အခန်း (၄၅)

296 9 0
                                    

"ငါ ထောင် ၁၀ နှစ် အချခံရတယ်.. ထောင်ထဲက ထွက်လာတော့ ဦးကုဋေရဲ့ဆီမှာ မိုက်ခ် ဆိုတဲ့ နာမည်နဲ့ အလုပ်ဝင်ပြီး ရွှေအဆင်း အကြောင်းကို ငါ စုံစမ်းတယ်... နောက်တော့မှ သိရတာက အမည်ဖော်သူ မရှိ၊ ပိုင်ရှင်မရှိတဲ့ အလောင်းတစ်ခု အနေနဲ့ပဲ ငါချစ်သူကို ဆုံးရူံးလိုက်ရတယ်.. ပြီးတော့ ငါ ချစ်သူ သတ်ခဲ့တယ့် သူကလည်း ဦးကုဋေသန်းထိုက် မဟုတ်ဘဲ... မင်း.. မင်း ဖြစ်နေတယ်..."

ဦးစီး၏ မျက်ဝန်းများက စိုးရိမ်ထိတ်လန့်စွာ မိုက်ခ်ကို ကြည့်လိုက်မိသည်။ ဒီအချိန်မှာ မိုက်ခ် ဟာ ကလဲ့စား ချေလိုမူတို့က လွဲ၍ ဘာမှ မရှိတော့။ သစ္စာတော် သစ္စာစောင့် သိတဲ့ ကိုယ်ယံတော် မိုက်ခ် ဆိုတာလည်း ယောင်ဆောင် ထားခဲ့သည်ပဲ။

"မင်း ချစ်သူကို ငါ မသတ်ဘူး.. မိုက်ခ်.... မတော်တဆဖြစ်ပျက်ခဲ့တာ..... ရွှေအဆင်း သေဆုံးဖို့ကို ငါ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး... ငါ ကိုယ်တိုင်ကလည်း ဆယ်ကျော်သက် အရွယ်ပဲ ရှိခဲ့တာ... ငါ အမေကို အမျိုးမျိုး စိတ်ဒုက္ခ ပေးနေတဲ့ မိန်းမတွေ ရန်ကနေ ကာကွယ်ချင်ယုံ သက်သက်ပဲ... နောက် ဘယ်တော့မှ အိမ်ကိုမလာဖို့ အသိပေးယုံ သက်သက်ပဲ ငါ သူ့ အနောက်ကို လိုက်ခဲ့တာ

ရွှေအဆင်း ဆိုင်ကယ်မီးလောင်သွားတော့ ငါကိုယ်တိုင်လည်း ကြောက်ပြီး.. ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေတဲ့ ငါ က ငါ အဖေရဲ့ စကားကို နားထောင်ခဲ့ပြီး ကျောင်သွားတတ်ခဲ့တာ... ဒါပေမယ့် အများအမြင်မှာသာ ကျောင်းတစ်ခုလို ပညာသင်ရပေမယ့် အမှန်တစ်ကယ်က ဆိုးသွမ်းပြီး ပြစ်မူကျူးလွန်ထားတဲ့ လူငယ်တွေကို လေ့ကျင့်ပေးတဲ့ ထောင်တစ်ခုကွ... နေ့တိုင်းက အသက်ရှင်ဖို့ကို ကြိုးစားရတဲ့ ထောင်တစ်ခု"

မိုက်ခ်ရဲ့မျက်နှာသည် ဒေါသတွေနှင့် နီရဲသွားပြီး အသံကလည်း ကာစီနို အခန်းလွတ်ကြီးထဲမှ အက်ကွဲသွားသည်။

"မတော်တဆ ဟုတ်လား.. ဦးစီး... မင်းရဲ့ မတော်တဆကြောင့် ငါ့ ဘ၀ကြီး တစ်ခုလုံး ဖျက်ဆီး ခံလိုက်ရတယ်... မင်း နဲ့ မင်း အဖေကတော့ အရာအားလုံးကို ဘာမှ မဖြစ်ခဲ့ သလိုမျိုး ဘ၀ကို ရှေ့ဆက်တယ်...လူတစ်ယောက်ရဲ့ တန်ဖိုးထား မြတ်နိုးတဲ့ အရာအားလုံး ​တဒင်္ဂ ထဲမှာ ဆုံးရူံးသွားတာ ဘယ်လောက်ဆိုးရွားလဲ မင်းသိလား.."

ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)Where stories live. Discover now