလုံးတွေ။ နားမထောင်ချင်လည်း အတင်းလှောင်ပြောင်နေကြသည့် ရယ်မောသံတွေက ပင်လယ်ကမ်းစပ်က အရှိန်အဟုန််နှင့် တိုက်ခတ်လာသည့် လိူင်းလုံးကြီးတွေကတောင် ဖုံးလွှမ်းနိုင်စွမ်း မရှိသာ။

အခြောက်မက မွေးထားတော့ အခြောက်မ ပဲပေါ့... ဟုတ်လား.. ဟေ့ကောင် နေညို မင်းက အခြောက်လား....

ဟုတ်မှာပါကွာ... မျက်နှာမှာလည်း လိမ်းထားတဲ့ သနပ်ခါးတွေက ဖွေးနေတာပဲ...

နေညို.. အခြောက်မကြီး....

နေညိုမောင် ဆိုသည့် သူရဲ့ သမိုင်းကြောင်းကိုက ဒီလို အပါယ်ခံ ဘဝ။ လူကို လူလို မဆက်ဆံသည့် သူတွေနှင့် စကားဖက်မပြောချင်လို့ ရှောင်ထွက်ခဲ့ပါသော်လည်း ကျောင်းပေါက်ဝ ကို ကျော်လွန်လာသည် အထိ လိုက်ကာ လှောင်ပြောင်ပြောနေသည်ကို ဘယ်လိုမှ သည်းမခံနိုင်တော့

ငါ့ကို အခြောက်မသားလို့ မခေါ်နဲ့.... ငါ့ မှာ အဖေရှိတယ်

သူ ခုခံကာကွယ်ပြောတော့ တရားမဲ့ စနောက်နေကြသည့် ကျောင်းသားတစ်စုက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်သည်။

ဟား... ဟား မင်း..အဖေက အဖေရော ဟုတ်ရဲ့လား ၊ မင်း အဖေကြီး စကပ်ကြီး တကားကားနဲ့ တည်းခိုခန်းက လူတွေကို လိုက်ဖျော်ဖြေနေတာ ငါတို့တွေ့တယ်ကွ... .

မင်း တို့ တော်တော့... ငါ့ အဖေကို မပြောနဲ့...

ပြောတော့ ဘာဖြစ်လဲကွာ.... အခြောက်မကြီးသား....

ဆယ်နှစ်သာသာ ကလေးတစ်ယောက်၏ ရင်ထဲမှာ ဒေါသလုံးကြီးက လှိမ့်တက်လာတော့ လှောင်ပြောင်ကာ ရယ်မောနေသည့် မျက်နှာတွေ ရှိရာဆီသို့ လက်သီးကို ဦးတည်ကာ ချိန်ရွယ်ထိုးလိုက်သည်။

အချက်ပေါင်း မနည်း လေထဲ လက်သီးဆုပ်တို့ ထိုးနှက်နေသည့် သူ့ လက်က ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ထိမှန်ချင်း မရှိပေမယ့် သူ့ မျက်နှာမှာတော့ ကျောင်းသား လေးယောက်၏ ထိုးနှက်ချက်် ပလပွနှင့် သွေးစတို့ ချင်းချင်းနီနေသည်။

ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)Where stories live. Discover now