ဖောင်ဒေးရှင်း ပါးပါးလေးနှင့် နှုတ်ခမ်းဆိုးဆေး ဖျော့ဖျော့လေးကိုသာ လိမ်းထားသည့် မျက်နှာလေးကို မိတ်ကပ်ဖျက်သည့် အဝတ်နှင့် အသည်းအသန် ဖျက်နေသည့် ခ ကို ကြည့်ကာ မခိုင် တို့ အုပ်စုက မရယ်ဘဲ မနေနိုင်တော့။
"နင် ဒီလောက်ဖျက်နေတာ မိတ်ကပ်ကိုလား မျက်နှာကို များလား ခ ဟင်.."
သူ့တို့၏ စနောက်စကားတို့ကို ခ မဖြေနိုင်သေးဘဲ ခါးကျော်၍ တင်ပါးနားမှာ ဝဲကျနေသည့် ဆံပင်တွေကိုသာ သားရေပင် တစ်ခုနှင့် စည်းနှောင်နေလိုက်သည်။
ဒါတောင်မှ မှန်ကို အထပ်ထပ်ကြည့်ပြီး ကိုယ့် ကိုယ်ကို စားသောက်ဆိုင်က စားပွဲထိုးနှင့် တူရဲ့လား ဟူသည့် စိုးရ်ိမ်စိတ်တွေနှင့် နေ့တိုင်း ရှင်သန်နေခဲ့၇တာ။
"ခ အကြောင်းနှင့် ခ ပါ မခိုင်ရယ်..."
"ဟုတ်ပါတယ်.. ခ ရယ်.. မခိုင်တို့ကလည်းလေ.. ခ ကြည့်ပြီး အရမ်း ပင်ပန်းလို့ပါ... စားသောက်ဆိုင်မှာ သီချင်းဆိုရင် ဆိုတယ်ပေါ့... စင်တင် စားသောက်ဆိုင် ဆိုပေမယ့်လည်း ကိုယ့် သိက္ခာ ကိုယ်လုံရင် ပြီးတာပါပဲ..."
ခ မငြင်းလည်း မငြင်းသလို မခိုင်တို့၏ အပြောကို ဝန်လည်း မခံခဲ့ပါ။
ဘယ်လိုပဲ ကိုယ့်ဘက်က လုံတယ်ပြောပြော ခ တို့လို မိန်းကလေးတွေကို လူတွေက ပြောချင် ကြည့်ချင် ကြတာပဲ မဟုတ်လား။
အထူးသဖြင့် ခ လို အမေတစ်ခု သမီး တစ်ခု နှင့် အောက်ခြေလူတမ်းစားတွေနေတဲ့ ရက်ကွက်မှာ ခနော်ခနဲ့ အိမ်ကလေးနှင့် နေတဲ့ သူ ဆို ပိုလို့တောင်မှ လူတွေက ပြောချင်သေး။
မနက်ဆို ခ အိမ်ထဲက ထွက်သွားပြီး ကတည်းက လူတွေက မျက်စိတစ်ဆုံး လိုက်ကြည့်တော့တာပင်။ ငယ်ငယ်ရွယ်ရွယ် မိန်းကလေး တစ်ယောက် မနက်ကတည်းက ထွက်သွားပြီး ညမှ ပြန်ပြန် လာတာ ဘယ်လို အလုပ်တွေများ လုပ်နေသလဲ ဆိုသည့် မျက်လုံးတွေနှင့်။
ဒါတောင်မှ ခ က အတတ်နိုင်ဆုံး အရှင်းလင်းဆုံး ဝတ်စားဆင်ယင်တဲ့သူ။စားသောက်ဆိုင်ကို ရောက်တော့မှ မိတ်ကပ်နည်းနည်းလိမ်း၊ အလုပ်မှာ အသင့်ထားရှိထားတဲ့ ဂါဝန်၊ စကပ်တိို့ကို လဲလှယ်လိုက်တာ။
"အင်းလေ... ခ တို့များ ကြတော့နော်.. ဘယ် ဘ၀က ပါရမီလဲ မသိဘူး.. ဘယ်လောက်ပဲ စုတ်စုတ်ပြတ်ပြတ်လေး နေစေဦးတော့ မျက်နှာလေးကိုက နုဖတ်နေတာပဲ.. ခ ဆိုတဲ့ နာမည်အတိုင်း လူတိုင်းက အားလုံး ရှင့် ရှေ့မှာ ခ ကုန်တာ... အသံလေးလည်း ကောင်းတော့ ဘယ်ပြောကောင်းမလဲနော်.."
