ပွဲတော်ရက် ရောက်ပြီ ဆိုတာနှင့် ရွာတစ်ခုလုံး ဆီမှ သီချင်းသံတွေ အိုးစည်အုန်းမောင်းသံတွေနှင့် ဆူညံနေတာက တစ်ကယ့်ကို ခ တို့ရွာကလေးရဲ့ အလေ့အထ။
ဟိုပြေး ဒီပြေး နှင့် မရှိသူက ရှိသူတွေ ဆီက ငှားရမ်းကြ နှင့် ပျော်စရာတစ်ခုလိုပင်။
ခ တစ်ယောက်လည်း မိုးလင်း ရေချိုးပြီး ကိုယ်လက် သန့်စင်ပြီးသည်နှင့် ပြတင်းပေါက် တံခါးကို ဖွင့်လိုက်တာ ရွာတစ်ခုလုံး တစ်ကယ့်ကို အသက်ဝင်နေသည့်။
အရင်က သိပ်မတည့်ကြသည့် ရွာတောင်ပိုင်းမှ အရီးလှနှင့် ဒေါ်ဦးရင်တို့တောင် စကားတွေပြော ရယ်မောလို့်။
အပျော်တွေ စုနေသည့် ကာလလို့ပင် ဆိုနိုင်သည် အထိ။
ဆောင်းတစ်ဝက် နွေတစ်ဝက် ဖြစ်နေသည့် တစ်ပေါင်းလသည် နေပူလို့် ညချမ်း တစ်ပေါင်းလသရမ်းဟု ဆိုစမှတ်ပြုကြသလိုပင် တစ်ကယ့်ကို မနက်ခင်း လေကလေးက အေးစိမ့်စိမ့်ရယ်။
"သမီးရေ... ပြင်ဆင်တော့လေကွယ်.."
အောက်ထပ်မှ မေမေ၏ သတိပေးသံကြောင့် တိုင်မှာ ချိတ်ထားသည့် နာရီ ဆိီသို့ အကြည့်တစ်ချက် ရောက်သွားရသည်။
"ဟုတ်ပါရဲ့. နောက်တောင်ကျတော့မယ် ညို တစ်ယောက်က ဘယ်ရောက်နေပါလိမ့်"
"ခရေ.. ခ"
အတွေးတောင် မဆုံးလိုက်ခင်မှာ အောက်ထပ်မှ အသံကြောင့် အပေါ်ထပ် ပြတင်းပေါက်လေးမှ ခ ပြေးကာ ထွက်ကြည့်လိုက်မိသည်။
"သား.. ညို.."
အို.. ကြည့်ပါဦး. ညိုတစ်ယောက် ခန့်ညားလိုက်တာ။
ခ ဝယ်ပေးထားသည့် လယ်ကတုံး လက်ရှည် အဖြူလေးနှင့် ပုဆိုးအညိုစိတ်လေးက ညိုစိမ့်နေသည့် ညို အသားအရေလေးနှင့် တစ်ကယ့်ကို လိုက်ဖက်တာ။ ဆံနွယ်ကောက်ကောက်လေးတွေကို အသေအချာလေး ဖီးသင်ထားလိုက်တော့ မိန်းမလျာလို့ အမြဲတမ်း အစနောက်ခံ အနိုမ်ခံနေရသည့် နေညိုမောင် နှင့် တောင် မတူတော့။
ညိုက သူ့ဖေဖေရဲ့ အလှပြင် ပစ္စည်းအိတ်ကြီးကို ကိုင်ကာ အပေါ်ထပ်ဆီသို့ လှမ်းတက်လာသည်။
မှန်တင်ခုံရှေ့ အသင့်အနေအထားလေး စောင့်နေသည့် ခ က မှန်ထဲမှ သူ့ကို လှမ်းကြည့်ရင်း ပြုံးတော့ ညို မနေတတ်။
"ခ ဘာတွေ ပြုံးနေတာလဲ... "
"နင် ခန့်ခန့်ကြီး ဖြစ်နေလို့ပေါ့..."
"ကဲပါ.. ခ.. လာထိုင်..."
ခ သူ့ ရှေ့ထိုင်ရင်း မျက်နှာလေး ထိုးပေးတော့ သူ လုပ်နေကြအတိုင်း သနပ်ခါးလေးကို ပါးပါးလေး လိမ်းပေးလိုက်သည်။ ပါးကွက်ကလေးတော့ မကွက်ဖြစ်။ အလူပွဲ နှင့် သင့်တော်တဲ့ မိတ်ကပ် ကလေး အနည်းငယ် ထည့်ပေးလိုက်တော့ ခ ပါးပြင်လေးမှာ ပန်းရောင်လေးသန်းသွားတော့သည်။
"ခ... အခန်းထဲ အဝတ်သွားလဲ.. ပြီးမှ ကျန်တာ ဆက်ပြီး လိမ်းပေးမယ်.."
