အခန်း (၄၃)

223 8 0
                                    

ရွှေအဆင်းနဲ့ သူတို့ စတွေ့ခဲ့ကြတာ လွန်ခဲ့သော ၂၃ လောက် မြို့ငယ် သေးသေးလေးက စားသောက်ဆိုင် တစ်ခုမှာ ဖြစ်သည်။ Open လို့ နီယွန်ဆိုင်းဘုတ်လေး ပြတ်တောက်ပြတ်တောက် နှင့် တဖျပ်ဖျပ်ခတ် လင်းလက်နေသည့် ဆိုင်လေး၊ ဘီယာ အရက်နှင့် အစားအသောက်ကို တွဲရောင်းသည့် ဆိုင်ကျဉ်းကျဉ်းလေးမှာ ရယ်မောသံတွေ၊ ချီးယားလို့ အော်ပြီး စားသောက်နေကြသည့် သူတွေနှင့် ပြည့်နှက်နေသည့် ဆိုင်ကလေး တစ်ခု၏ နွေရာသီ ညလေး တစ်ညမှာပဲ ဖြစ်သည်။

အသက် အားဖြင့် ၂၂ နှစ် စုတ်တီးစုတ်ပေ ဂျင်းဂျာကင်လေး တစ်ထည်ကို ဝတ်ဆင်ထားရင်း ကျောပိုးအိိတ် အဟောင်းကလေးကို လွယ်ထားသည့် အိမ်ပြေး ရောင်သူ ဆိုသည့် ဘ၀ထဲကို ရုတ်တရက် သူမ ဝင်လာခဲ့လိမ့်မည် ဟု ထင်မထားခဲ့။

ဘုကျကျ ဟန်ပန်နှင့် လွယ်အိတ်ကို ပစ်ချလို့ နီးစပ်ရာ ခုံတစ်ခုမှာ ဝင် ထိုင်လိုက်ပြီး မျက်လုံးကို ဆိုင်တစ်ပတ် ဝေ့ဝဲကြည့်လိုက်တော့ သူ ပထမဆုံး သတိထားမိတာ စားသောက်ဆိုင်ရဲ့ ကောင်တာသေးသေးလေး အနောက်မှာ တစ်ယောက်တည်း အလုပ်တွေ ရူပ်နေတဲ့သူမ။ ပိတုန်းရောင် ဆံနွယ်လေးတွေကို ဖြစ်သလို ထုံးပတ်ထားရင်း နားရွက်ထဲမှာလည်း ခဲတံ တစ်ချောင်းကို ညှပ်လို့ ရိုးရိုးတီရှပ်အဖြူကလေးနှင့် ဂျင်းဘောင်းဘီရှည်လေး တွဲကာ ဝတ်ဆင်ထားသည့် သူမက ညစ်ညမ်းနေသော ဒီ ဆိုင်ပတ်ဝန်းကျင်နှင့် လိုက်ဖက်မူ မရှိလောက်အောင်ကို ချစ်စရာကောင်းလွန်းနေသည်။

လူပ်ရှားမူတိုင်းက အစီအယဉ် တကျလေး ဖြစ်နေကာ သူမရဲ့ အရှေ့မှ ဖောက်သည်တွေနှင့် စကားပြောရင်း အဖျော်ယမကာ လေးကို ကျွမ်းကျင်စွာ လောင်းထည့်နေသည်ကို ကြည့်ရင်း သူ တစ်ချက် ပြုံးမိသွားသည်။

"ဘာ စားမလဲ အကို.."

လက်ထဲစာအုပ်ငယ်ကလေးကို ကိုင်ရင်း ခဲတံလေးနှင့် တိုးတိုးလေး တောက်ကာ စားပွဲရှည့်လာရပ်သည်ထိတောင် ညိုမှောင်နေသည့် သူမ မျက်ဝန်းလေးတွေဆိီက မခွဲခွာရက် ဖြစ်​နေသည့် သူ မြင်မြင်ခြင်းပင် သူမကို စွဲလမ်းသွားရသည်။ ခြေဦးတည့်ရာ ထွက်လာခဲ့သည့် သူ အတွက် အခုတော့ ပန်းတိုင်ကို ရောက်လိုက်သလိုမျိုး ကျေနပ်သွားခြင်းတွေနှင့် မျက်ဝန်းတွေမှာ အရောင်တွေလဲ့လာသည့် သူ့ကို သူမက ပြုံးကြည့်သည်။

ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)Where stories live. Discover now