ဆိုင်က ကောင်မလေးတွေ မြှောက်ပင့်ပြောဆိုနေသည်ကို ခ ယဲ့ယဲ့သာ ပြုံးလိုက်မိပြီး ဆလင်းဘတ် အိတ်ကလေးထဲမှ နိုကီယာ ခလုတ်ဖုန်းလေးကို ထုတ်ယူလိုက်တော့ ထုံးစံ မပြတ်ပင် မခိုင်က ရယ်သည်။
"ခရယ်.. ဒီ ခတ်ကြီးထဲမှာ နိုကီယာ ဖုန်းကိုင်နေသေးတာ ခ တစ်ယောက်ပဲ ရှိတယ်.. အိမ်က သားနှစ်ယောက်တောင်မှ အဲဒီ ဖုန်းသွားပေးရင် ယူမှာ မဟုတ်ဘူး.. သူတို့တောင် နောက်ဆုံးပေါ် အိုင်ဖုန်း ဝယ်ပေးထားရတယ်... ဒီကောင်တွေ ကြိီးများ လာရင်တော့ တစ်ခေါင်းလုံး တစ်မွှေးမှ မကျန်အောင်တောင် အလုပ်လုပ်ရမယ့် ပုံပဲ..."
အသီးသီး အဝတ်စားလဲ ခန်းထဲမှ ထွက်သွားကြပေမယ့် ခ ကို အခင်ဆုံး ဖြစ်သည့် မခိုင်ကတော့ ခ နှင့် စကားပြောကောင်းရင်း ကျန်ရစ်ခဲ့သည်။
ခ ဒီဆိုင်လေးမှာ အလုပ်စဝင်စဉ်က ဆယ်ကျော်သက် အရွယ်လေးပဲ ရှိသေးသည်။ ပြော၇လျှင် ၁၇ နှစ်လောက်ပေါ့ ဆယ်တန်းကို ဖြေဆိုပြီး ခါစ အရွယ်လေး။
ရန်ကုန် ရောက်ရောက်ခြင်း ဦးဝင်းမြိုင်တို့ အိမ်မှာ ခေတ္တတည်းခိုခဲ့သည်။ နောက်တော့ သူ့ အကူအညီနှင့်ပင် သူ မန်နေဂျာ လုပ်သည့် စတား စားသောက်ဆိုင်မှာ စားပွဲထိုး ဝင်လုပ်ခဲ့သည်။
အသက်ပြည့်တဲ့ အချိန်ရောက်တော့ ဦးဝင်းမြိုင်က ရွေးချယ်စရာ နှစ်ခုပေးသည်။ စားပွဲထိုးပဲ ဆက်လုပ်မလား ဒါမှ မဟုတ် ဖျော်ဖြေရေး ဘက်ကို သွားမလားတဲ့။ စိတ်ဝေဒနာလည်း ရှိ၊ နှလုံးရောဂါ လည်း ရှိသည် မေမေ၏ ဆေးဖိုးဝါးခ က စားပွဲထိုး လစာနှင့် ဘယ်လိုမှ မကာမိ ဖြစ်လာတော့ ရွေးချယ်စရာလည်း မရှိဖြစ်ခဲ့သည့် ခ အတွက် ဖျော်ဖြေရေး ဘက်ကိုသာ ဝင်ရောက်ခဲ့၇သည်။
စတင်နှင့် ကာရာအိုကေ တွဲဖက် ဖွင့်ထားတဲ့ ဒီ ဆိုင်လေးမှာ ခ ကတော့ စင်တင် အဆိုဘက်ကိုသာ ရွေးချယ်ခဲ့တာ အခု လေးနှစ်တောင် ပြည့်တော့မည်။
မခိုင်ကတော့ ခ အထက် အသက်လည်း ကြီး ဝါလည်း ရင့်သူ ဖြစ်သည်။ ခ ဖျော်ဖြေးရေး ဘက်ကို ဝင်ရောက်လာတည်းက မခိုင်ကသာ အရာရာ သင်ကြားပေးခဲ့သူ။
၇သမျှ လစာလေး စုဆောင်းလို့ ဥိီးဝင်းမြိုင်ဆီမှ ပြောင်းရွေ့ကာ အသင့်အတင့် ရက်ကွက်ကလေးမှာ အခန်းကျဉ်းလေး တစ်ခုကို ငှားရမ်းနိုင်ခဲ့သည်။
"ဟင်... ခ က အဝတ်အစားတောင် လဲ နေပြီလား.."