"အင်း.. အင်း... "
"ညို..ငါ ကြည့်လို့ ကောင်းရဲ့လား... ဝတ်ရတာလည်း ကျပ်ကျပ် တုတ်တုတ်နဲ့.."
သူ့ကိုသူ မှန်ထဲကြည့်ရင်း အလိုမကျ ဖြစ်နေသော ခ ကို လှမ်းကြည့်မိတော့ သူ့မှာ အသက်ရူတွေတောင် မှားသွားရသည်။
ပုံမှန် မြင်နေကျ ဂါဝန်ပွပွလေးတွေ၊ ဘောင်းဘီ အတိုလေးတွနှင့် မဟုတ်ဘဲ ပန်းနုရောင် ဖဲ ဝမ်းဆက်ကလေးနှင့် ခ က အခုတော့ အပျိုဖါးဖါးလေး ဖြစ်လို့ နေလေပြီ။
ဖြူစင်နေခဲ့သည့် သူ့နှလုံးသားကို တစ်ခုခု က လူံဆော်လိုက်သလို ရင်ခုန်သံတို့ ထိန်းမရ ဖြစ်ကာ ခ မျက်နှာလေးပေါ်မှာ ပြေးလွှားနေသည့် လက်တွေက တစ်ဆတ်ဆတ် တုန်ယင်နေသည်။
မျက်လုံးလေး စုံမှိတ်ကာ သူ့ရှေ့မှာ ငြိမ်ငြိမ်ကလေး သူ လိမ်းချယ်ပေးသမျှ ခံနေသည့် ခ ကတော့ ရိပ်မိမည် မထင်။
ပါးမို့လေးတွေနီမြန်းလျက် မျက်တောင်ရှည်ရှည်းလေးတွေနှင့် ထူထဲနက်မှောင်နေသည့် မျက်နှာလှလှလေးကို အနီးကပ်ကပ်လေး ငုံမိုးကြည့်မိရင်း သူရင်ထဲမှာ လူပ်ရှားစ ပြုလာသည်။
နှလုံးသွေးတွေ ပွက်ခနဲ ဆူပွက်လျက် ခ မျက်နှာလေးဆီသို့ အုပ်မိုးကာ နီထွေးနေသည့် နှုတ်ခမ်းရဲရဲ လေးကို နမ်းရိူက်မိတော့ မလို ဖြစ်သွားခဲ့မိသည့် ကိုယ့်ဘာသာ ကိုယ်သာ ထိန်းချုပ်လိုက်ရသည်။
"ပြီး.. ပြီ...ပြီးပြီ.. ထ.. ထ"
ဒါကို ရိပ်မိဟန် မတူသည့် ခ က သူမ၏ မျက်နှာလေး သူ့ထံသို့ တိုးဝင်စေသည်။
အရင်ကလေး ဘ၀က သနပ်ခါးလေး လူးပြီးတိုင်း မွှေးနေတာပဲ ဟု ဆိုကာ ပါးလေးကို နမ်းရိူက်တတ်သည့် သူမှာ အခုတော့ တုန်လူပ်မူ တွေနှင့်.
ငါ မနမ်းရက်တော့ပါဘူး...ခ ရယ်။
အချိန်အတော်ကြာ စောင့်ဆိုင်း သော်လည်း သူ့ ဆီက ဘာတုန့်ပြန်မူမှ မရတော့ ခ မျက်လုံးလေးတွေ ပြန်ဖွင့်ရင်း သူ့ကို မသင်္ကာ မျက်လုံးတွေနှင့် ကြည့်သည်။
"နင်. ဘာဖြစ်နေတာလဲ.. ညို... "
"ငါ... ငါ... ဘာမှ မဖြစ်ဘူး..."
ဒီထက် ခ အနားမှာ ထပ်ရှိနေလျှင် သူ ဒုက္ခရောက်တော့မည်။
နှစ်ဦးသားထဲ ရှိသည့် အပေါ်ထပ် အခန်းထဲမှာမို့ မှန်တင်ခုံရှေ့မှ ထကာ ပြတင်းပေါက်နားကို သွားရပ်တော့ ခ မှာ နားမလည်သည့် မျက်လုံးတွေနှင့် ။
"ဘာမှ မဖြစ်လည်း ပြီးရော..."
