ဇံကာတင် အယောက် နှစ်ဆယ်ထဲမှာမှ တစ်ရက်ကို တစ်ရောက်နှုန်းနဲ့ ဖြုတ်သွားကာ နောက်ဆုံး ၁၀ ယောက်သာ ကျန်ခဲ့တော့သည်။
သည် ဆယ်ယောက်ကတော့ မြို့နယ် လိုက် ဖျော်ဖြေပွဲတွေ၊ ပြိုင်ပွဲတွေ ဝင်ပြိုင်ရမည် ဖြစ်ပြီး နောက်ဆုံးမှာ အခန်းနားဆုံး ပွဲကြီး ကျင်းပသွားမည်ဟု အစီအစဉ်တွေ ဆွဲထားသည်။
အဲဒီ ဇံကာတင် နောက်ဆုံး ၁၀ ဦးထဲမှာမှ မိုးမခ က အသံညိုံအား အကောင်းဆုံး ဖြစ်ကာ တော့ပ် ၃ ထဲတွင် ပါဝင်မယ်ဟု ယာထားခံထားရသည်လည်း ဖြစ်သည်။
ပွဲကြီး အပြီး အဝတ်အစားလဲခန်းထဲ ပြန်ဝင်လာသည့် ခ အပြင်မှာ စက်အဖွဲ့သားတွေရော ကျန် အဆိုတော် တွေကပါ အုပ်အုပ်ထထ ဖြစ်လာတာကြောင့် ခ အခန်းထဲမှ အပြင်သို့ ထွက်ကြည့်လိုက်မိသည်။
"ဘာ ဖြစ်တာလဲဟင်..."
"ဘာဖြစ်တာလဲ ဆိုတော့ ယူ့ ချစ်ချစ်ကြီးလေ..."
အဆိုတော် ကောင်မလေးက ခ အနားသို့ ကပ်ကာ တံတောင်လေးနှင့် တို့ထိရင်း စနောက်သည်။ အဝတ်အစားလဲ မည် ဟန်ပြင်နေပေမယ့် ဆက်မလဲတော့ဘဲ weekend bag လေးကို ကောက်ကိုင်ရင်း ခ အံအားတကြီးနှင့် အဆောက်အအုံ အပြင်ရှိရာသို့ ပြေးထွက်လာခဲ့တော့ ရိုးရွိုက် ကားနက်ကြီးဘေး ဟန်ပါပါနှင့် လက်နှစ်ဖက်ကို ပိုက် ၊ ခြေနှစ်ဖက် ယှက်ရင်း နေကာ မျက်မှန် အမဲကို ခန့်ညားနေအောင် တက်ထားသည့်သူ။
မြင်နေကြ အတိုင်း အနက်ရောင် အနောက်တိုင်း ဝတ်စုံအောက်က အနက်ရောင် ရှပ် အင်္ကျီကလည်း ရင်ဘတ်တစ်ဝက်လောက် အထိ ကျယ်သီးတွေ ဖွဟနေတော့ ကျစ်လစ်တဲ့ ရင်အုံက တင်းခနဲ အထင်းသား မြင်နေရတာပင်။
ပွဲလာကြည့်ကြသည့် ဆယ်ကျော်သက် ကောင်မလေးတွေရော၊ ပွဲထဲက အဆိုတော် မလေးတွေကပါ သူ့ အနားသို့ အတင်းကပ် ဓာတ်ပုံတွေ ရိုက်ကျတာကို အတင်းဝိုင်းဆွဲနေရတဲ့ ဝေလတို့ အုပ်စု။ သူကတော့ သူ့ ပုံစံ အတိုင်း ခပ်တည်တည် အပြုံးနှင့် ခ လှမ်းလျှောက်လာတာကို သာ စူးစိုက်ကြည့်သည်။
ခ အနားကို ရောက်တော့မှ သူ့ ညာဘက်တစ်ချက်မှာ ရပ်နေသည့် မိုက်ခ် လက်ထဲမှ နှင်းဆီပန်း အနီရောင် ပန်းစီးကြီးကို တပွေ့တပိုက်ကြီး လှမ်းယူရင်း
YOU ARE READING
ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)
Romanceရက်စက်တယ်၊ ခက်ထန်တယ် သြဇာကြီးတယ်ဆိုသည့် Business Tycoon လည်းဖြစ် ရန်ကုန်တိုင်းကြီးကို အုပ်စိုးမယ့် အမတ်လောင်းလဲ ဖြစ်တဲ့ ဦးစီးက ခ ဆိုတဲ့ စားသောက်ဆိုင်က အဆိုတော် မလေးကိုမှ မမျှော်လင့်ဘဲ ချစ်မိသွားတဲ့ အခါ ခ ၏ ကြမ်းတမ်းခဲ့တယ့် အတိတ်မှာလည်း သိပ်ကို နူးည...