စကားပြော ကောင်းနေတုန်း အမျိုးသမီးခေါင်းဆောင် မဆွေ အခန်းထဲသို့ ဝင်လာပြီး ခ တို့ကို ခြုံကြည့်သည်။
မခိုင်တော့ မဆွေ ကို အပြုံလေးနှင့်သာ နှုတ်ဆက်လိုက်ပြီး ခ ကတော့ ခပ်တည်တည်လေးသာ နေလိုက်သည်။
သူ ဘာပြောမလဲ ဆိုတာ ကြိုသိနေတော့လည်း ခ မပြုံးပြ နိုင်တာ အမှားတော့ မဟုတ်ပါလေ.။
"ဆိုင်မှာလေ ရဲခေါင်တို့ အုပ်စု အခုပဲ ရောက်နေတယ်ကွယ်... ခ ဂျူတ်ီ အချိန် ပြီးသွားတာကို သိပါတယ်... ဒါပေမယ့်လည်း သူက ဒီဆိုင်ကို လာနေကြ ကာစတန်မာ ဆိုတော့ ဆက်ဆံရေး ကျဲလိုက်လို့လည်း မဖြစ်ဘူးလေ.. ခ အပေါ်ကိုဆို သူ ဘယ်လောက် တောင် ရက်ရော သလဲ ဆိုတာ ခ အသိဆုံးပါ ...."
ရက်ရောတာကိုတော့ ခ မငြင်းဆန်ပါ။ ရဲခေါင်ဆိုသည့် သူက ခ တို့နှင့် ကွာလှမှ သုံးလေး ငါးနှစ်ပေါ့ ၊ ငွေကို ရေလို သုံးနိုင်သည့် သူ တစ်ယောက်ဆိုလျှင်လည်း မမှား။ ခ သီချ်င်း ဆိုတဲ့ အခါ မျိုးမှာ ဆိုလျှင် ဆိုင်မှာ အမြင့်ဆုံး ဆိုသည့် အရာတွေကိုပဲ ဆုချ တတ်သူလည်း ဖြစ်သည်။
သို့ပေမယ့် သူက အသုံးအစွဲ ရက်ရော သလို အထိအတွေ့လည်း ရက်ရောသူ။ ပန်းကုံး စွပ်ရင်း မထိတထိ လက်မောင်းလေးကို ကိုင်တ်ာမျိုးတို့၊ သ၇ဖူ လေး ဆောင်းပေးရင်း ဆံပင် ရှည်လေးတွေကို သပ်တင်ပေးတတ်တာမျိုးတို့ကို လုပ်တတ်သူ။
ဒါတင်မကသေးဘဲ ပေါ်ရိလော်လီတဲ့ သီချင်းတွေကိုလည်း အတင်းတောင်းဆိုတတ်တဲ့သူ တစ်ယောက်။ ဦးဝင်းမြိုင် ရှိလျှင်တော့ သူတို့ အတင့်မရဲ တတ်ပေမယ့် မန်နေဂျာ ဦးဝင်းမြိုင် မရှိတဲ့ နေ့ဆိုလျှင် တစ်မျိုးမဟုတ် တစ်မျိုး နှင့်ကို ခ ကို ပက်သက်ဖို့ နွယ်လာတတ်သူ။
"ခ ရယ် ခဏလေး ဧည့်ခံ ပေးပါလားကွယ်နော်.. မမတောင်းဆိုတာပါ.... သူက ဒီနေ့ ခ ကိုမှ မတွေ့၇လျှင် မပြန်ဘူး လုပ်နေတယ်..."
