အခန်း (၂၁)

46 2 0
                                    

"ကားက ဘာဖြစ်တာလဲ.."

နံရံကို ဟန်ပါပါ မှီလျက် စီးကရက်ကို အရသာခံသောက်နေသည့် သူ့ ပုံစံက မြင်သူ ငေးကြည့်လောက်စရာ။

စူးရဲတောက်ပနေသည့် မျက်လုံးအစုံ၊ ဓားသွားတွေကဲ့သို့ ချွန်ထက်နေသည့် နှုတ်ဖျားနှင့် မေးရိုးတွေ သွယ်လျနေသည့် သူက ရန်ကုန်တိုင်းကြီး တစ်ခုလုံးကို မကြာမှီ အုပ်စိုးဖို့ အလားအလာအကောင်းဆုံးတွေ ရှိနေတဲ့ အမတ်လောင်း ဦးစီး။

အမည်နာမ နှင့် လိုက်အောင်ကို ဦးစီး ဦးဆောင် ပြုနိုင်သည်။ ဆုံးဖြတ်ချက် ခိုင်မာသည် ရဲရင့်ပြတ်သားသည်။

ဒါကြောင့်လည်း သူ့ လက်အောက်က ကြီးကြီးငယ်ငယ် အလုပ်သမား အားလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရသောသူ။

မြန်မာနိုင်ငံ၏ အထင်ရှားဆုံး စီးပွားရေး လုပ်ငန်းရှင် တစ်ဦး။ ကုန်သွယ်ရေးမှာ ဘုရင် တစ်ဆူလို့ တင်စားပြောရတဲ့ သူ တစ်ဦး။

"ဘရိတ်ပေါက်တာလို့ ပြောပါတယ် ဘောစ့် ..."

သူ ဟင်းခနဲ မဲ့လိုက်ပြီး ဝီစကီ ကို ပုလင်းထဲမှ ခွက်ငယ်လေး ထဲသို့ ပြောင်းထည့်လိုက်သည်။

ဘရိတ်ပေါက်တာကလည်း သူ စိတ်တွေ ငြီးငြူလို့ ဆိပ်ကမ်းမှာ တစ်ဦးတည်း ကားထွက်မောင်းတဲ့ အချိန်ကျမှတဲ့လား။ လူတွေရဲ့ ပြောစကားကို အလွယ်တကူ ယုံကြည်ခြင်း မရှိတဲ့ ဦးစီး အတွက်ကတော့ ပုံပြင် တစ်ပုဒ်လောက်တောင် နားထောင်လို့ မကောင်းတဲ့ ဆင်ခြေတွေအတွက် အချိန်ရှိမနေ။

"ဒါ၇ိုင်ဘာ ဘသိုက်ကို ဘယ်လို စီရင်လိုက်ရမလဲ ဘောစ့်"

ညာလက်ရုံးလဲ ဖြစ်၊ ဘော်ဒီကတ်လည်း ဖြစ်နေသည့် မိုက်ခ်၏ အမေးကြောင့် သူ နှုတ်ခမ်း လူပ်ရုံသာ ပြုံးပြလိုက်သည်။ အဖြေကို သိနှင့်နေပြီးသား မိုက်ခ်ကလည်း သူ့ လက်ကိုင်ဖုန်းမှ ခလုတ်တစ်ခု ကို နှိတ်လိုက်ရုံနှင့် ကိစ္စအားလုံး ပြီးမြောက် အရာရောက်လေသည်။

စီးကရက်တိုကို ဆက်မသောက်ပဲ လသာဆောင်မှ တစ်ဆင့် တောက်ထုတ်ပြစ်လိုက်ပြီးတော့မှ ရိတ်ခနဲ ဝင်လာသည့် မျက်လုံး၀ိုင်း၀ိုင်းလေးတွေ နှုတ်ခမ်း နုနုလေးတွေကို ပြန်သတိ၇မိတော့ သူ မရည်ရွယ်ဘဲ ပြုံးမိသွားသည်။

တစ်ခဏတာ ထွေးပွေ့ထားခဲ့မိသည့် ထို မိန်းကလေး၏ အထိအတွေ့လေးက ဘယ်သောအခါမှ မမေ့ပျောက်သွားတော့မည် အရာတစ်ခု လို သူ့ ကို အခုထိ ကြီးစိုးနေဆဲ။

" သူ့ကိုရော ရှာတွေ့ပြီလား..."

အဆုံးအစမဲ့ မေးလိုက်တော့ သူ့စကားကြောင့် မိုက်ခ် မျက်နှာ ကွက်ခနဲ ပျက်သွားပြီး ခေါင်းကို မရဲတရဲ ခါယမ်းသည်။

"ကျွန်တော် မတွေ့ဘူး ဘောစ့် ... အမှန်အတိုင်းပြောခွင့် ရှိရင် ကျွန်တော် တစ်ခုလောက် ပြောချင်တယ်..."