ဆံနွယ်လေးတွေကို ဖီးသင်နေသည့် ခ ကို မှန်ထဲထင်ဟပ်နေသည့် ရောင်ပြန်ကလေးက ခိုးကြည့်မိတော့ ခ မျက်စောင်းလေးနဲ့ ဆုံသည်။
"အင်း.. တစ်ခုခု လိုနေသလိုပဲနော်.. ညို..."
ခါးအထိ ရှည်ကျနေပြီ ဖြစ်သော ဆံနွယ်လေးတွေက ဘယ်ညာဝေ့ရမ်းနေလျက် သူ့ နှင့် မျက်နှာချင်းဆိုင်မှာ လာရပ်သည်။
"ညို..."
"ခ..."
စွဲမက်ဖွယ်ရာ မျက်လုံး၀ိုင်း၀ိုင်းလေးတွေကို တစိမ့်စိမ့်ကြည့်ရင်း တယုတယ သိမ်းဆည်းလာသည့် သူ့ အိပ်ကပ်ထဲမှ သ၇ဖီ ပန်းကလေးကို ထုတ်ယူလိုက်တော့ ခ မျက်လုံးလေး ရွှန်းလဲ့သွားသည်။
နမ်းရိူက်ခွင့် မရဲသည့် ခ ပါးပြင်လေး အစား သရဖီ ပန်းကလေးကိုသာ မူးမူးမေ့မေ့ နမ်းရှိက်လိုက်တော့ ခ မျက်နှာလေး ရဲခနဲ ဖြစ်သွားသည် ။
ခ နားနောက်က ဆံနွယ်လေးတွေကို တစ်ဖက်သို့ ကလစ်ကလေးနှင့် ပင်တင်ပေးလိုက်ပြီး သ၇ဖီ ပန်းဝါလေးကို တင့်တယ်စွာ ပန်ဆင်ပေးလိုက်တော့ ခ ဟာ တစ်ကယ့်ကို ပစ်မျိုးမဲ့မထင် အလှကြီး လှနေသည့် ကွန်းတောင်ကိုင်းလေး တစ်ဦး ဆိုတာ သေချာသွားခဲ့ပြီ။
တစ်ရွာလုံး လှည့်ပတ်သည့် လူတန်းကြီးနှင့် ဘေးမှ လိုက်ပါလာသည့် လူအုပ်ကြီးကလည်း ခ ၏ အလှကို မချိီးကျူးပဲ မနေနိုင်တော့။
တစ်ရွာလုံးက ကာလသားများ၏ မျက်လုံးအစုံကလည်း ခ ဆီမှာသာ။
ခ ၏တည်နေသည့် မျက်နှာလေးကတော့ သူ့ကို မြင်လိုက်တိုင်း လှစ်ခနဲ ပြုံးပြုံးပြသည်။
ခ ရယ်... နင် တစ်ချက် ပြုံးလိုက်တိုင်း ငါတို့ စာထဲမှာ သင်ခဲ့ရတဲ့ ကုန်ဘောင်ခေတ် ပြဇာတ်ဆရာကြီးဦးကြင်ဥ ရဲ့ ပျိို့လို
'ရှစ်ခွင်တိုင်း၊ မှုန်မှိုင်းတဲ့ပတ်လည်
သဇင်ကြွင်းငယ် နှင့်၊ အင်ကြင်းသန္တာညွန့်ငယ်တို့၊ ဖူးကွန့်ကိုက်စည်
ဘမရာရွှေပိတုန်းငယ်တို့၊ ချွေသုံးကြဝတ်ရည်၊ ဆွတ်ကြည်ဘွဲ့ဖော်ကွဲ
ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်တိုင်မှ၊ ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊
ရာသီတွင်ခါညီပြောပေပ၊ ကြော၍သာ မြဲ
တစ်ကယ်ပါ.. ငါ ဘယ်လို လုပ်ရမှာလဲ...
************************************
"ငါ တို့ ကမ်းခြေဘက်သွားရအောင် ညိုရယ်.. "
စေတီတော် ရင်ပြင်ပေါ်မှာ မနက်ကတည်းက ညနေစောင်း နေသည့်တိုင်အောင် ပူဇော်သူတွေ၊ ပန်း ဆီမီး ကပ်သူတွေနှင့် တို့းခွေ့ဝင်လို့ သွားနေရသည် အထိ၊ ခြေချ စရာနေရာတောင် မရှိအောင် တိုးကြိတ်နေတောာ့ ခ တစ်ယောက် မွန်းကျပ်လာသလို ဖြစ်လာသည်။
ဒီစေတီကြီးက ခ တို့ ရွာနှင့် အနီးဆုံး ဖြစ်တာကတစ်ကြောင်း၊ ပြီးတော့ မြို့ပေါ် ကမ်းခြေ အပန်းဖြေ စခန်းက လူများကလည်း ရွာ ဘုရားပွဲ မမြင်ဖူး၊ မကြုံဘူး သဖြင့် လာရောက် ကြည့်ရူ သည်က တစ်ကြောင်းနှင့်မို့ တစ်ရွာလုံးက အုန်းအုန်းသောင်းညံလျက်။
"အေး.. သွားမယ်..လေ..."