"မပြန်ချင်လည်း မပြန်ခိုင်းနဲ့ပေါ့ မဆွေရယ်.. သူတို့ ထိုင်စားလေ ပိုကောင်းလေပေါ့..."
မခိုင်က ခ ဘက်က ဝင်ပြောပေးသည်။ ခ အခက်တွေ့နေတာကိုလည်း မခိုင်က ရိပ်စားမိသည့် ပုံပင်။
"ဟုတ်တော့ ဟုတ်တာပေါ့လေ.. ဆိိုင်ကို လာစားတဲ့ ကာစတန်မာ ကို စိတ်တိုင်းကျအောင် လုပ်ပေးရမှာက မဆွေတို့ တာဝန်ပဲ မဟုတ်လား.. သူ အခုလေ ဒိုင်းမွန်း အခန်းထဲမှာ စောင့်နေတယ်... ခ တစ်ပုဒ်လောက်ပဲ သူ့ကို private ဖျော်ဖြေပေးတဲ့.. ဆိုင် မပိတ်မချင်း ဒိုင်းမွန်း အခန်းကို သူ ယူလိုက်မယ်တဲ့..."
"ခ မတွေ့ချင်ဘူး မဆွေ.."
ခ ပြတ်ပြတ်သားသားပင် ငြင်းထုတ်လိုက်သည်။ လာမည့် ရာထူးတိုးမယ့် အချိန်မှာ မဆွေက အများဆုံး ဝင်ငွေ ရှာနိုင်တဲ့သူ ဖြစ်ခဲ့လျှင် ဒု မန်နေဂျာ ဖြစ်လာမှာမို့ ခ ကို ထိုးကြွေးနေသည် ဆိုတာ ခ လည်း သိသလို မခိုင်လည်း သိသည်။
ခ တို့ ဆိုင်မှာ ဒိုင်းမွန်း ဆိုတာ အမြင့်ဆုံးသော ကာရာအိုကေ အခန်း ဖြစ်သည်။ တစ်နှာရီကို သိန်းကျော် ပေးရသည့် အခန်းကို တစ်ညလုံး ငှားထားမယ် ဆိုတော့ ဆယ်ဂဏန်းနှင့် အထက်ကို ဝင်ငွေရတော့မှာမို့ ခ ကို လာပြီး တိုက်တွန်းနေခြင်းပင်။
"အို... ဘာလို့ တွေ့၇မှာလဲ... ခ က ကာရာအိုကေ ကမှ မဟုတ်တာ.. ခ က စင်တင် သီချင်းဆိုတဲ့ သူလေ မဆွေ... သန့်သန့်လေး နေတဲ့ ခ ကို အခန်း မဝင်ခိုင်းပါနဲ့... ခ အစား ခိုင် ဝင်ပေးမယ်.."
"ဟဲ့.. ဟိုက ခ ကို ခေါ်တာလေ.. မခိုင်ကို ခေါ်တာမှ မဟုတ်ဘဲ...."
ခ ဘက်က မခံနိုင်တဲ့ မခိုင် နှင့် မဆွေတို့ တစ်ယောက်တစ်ခွန်း စကားများကြတော့မည် ဟန်တွေ့တာမှ ခ ကပင် ကြားက ဝင်ရောက်ကာ...
"မဆွေ....ခ သီချင်း တစ်ပုဒ် ထပ်ဆိုဆို ဆိုပေးပါမယ်... ဒါပေမယ့် ဒိုင်းမွန်း အခန်းထဲမှာတော့ မဟုတ်ဘူး.. စင်ပေါ်မှာ.. ဒါ ခ ဘက်က အတတ်နိုင်ဆုံး လိုက်လျောပေးထားတာပါ..."
ခ စကားကို မဆွေက မလိုမကျစွာ မျက်နှာ ရှစ်ခြောက်ချိုးခဲ့ မဲ့ရွဲံနေလျက်..
