အခန်း (၂)

84 3 0
                                    


"မင်း ဘယ်တွေ လျှောက်သွားနေတာလဲ... နေညို... ဒါ​ ကျောင်းသွားရမည့် အချိန်မဟုတ်ဘူးလား...မင်း ကို ဒီလို အပင်ပန်းခံ​ပြီး ရှာကျွေးနေတာ...ပညာတတ် တစ်ယောက်ဖြစ်လာဖို့... "

လှေအိမ်ပေါ် တက်တက်ချင်း သူ့ မျက်နှာပေါ်က ဖူးယောင်မူတွေကို မကြည့်အားသေးဘဲ မှန်ရှေ့မှာ ဆံပင် အတုကြီးကို ဖီးသင်နေရင်း ဖေဖေက ကြိမ်းမောင်းသည်။

ရှာကျွေးတယ် ဆိုသည့် စကားကြီးက ပါလာတော့ သူ စိတ်ထဲ နင့်ခနဲ ဖြစ်သွားရသည်။

ငါ့ အရ်ိပ်အောက်မှာ ခိုချင်ရင် ခို မခိုချင်လျှင် နေ ဆိုသည့် ဝတ္တရားကျေ ဆက်ဆံခဲ့သည့် ဖေဖေက ဒီလို မဏ္ဍပ် တိုင် တက်ပြချင်သေးသည်။

"ဘယ်အချိန်တုန်းက စိုးရိမ်ဖူးလို့လဲ အဖေ... ဘယ်သွားသွား.. ဘယ်လာလာပေါ့..."

"ဘာ... ဒီကောင်..."

လက်ဖဝါးကြီးကို ဖြန့်ရင်း လှည့်ရိုက်ဖို့ လုပ်လိုက်ပေမယ့် ပါးပေါ်က ဒဏ်ရာတွေကို ကြည့်ကာ ဖေဖေ မရိုက်ဖြစ်တော့ဘဲ သူ့ကိုသာ ငေးကြည့်နေသည်။

"မင်း ရန်ဖြစ်လာတာလား..."

"ဟုတ်တယ်.. အဖေ.. ကျွန်တော် ရန်ဖြစ်လာတာ......"

"ငါကတော့ ပညာတတ်စေချင်လို့ ကျောင်းထားတယ်... လူမိုက်ဖြစ်ချင်တဲ့ မင်းက ရန်ဖြစ်တယ်... အေး.. ကောင်းတယ်... လုပ်.. လုပ်..."

သား ဖြစ်သူ ဘာကြောင့် ရန်ဖြစ်လာရသလဲ။ ဒီလောက် ဖူးယောင်နေသည့် မျက်နှာပေါ်က နာကျည်မူတွေက ဘယ်တောင်တောင် ရှိနေမလဲလို့ အဖေ တစ်ချက်မှ မမေးသည်ကို သူ ရင်နာလို့ မဆုံး။

အမှန်တစ်ကယ် ဆိုလျှင် အဖေ့အတွက် မခံမရပ်နိုင် ဖြစ်ပြီး ခုခံခဲ့တာပါသည်။

"မိဘကတော့ သားသမီးဆိုတော့ ဆုံးမမယ်... မင်း က ဒါကိုမှ မနာခံရင်လည်း မင်းထိုက်နဲ့ မင်းကံပဲ.. ကျောင်းသွားချင်လည်း သွား.. မသွားချင်လည်း မသွားနဲ့ဟေ့... မင်း ကိစ္စ မင်းဘာသာ ရှင်းနော်... မိဘတွေ ဘာတွေ ခေါ်ရင် မလိုက်ဘူး ဆိုတာ ကြိုသိအောင် ပြောထားတာ..."

ဒီလို စကားလုံးတွေနှင့် အဖေ၏ ဥပေက္ခာ ပြုမူတွေကိုလည်း သူ ခံရစမြဲ။

ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)Hikayelerin yaşadığı yer. Şimdi keşfedin