ညို အတူ လိုက်မယ် ဆိုတာနှင့် ဖိုးဖိုးနှင့် မေမေကို ခွင့်တောင်းကာ ကမ်းခြေဘက် ရှိရာ ဆီသို့ ထွက်လာခဲ့သည်။
ပင်လယ်ထဲ ခြေထောက်ကလေး နှစ်ကာ ဆော့ကစား လိုက်တော့မှ လူက အနည်းငယ် ပေါ့ပါး သွားသလိုပင်။
စိတ်ရှိလက်ရှိ ပင်လယ်ထဲ ဒိုင်ပင် ပစ်ထိုး ပစ်လိုက်ဖို့ ဝတ်ထားသည့် ဖဲ ဝမ်းဆက်ကလေးကို မြေကြီးပေါ်သို့ အသာအယာလေး ချွတ်ချ လိုက်တော့ အောက်ခံ ဂါဝန်လေးနှင့်က ရေထဲကို ဆင်းဖို့ အဆင့်သင့်။
"ခ... အေးတယ်လေ..."
"အေးပါစေ... လာလေ........"
ညိုက ကမ်းစပ်နားမှာ ရပ်ကာ ခ ကို ပြုံး၍ ကြည့်သည်။
"လာ လို့.. ပြောနေတာကို...... "
"မလာချင်ဘူး.. ခ ရာ... နင်လည်း တက်ခဲ့တော့... တော်ကြာ အအေးပတ် နေမယ်..."
ခ က မကျေမနပ်လေး ခေါင်းခါ၍ ပင်လယ်ထဲသို့ နက်သည်ထက် နက်အောင် ဆက်ဝင်သွားတော့ ညိုမှာ အလန့်တကြားနှင့်...
"ခ.... မသွားနဲ့... မသွားနဲ့လို့... ဒီ အချိန် ဒီရေ တက်တယ်...... အရမ်းနက်နက်ကြီး မသွားနဲ့ ပြန်လာခဲ့"
ခ ညို စကားကို နားမထောင်သလိုနှင့် ဆက်ကာ လျှောက်သွားလိုက်တော့ ဒူးခေါင်းလောက်အထိ ရေက ရောက်လာသည်။
၀ုန်းခနဲ ပြေးပြေးတိုက်သည့် ဒီရေလိူင်းတွေကြောင့် ခ ကိုယ်လုံးနှင့် နဲ့ ခနဲ ဖြစ်ဖြစ်သွားသည်။
ကိုယ်ကို မနည်းပြန်ထိန်းလိုက်ချိန်မှာ နောက်ထပ် ရောက်လာသည့် လိူင်းလုံးကြီးကို သတိမထားမိဘဲ အရှိန်ပြင်းပြငင်းနှင့်ကို ရိုက်ခတ်ချ လိုက်သည်။
ခ ၏ လိူင်းလုံလေးတွေ သူ့ ခြေထောက်ကို လာရိုက်တိုင်း သဘောကျ ရယ်မောနေသည့် အသံတွေ ရုတ်ချည်း ပျောက်ဆုံးသွားကာ ကြက်မက်ဖွယ်ရာပင် တိတ်ဆိတ်သွားသည်။
"ခ... ခ... "
ကြောက်လန့်တကြား ပင်လယ်ထဲ့သို့ ပြေးဝင်လာရင်း အသည်းအသန် ညို ကူးခတ်လာလိုက်သည်။
ကြယ်နှင့် လရောင်သာ အနည်းငယ် ရှိနေသည့် ပင်လယ်ကြီးက အနက်ရောင် ခြုံလွှာကို ဝတ်ဆင်ထားသလို ဘာဆိုဘာမှ မမြင်ရ...
"ခ... ခ... နင်... ဘယ်မှာလဲ... ခ....."
နက် သထက် နက်အောင် ကူးခတ်ကြည့်သည့်။ ရေငုတ် ကြည့်သည်။ လက်နှစ်ဖက်ကလည်း တွေ့သမျှ အရာတွေကို စမ်းကြည့်သည်။ နက်မှောင်သော ရေပြင်အောက်မှာ သူ ဟာ အရူးတစ်ယောက်လို
"ခ... ခ..."