"ငါ ပြောပါတယ်အေ.. ဒါပေမယ့် ရဲခေါင်က မရဘူး.. နှစ်ယောက်တည်းပဲ ရှိချင်တာတဲ့... စိတ်ညစ်တယ်.. တစ်ကယ်... နဲနဲ လိိုက်လျော် ပေးလို့ မ၇ဘူးလား ခရယ်..."
"စိတ်မရှိပါနဲ့.. ခ အတွက် တစ်ကယ်ကို အဆင်မပြေလို့ပါ..."
"အေးအေး.. ဒါဆိုလည်း အဲဒီလိုပဲ ငါ သွားပြော၇မှာပဲ.. တစ်ကယ်တည်း အေ... စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ မိန်းကလေးပဲ ဖြစ်နေပြီး သန့်သန့်လေး နေချင်လို့ ရမလား.. "
မဆွေ၏ စကားက ခ ရင်ထဲ နင့် ခနဲ ဖြစ်သွားရသည်။
စားသောက်ဆိုင်မှာ သီချင်းဆိုတာနဲ့ပဲ မိန်းကလေး တစ်ယောက်က တစ်စိမ်းယောင်္ကျားလေး တစ်ယောက်ရဲ့ လိုအင် ဆန္ဒအားလုံးကို လိုက်လျော ရမှာလား။
ခ ကတော့ အယဉ်ကျေးဆုံး ငြင်းထုတ်လိုက်ပေမယ့် မခိုင်က ခ ဘက်ကနေကာ မခံမရပ် ဖြစ်ရင်း
"မဆွေ ဒီလို စကားတွေ မပြောပါနဲ့ ခ ဆိုတာ ပြောရလျှင် မဆွေတို့ ခိုင်တို့ လက်ပေါ်မှာ ကြီးလာတဲ့ ကလေးလိုပဲ... ဒီမှာ အလုပ်စဝင်တာ ၅ နှစ်ရှိသည့်တိုင် ဘာညာ သတင်းတွေ ကြားဖူးသလား. အခြေအနေ အကြောင်းကြောင်း ကြောင့်သာ စင်တင်မှာ သီချင်း ဆိုတဲ့ ဘ၀လေးကို ရောက်ရတာ ခ မှာ နိုင်ငံကျော် အဆိုတော် တစ်ယောက် ဖြစ်လာဖို့ အဆင်းရော အချင်းရော ရှိတယ်.. မဆွေ ၊ဒီလို ကလေးမျိုးကို မဆွေဆို မခိိုင်တို့က မြေတောင်မြှောက်ပေးရမှာ၊ ကာရာအိုကေ အခန်းထဲမှာ ယောင်္ကျားတွေရဲ့ ခဏတာ ပျော်ရွှင်ဖို့ ဆန္ဒ အဖြည့်ခံ မဟုတ်ဘူး...."
အမျိုးသမီး ခေါင်းဆောင်ပဲ ဆိုဆို မခိုင်က မဆွေထက် ဒီဆိုင်မှာ ဝါရင့်သူမို့ ပြောရဲဆိုရဲ ရှိလှသည်။ မခိုင် စကားတွေကြား မဆွေ ပြန်မချေပ နိုင်တော့ဘဲ ခါးနှစ်ဖက်ကို ထောက် ၊ ခြေထောက််ကို ဆောင့်နင့်ရင်း အဝတ်အစား လဲခန်းထဲမှ ဆောင့်အောင့်ကာ ထွက်သွားသည့် မဆွေကို အကျေမခဲ ကျန်ရစ်နေသူက မခိုင်ပါ။
"ခ ဘာမှ စိတ်ထဲ ထားမနေနဲ့ ... ခ သူတို့ ဆီ သွားပြီး မဖျော်ဖြေလို့လဲ ဒီဆိုင် ကာစတန်မာ တစ်ယောက် မလျော့သွားဘူး... အထူးသဖြင့် ရဲခေါင်လို လူမျိုး ပိုလို့တောင် ဆိုးသေး၊ ခ ကို ဆို အသည်းအသန် ကြွေနေတဲ့လူ..."
