အခန်း (၉)

42 2 0
                                    

ကျောင်းလာတော့လည်း ကျောင်းထဲသို့ ပေးမဝင်ဘဲ ကျောင်းဂိတ်ပေါက်ကနေသာ အတင်း ပြန်လှည့်ခိုင်းသည်။

ရွာထဲသို့ လှမ်းဝင်မယ် လုပ်လိုက်တိုင်း လူတွေရဲ့ မသတီ​သော မျက်လုံးတွေကို ရင်ဆိုင်ရသည်။

ရွံရှာ နှာခေါင်းရူံသော အကြည့်တွေကို ရင်မဆိုင် နိုင်လို့ ရွာအဝင်ဝကနေ လှည့်ပြန်ခဲ့ ရသည့် နေတွေ ထပ်ခဲ့ပြီ။

ခ ကတော့ နှစ်ရက် တစ်ခါလောက် ရောက်လာတတ်ပြီး သူတို့ အတွက် လိုအပ်သည့် စားစရာ အဝတ်အထည်များ လာပေးတတ်သည်။

အဖေကလည်း ရောဂါ အခြေအနေက မသက်သာ လာသည့် အပြင် ပိုမို၍ ဆိုးရွားလာသည်။ ဆေးရုံတင်မည့် ကိစ္စကလည်း ချက်ချင်း အကောင်အထည် မဖော်နိုင်သေးဘဲ ရွာဆေးပေးခန်းမှ ဆရာဝန် က​တော့ မကြာမကြာ လာကြည့်ပေမယ့် ဘယ်တော့မှ သတင်းကောင်း ဆိုတာ မရှိခဲ့။

ဒီနေ​တော့ အဖေ ပို၍ ဆိုးရွာလာသည်။

ဆရာဝန် ခေတ္တမျှ လာပြီး ပြန်ထွက်သွားသည်။ မျက်နှာ မကောင်းသည်မို့ နေညို တဲကလေးထဲသို အပြေးဝင်တော့ အဖေက အသက် ယဲ့ယဲ့လေးသာ ကျန်တော့သည်။

"နေညို... ခဏ လာဦး သား... "

"အဖေ... "

အဖေ ဆီမှ သား ဟု ခေါ်သံကြောင့် နေညို မျက်ရည်တွေ ၀ိုင်းသွားရသည်။ သူ့ တစ်သက်တာ အဖေက သား ဟု တစ်ခါမှ မခေါ်ခဲ့ ဖူးပါ။

"နေညို... ငါ မနေရတော့ဘူး ဆိုတာ သိတယ်... သား... ဒါကြောင့် သား ကို တစ်ခု ပြောခဲ့ မယ်...မင်း သေချာ မှတ်ထားနော်..."

"အဖေ ဘာပြောမလို့လဲ... ကျွှန်တော် နားထောင်နေပါတယ်... "

"သား... မင်း က ငါ့ သား မဟုတ်ပါဘူး ..."

"ဗျာ...."

အဖေ၏ ခပ်လေးလး စကားသံမှာ သူ အံ့ဩခြင်းကြီးစွာ မျက်လုံးအစုံ ပြူးကျယ်သွားသည်။

ဒါ ဘယ်လို အဓိပ္ပယ်လဲ။

အဖေ ရယ်လို့ သူ့ ဘဝ သက်တန်း တစ်လျှောက်လုံး ခေါ်ခဲ့သည့် သူက သူ့ အဖေ မဟုတ်ဘူး တဲ့လား။ နေညိုမောင် ဆိုတဲ့ သူက ရော လင်းမောင် ဆိုတဲ့ သူ ရဲ့သား မဟုတ်ဘူးလား..

ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)Where stories live. Discover now