စကားတွေကို အပိုပြောလေ့ မရှိသည့် ဦးစီးက နှုတ်ခမ်းကို တင်းခနဲ စေ့လိုက်သည့်။ ဒါက ခွင့်ပြုတယ် ဆိုသည့် သဘောဆောင်သည်မို့ မိုက်ခ်က သူ ပြောရမည့် စကားကို ဆက်ပြောသည်။

"ကျွန်တော် ထင်တာကလည်း ဆရာဝန်ကြီး ထင်တဲ့ အတိုင်းပဲ ဘောစ့် ... ဘောစ်ရေအောက်ကို ရောက်သွားတဲ့ အချိန်မှာ အောက်စီဂျင် နဲ သွားပြီး မြင်မိမြင်ရာ မြင်ခဲ့တာရော မဖြစ်နိုင်ဘူးလား... ကျွှန်တော်တို့ ကားတွေရောက်လာတော့ရော..လူနာတင်ကားတွေ ရောက်လာတဲ့ အချိန်မှာပါ.. ဘောစ့် ဘေးနားမှာ ဘယ်သူမှ ရှိမနေဘူး... ဘောစ့် တစ်ယောက်တည်းပဲ ကမ်းပေါ်မှာ..."

"ဒါဆို... ငါ့ကို ကမ်းပေါ်ကို ကယ်တင်ခဲ့တယ့် သူကရော... "

"ဟုတ်တယ်...အဲဒါကတော့ ပဟေဠိ တစ်ခုလို ဖြစ်နေတယ်... ရေမကူးတတ်တဲ့ ဘောစ့် က ဘယ်လို လုပ်ပြီး ကမ်းပေါ်ကို ပြန်တက် နိုင်လာတာလည်း ဆိုတာကတော့ ဘယ်သူမှ အဖြေဖော်လို့ မရဘူး..."

"အဖြေက ရှိပြီးသားပါ.... ငါ့ အနားမှာ သူ ရှိနေခဲ့တယ်..."

"ဒါဆို... ဘာကြောင့် သူ ထွက်ပြေးသွားတာလဲ.... ဘောစ့် လို လူမျိုးကို ကယ်တင်ခွင့်ရလို့ နာမည်ကောင်း ဝင်ယူရမှာ မဟုတ်ဘူးလား...."

သူ ဘာမှမပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။

သူ ရူးရူးမူးမူးကြီး နမ်းလိုက်သည့် အနမ်းကြောင့်သာ ထွက်ပြေးသွားသည် ဆိုလျှင် မင်း ဒီတစ်သက် လွတ်အောင်တော့ ပြေးထားလိုက်ပါ။

*************************
"ဦးလေးအုန်း... ဒါ ဘာလုပ်တာလဲ...."

ဆိုင်မှ အပြန် အိမ်ထဲသို့ ဝင်ဝင်လာချင်း တွေ့လိုက်၇သည့် မြင်ကွင်းကြောင့် ခ တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးကြောတွေ တစ်ဟုန်ဟုန်းတောက်လောင်လာသည် လို့တောင် ထင်ရသည်။

အချိန်ကိုလည်း ကြည့်လိုက်ဦး ည ၁၀ နာရီ​ကျော်နေပြီ ဖြစ်သည်။ ဒီအချိန်ကြီး ဒီလူကြီး ခ တို့ ဘက်ကို ဘာကြောင့် လာရသည်လဲ။

ခ တို့ အိမ်ကလေးက တစ်ထပ်တိုက် ပျဉ်ထောင်အိမ်ကလေးကို နှစ်ခြမ်းခွဲကာ အလယ်မှ ထရံကလေး ကာထားရသည့် အခန်းငယ်လေးပင်။

ခေါင်းရင်းခန်းကိုတော့ ခ နှင့် ခ မေမေတို့ နှစ်ယောက်ငှားရမ်းထားပြီး ခြေရင်းခန်းကိုတော့ အုန်းခင်ဆိုသည့် အရက်သမား ဆိုက်ကားသမား တစ်ဦးက နှင့် သူ၏ အမ ဖြစ်သူ ကြက်သားသည် ဒေါ်ကြွယ်က ငှားရမ်းသည်။ သူတို့တွေ မတိုင်ခင် ကတော့ မိသားစု တစ်ခု နေခဲ့ပြီး အိမ်လစာ မှန်မှန် မပေးနိုင်သဖြင့် အိမ်ရှင် အဒေါ်ကြီးက အိမ်ပေါ်မှ နှင်ချခဲ့သည်။

အခုတော့ အိမ်လစာ မှန်မှန်ပေးနိုင်ရုံ နှင့် မည်သူ့ကို မဆို ငှားရမ်းသည့် အထဲမှာမှ ဦးအုန်းခင် ကြီးတို့ မောင်နှမက အဆိုးဆုံး ဖြစ်သည်။

ညဘက် ဆိုက်ကားဆွဲပြီး ပြန်လာလျှင် အရက်ကလေးက စိုလာပြီ။ ပြီးတော့ ဒီအတိုင်း မနေဘဲ ခ တို့ ဘက်ကို အကြောင်းမရှိ အကြောင်းရှာ ကူးကူလာတတ်သည်။