"ဟုတ်ကဲ့ပါ မခိုင်... ခ ဘယ်လိုမှ သဘောမထားပါဘူး.. သူ ဆန်စားတော့ ရဲ ၇တယ် မဟုတ်လား. ခ လည်း အတိုင်းအတာ တစ်ခုအထိတော့ လိုက်လျောပေးပါတယ်.. ဒါပေမယ့်.."
"ဒါပေမယ့် မနေနဲ့.. ခ ပြန်တော့မှာ မဟုတ်လား.. ထွက်တော့လေ တော်ကြာ မှောင်လာမယ်..."
"ဟုတ်ကဲ့ မမ.. ခ ဆိပ်ကမ်း ဝင်ဦးမှာ.. ဒီနေ့က ....."
"အမလေး မပြောလည်း သိပါတယ်.. ငယ်ချစ်ဦးရဲ့ မွေးနေ့ မဟုတ်လား..."
မခိုင်က စနောက်တော့ ခ ယဲ့ယဲ့လေးသာ ပြုံးပြပြီး စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ပြီး ဆိပ်ကမ်းရှိရာ ဆီသို့သာ ခြေဦးတည့်ခဲ့သည်။
ဒီနေ့ဆို ညို အသက် ၂၂ နှစ်ပြည့်ပြီ။ ခ ရန်ကုန်ရောက်ကတည်းက တစ်နေရာရာမှာများ ညိုနှင့် တွေ့လေမလား ဆိုသည့် မျှော်လင့်ချက်လေး တစ်ခုကို လက်ဝယ် ဆုပ်ကိုင်ထားဆဲ။ ညိုနေခဲ့တယ့် လိပ်စာကို ခ သွားမေးကြည့်တော့လည်း ဘယ်ရောက်သွားကြလည်း မသိဘူးတဲ့။
တစ်ခါတစ်ခါလေ ခ ကို စိုက်ကြည့်နေတတ်တဲ့ ယောင်္ကျားလေးများဆိုရင် ညိုများ ဖြစ်နေမလား ဆိုပြီး ခ ပြန်ပြီး စူးစိုက်ကြည့်ခဲ့ ဖူးသည်။
သို့သော်လည်း အချိန်တွေ ကြာမြင့်လာလေ ညို နှင့် ပြန်တွေ့ရမယ် ဆိုတဲ့ ယုံကြည်ချက်လေး မှေးမှိန်လာလေပင်။
ဆိပ်ကမ်းကို ရောက်တော့ ဖြတ်တိုက်လာတဲ့ ညနေခင်း လေနုလေးကို ခ တစ်၀ကြီး ရူပစ်လိုက်သည်။ ဘယ်လောက်ပဲ ပင်ပန်းပါစေ ငြိမ်သက်နေသော ရေပြင်လောက် ခ အပူတွေကို နှစ်သိမ့်ပေးနိုင်တာ မရှိ။
ခ အနိုမ့်အမြင့် ရေစီးကြောင်းကို ကြည့်နေရင်း တစ်ဘက်မှ လှမ်းမြင်နေရသည့် ကုန်တင် သင်္ဘောကြီးတွေရယ်၊ ပြီးတော့ အလုပ်သိမ်းချိန် ကရိန်းကြီးတွေနှင့် အတင်အချ လုပ်နေသည့် ကုန်တင်နာ ကြိီးတွေရယ် ကို ငေးငေးမောမော ခ ကြည့်နေမိနေရင်းနှင်ပင် မြစ်ထဲကို ခဲလုံးလေးတွေ ပစ်ချ ဆော့ကစားမိပြီး moon river သီချင်းလေးကို တိုးတိုးလေးငြီးမိပြန်သည်။
"Moon river, wider than a mile
လရောင်အောက်က တစ်မိုင်ကျယ်တဲ့ မြစ်ငယ်ကလေးရယ်
I'm crossing you in style some day
မင်းဆီကို တစ်နေ့တော့ ကိုယ်လေ ကျော့ကျော့လေး ဖြတ်သန်းနိုင်မှာပါ
Oh, dream maker, you heart breaker
အို...အိမ်မက်တွေ မက်စေသူရယ်။ အသည်းတွေ ခွဲသူရယ်