"ညို...."
နောက်မှ တိုးတိုးလေး ထွက်လာသည့် ခ အသဲံကြောင့် လှည့်ကြည့်လိုက်တော့ သူမက သူ့ကို ရယ်ပြုံးကြည့်နေသည်။
ဒါ..ဆို..ခ... စ လိုက်တာပေါ. သူ့ကို နောက်လိုက်သည်ပေါ့....
ခ တောင် မတ်တတ်ရပ် အနေအထားနှင့် ရင်ညွှန့်လောက်ပဲ ရောက်နေသည့် ရေအနက်က ညိုတစ်ယောက် မတ်တတ်ထရပ်လိုက်တော့ ခါးလောက်ပင် ရှိသည်။
သို့ပေမယ့် သူ့ စိတ်ထဲမှာတော့ ခ ကို ပင်လယ်နက်ကြီးထဲမှာ ဆုံးရူံးလိုက်ရပြီလား ဆိုသည့် ကြောက်ရွံမူက လွဲပြီး ဘာကိုမှ မသိတော့၊ မမြင်နိုင်တော့။
ရေစလေးတွေနှင့် တောက်ပနေသည့် သူမ မျက်နှာလေးကို စိုက်ကြည့်ရင်း သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး
"ခ... နင်... ငါ... ကို ကြောက်အောင်လုပ်တယ်... နင် တစ်ခုခု ဖြစ်သွားပြီ ထင်ပြီး " အသံတွေတောင် တုန်ယဉ်လို့ တိုးတိုးလေး ဝန်ခံနေတဲ့ သူ့အသံက ပျော့ပျောင်းညင်သာ လှစွာ။
ခ က သူ့ကို မော့ကြည့်လိုက်တော့ သူ့မျက်လုံးတွေက ရိုးသားတဲ့၊ စိုးရိမ်မူတွေနှင့် ပြည်နှက်လို့ နေတော့ ခ ကိုယ်တိုင် စိတ်မကောင်းဖြစ်သွားရသည်။
"တောင်းပန်ပါတယ် ညိုရယ်၊ ငါ နင် ကိုစိတ်ပူအောင် လုပ်ဖို့ မရည်ရွယ်ပါဘူး။ ငါက စလိုက်တာ၊ ငါ့ကို စိုးရိမ်ပေးလို့ နင့်ကို ကျေးဇူးတင်ပါတယ်"
ညိုက သူမ၏ မျက်နှာမှ စိုစွတ်နေသော ဆံနွယ်လေးများကို ဖယ်ရှားလိုက်ပြီး
"နောက်ဆို အဲဒီလို မစနောက် ပါနဲ့ ခ.. နင့် တစ်ခုခုဖြစ်နေပြီဆိုတဲ့ အတွေးကို ငါ တွေးတောင်မတွေးချင်ဘူး. ငါ့ ဘ၀မှာ နင်က အရှိမဖြစ်ဘဲ ခ... နင်ရဲ့ ဖြစ်တည်မူက ငါ့ရဲ့ ဘ၀.. ငါရဲ့ ပျော်ရွှင်မူပဲ..."
လရောင်ညမှာ နက်နဲသည့် ပင်လယ်ပြင်ကြီးက ညို ဝန်ခံမူ၏ သက်သေအဖြစ် ငြိမ်သက်နေလျက် ခတို့ နှစ်ဦးကြား ဘာသာ မဲ့သည့် စကားသံတွေက ပဲ့တင်ထပ်သွားသည်။
နက်ရိူင်းစွာ ထိုးဖောက်ဝင်ရောက်လာသည့် ညို မျက်လုံးတွေ၊ ညို အကြည့်တွေက ခ ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ သံယောဇဉ်ချည်နှောင်တွယ်ရစ်ခြင်း၏ အခိုက်အတန့်တွေ။
YOU ARE READING
ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)
Romanceရက်စက်တယ်၊ ခက်ထန်တယ် သြဇာကြီးတယ်ဆိုသည့် Business Tycoon လည်းဖြစ် ရန်ကုန်တိုင်းကြီးကို အုပ်စိုးမယ့် အမတ်လောင်းလဲ ဖြစ်တဲ့ ဦးစီးက ခ ဆိုတဲ့ စားသောက်ဆိုင်က အဆိုတော် မလေးကိုမှ မမျှော်လင့်ဘဲ ချစ်မိသွားတဲ့ အခါ ခ ၏ ကြမ်းတမ်းခဲ့တယ့် အတိတ်မှာလည်း သိပ်ကို နူးည...