Wherever you're goin', I'm goin' your way
မင်းခေါ်ဆောင်ရာကို ကိုယ်လည်း အတူတူ လိုက်ပါမယ်လေ
Two drifters, off to see the world
ကမ္ဘာကြီး တစ်ခုလုံး အတူတူ နှစ်ယောက်သား စီးမျောရင်း
There's such a lot of world to see
နေရာ အနှံ ခြေဆန့်လို့ရယ်
We're after the same rainbow's end
သက်တန့်လေး အဆုံးသက်ရာကို အတူတူ ရှာဖွေရင်း
Waitin' 'round the bend
မြစ်ကလေးရဲ့ အကွေ့တစ်နေရာမှာ စောင့်မျှော်နေသူ
My huckleberry friend
ခင်တွယ်၇တဲ့ သူငယ်ချင်းလေးဆီ
Moon river and me"
လရောင်အောက်က မြစ်ကလေးရယ် ကိုယ်ရယ်
သီချင်းစာသားလေးတောင် မပြီးဆုံးသေး နားထဲသို့ ဘရိတ်သံကြီး ရွှီခနဲ မြည်ကြွေးလျက် မြင်ကွင်းထဲကို ဝင်လာသည့် ဒယီးဒယိုင်ကား တစ်စီးက ခ ရှိရာ ဆီသို့ တည့်တည့်ကြီး ပြေးဝင်လာကာ
ဘာ သတိပေးခြင်းမှ မရှိဘဲ ခ ရပ်နေသည့် ကမ်းစပ်ဘက်သို့ ရောက်လုဆဲဆဲ မှာပင် ရေထဲသို့ ဦးတည်ကာ ထိုးစိုက်သွားသည်။
ရေနက်ကြီး မဟုတ်သော်ငြားလည်း ကား၏ အရှိန်က ခ ၏ မနီးမဝေးမှာပင် ရေထဲသို့ နှစ်သည်ထက် နှစ်နေတော့သည်။
ထိုနောက်တွင်လည်း အကူအညီတောင်းသံလိုလို ကြားလိုက်ရသောအခါတွင် ခ တုန့်ဆိုင်းတွေးတော့ မနေတော့ဘဲ ရေထဲသို့ အလျှင်အမြန် ပင် ခုန်ဆင်းလိုက်သည်။
ရေထဲသို့ ဖြည်းဖြည်းခြင်း နှစ်မြှပ်နေပြီ ဖြစ်သော အနက်ရောင် ကားဆီသို့ ကူးခတ်သွားလိုက်တော့ ကားအနားမှာ မေ့မျောနေဟန် တူသည့် ယောင်္ကျားတစ်ဦးပင်။
ခ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ထိုသူရှိရာ ဆီသို့ အလျှင်အမြန် ကူးခတ်သွားလိုက်သည်။
ကားကတော့ နှစ်သထက် နှစ် မြုပ်သထက် မြုပ်နေလျက်။
ရှိသမျှ ခွန်အားတို့ကို စုစည်းလိုက်ပြီး ရေ၏ခုခံမှုကို တွန်းလှန်ရင်း ထို သူ့ကို ရေမျက်နှာပြင်ပေါ်သို့ ဆွဲထုတ်ပြီးတော့မှ လေကိုအ၀ ရှူထုတ်လိုက်သည်။
ငယ်စဉ်ကလေး ဘ၀ကတည်းက ရေကို ကျွမ်းကျင်လှပစွာ ကူးခတ်တတ်ည့် ခ အဖို့တော့ သိပ်ကို ခက်ခဲ နိုင်လှသည့် မဟုတ်ပေမယ့် ကမ်းပေါ်သို့ ဆွဲတင်နိုင်ခဲ့သည့် တိုင်အောင် ထိုသူ့ခန္ဓာကိုယ်က ပျော့ပျောင်းပြီး တုံ့ပြန်မှု ဘာတစ်စုံတစ်ရာမှ မရှိ။
"ဒီမှာ... ဒီမှာ..."
ဘယ်လိုပင် လူပ်နိုးနိုး လူပ်ရှားလာခြင်း မရှိသည့် ခန္ဒာကိုယ်ကြီးက ခ အရှေ့မှာ မေ့မျောနေတော့ ခ ဘာမှ မစဉ်းစားတော့ဘဲ ခ တတ်သမျှ အသက်ကယ်ဆယ်ရေး နည်းလမ်းများနှင့် ကြိုးစားကြည့်သည်။
ခ နှုတ်ခမ်းလေး သူ့ နှုတ်ခမ်းကြီးပေါ်သို့ တေ့ကာ CPR လုပ်ပေးလိုက်ချိန်မှာတော့ စူးရဲတောက်ပ လွန်းသည့် သူ့မျက်လုံးတွေ ဖျပ်ခနဲ ပွင့်လာပြီး ခ ၏ မျက်နှာကို သော့ခတ်ထားသလို စိုက်ကြည့်နေသည်။
ခဏတာ သူ့ အကြည့်တွေထဲ ရုန်းမထွက်နိုင်သည့် ခ ဘာကြောင့်မှန်း မသိ ကြောက်စိတ်တို့ ရိပ်ခနဲ တိုးဝင်လာတော့ သူ့ အနားမှ ထွက်သွားရန် ပြင်ဆင်နေချိန်မှာပင် ခ လက်ကို ပြန်လည် ဆွဲဆောင့် လိုက်သည့် မထင်မှတ်ထားသည့် လုပ်ရပ်ကြောင့် ခ ကိုယ်လုံးလေး သူ့ ရင်ခွင်ထဲသို့ ပုံခနဲ ခွေကျသွားရသည်။
ဒါကို သူ အလွှတ်မပေးဘဲ ထိတ်လန့်ကြောက်ရွံနေ့သည့် မျက်ဝန်းလေးတွေကို စူးစူးရဲရဲကို စိုက်ကြည့်ရင်း သူ့ နှုတ်ခမ်းထူထူကြီးပေါ်သို့ ခ နှုတ်ခမ်းလေးအား ထပ်မံကျရောက်စေလိုက်သည်။
သူစိမ်းယောင်္ကျာားလေး တစ်ယောက်၏ အနမ်းကြမ်းတွေကို မခံယူခဲ့ဖူးသူ ခ မူးမေ့လဲ မတတ်ကို ဖြစ်နေစဉ်မှာပင် လူနာတင်ကားများ၏ ကျယ်လောင်သော ဥဩဆွဲသံများ ရဲကားများမှ အချက်ပေးသံများနှင့် ကားအနက်ကြီးများ ရုတ်ချည်း ချည်းကပ်လာတော့မှ ခ လည်တိုင်လေးကို အတင်းချုပ်ကိုင်ထားသည့် လက်တွေ အလွှတ်ပေးလိုက်သည်။
ကြောက်စိတ်တွေရော ရှက်စိတ်တို့ပါ ရောထွေးလျက် အနောက်သို့ ပြန်လည် မကြည့်တောဘဲ သူ့ အနားမှ အပြေးတစ်ပိုင်း ထွက်လာသည့်တိုင် ထူထဲနေသည့် နှုတ်ခမ်းအစုံမှ ညို့ငင်နေသာ အပြုံးတစ်ရပ်က ကပ်ပါလာဆဲ။
တိုးတိုးလေး ကပ်ပြောလိုက်သည့် စကားလုံးတွေကြောင့် ခ တစ်ကိုယ်လုံးက အကြောများ ရပ်တန့်သွားသလို ပင်.
ကိုယ်တို့ ပြန်တွေ့ ဦးမှာပါတဲ့။
YOU ARE READING
ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)
Romanceရက်စက်တယ်၊ ခက်ထန်တယ် သြဇာကြီးတယ်ဆိုသည့် Business Tycoon လည်းဖြစ် ရန်ကုန်တိုင်းကြီးကို အုပ်စိုးမယ့် အမတ်လောင်းလဲ ဖြစ်တဲ့ ဦးစီးက ခ ဆိုတဲ့ စားသောက်ဆိုင်က အဆိုတော် မလေးကိုမှ မမျှော်လင့်ဘဲ ချစ်မိသွားတဲ့ အခါ ခ ၏ ကြမ်းတမ်းခဲ့တယ့် အတိတ်မှာလည်း သိပ်ကို နူးည...