မိီးဖိုချောင်ကို အတူသုံးစွဲ၇သည်မို့ ညစာ စားမည်ဟု ဆိုသည်က တစ်မျိုး၊ အမြည်းလေး လုပ်မည်ဟု ဆိုသည်က တစ်မျိုးနှင့် ည အချိန်မတော်လည်း မီးဖိုခန်းထဲ အရက်လာလာသောက်တတ်သည်မို့ ခ ဆယ်အိမ်ခေါင်းကို တိုင်ထားတော့ အခုနောက်ပိုင်း အနေအထိုင် ဆင်ခြင်နေပေမယ့် ခ အိုဗာတိုင် ဆင်းပြီး ပြန်လာတဲ့ နေ့တွေမှာ ဆိုလျှင် မီးဖိုခန်းထဲ အရက်နံတွေက ရနေစမြဲ။

အခုတော့ လူယုတ်မာကြီးရဲ့ ရည်ရွယ်ချက်က ပက်ပင်းတိုးချေပြီ။

ခန်းဆီးလေးဖြင့်သာ ကာရံထားသည့် ခတို့ အိပ်ခန်းကို လှစ်ဟာ ကြည့်နေသည့် ထိုသူကြီးရဲ့ မျက်လုံးကြီးတွေက ရွံရှာ စရာကောာင်းလှသည်မို့ ခ ဘာမှ စဉ်းစားမနေတော့ဘဲ သူ့ကို တွန်းထုတ်ပစ်လိုက်သည်။

ခ တွန်းလိုက်သည့် အားမပါလှပေမယ့် အရက်က မူးမူးနှင့်မို့ သူ့ အရှိန်နှင့် သူ ကြမ်းပြင်ထက်သို့ ဖင်ထိုင်လျက် လဲကာ ကျသည်။

"အမလေး အမလေး ညည်းကများ ငါ့မောင်ကို တွန်းတယ်ပေါ့...."

ကိုယ်တွန်းလိုက်သည်က နည်းနည်းရယ်။ ဒါကို မြင်သည့် ဦးအုန်းခင်၏ အမဖြစ်သူ ဒေါ်ကြွယ်က ခုနှစ်အိမ်ရှား ရှစ်အိမ်ကြားနှင့် ငိုကြီးချက်မ အော်ငိုတော့ ရက်ကွက်ကလည်း မှိတ်နေပြီးသား မီးတွေ လင်းလာသည်။

"ဒေါ်လေးကြွယ်.. ခ တွန်းလိုက်တာ က နည်းနည်းပါ ဦးလေးအုန်းက သာ သူ့ဘာသာ သူ မူးပြီး လဲကျတာ..."

"အမလေး... ညည်းက ဘာမို့လို့ ငါ့ မောင်ကို တွန်း၇တာလဲ...."

ခါးကြီးကို နှစ်ဖက် ထောက်လို့ ထရံ အဟ ကြားမှတစ်ဆင့် ခ တို့ ဘက်ကို ကူးလာရင်း ခ ကို တည့်တည့်ကြည့်ကာ ပြောသည်။

ပါးစပ်က ဖွင့်မပြောချင်တာမို့ ခ မျက်နှာကို ရှောင်လွဲလိုက်ပြီး လေသံ ညင်းညင်းဖြင့်သာ တိုးတိတ်စွာ ဆိုလိုက်သည်။

"ဒေါ်လေးကြွယ်... နောက် ဒီလို့ မဖြစ်ရအာင် ဦးလေးအုန်း မူးလာရင် ခ တို့ ဘက်ကို မလာပါစေနဲ့.. ဒီ အချိန်ကြီးကြမှ မိန်းမသား နှစ်ယောက်တည်း နေတဲ့ ခ တို့ ဘက်ကို ကူးလာတာလ​ည်း မကောင်းဘူး..."

"ဟဲ့ မိခ.. နင့် စကားက ဘာစကားလဲ... "

ခ ယဉ်ကျေးစွာ ပြောဆိုသည်ကို လက်မခံနိုင်သည့် ဒေါ်ကြွယ်က သူ့ မောင်ကို သူ ထူမနေရင်းမှ ဒေါသအိုး ပေါက်ကွဲသွားဟန် ၀ုန်းခနဲ ပြန်ရပ်သည်။

"ကြားတဲ့ အတိုင်းပဲလေ ဒေါ်လေးကြွယ်...ဦးလေးအုန်းက သူ့ ဘာသာသူ မီးဖိုချောင်ထဲမှာလည်း နေတာမှ မဟုတ်တာ.. အခု ခတို့ အိပ်ခန်းရှေ့ကို ရောက်လာစရာ ဘာအကြောင်းရှိလို့လဲ..."

"ဟဲ့.. ကလေးမ... နင် မဟုတ်တာ တွေ မပြောနဲ့.... နင့် အမေ တစ်ယောက်တည်း မို့လို့ လာကြည့်ပေးတာ..."

"တော်ပါ... ဦးလေးအုန်းရယ်...ဦးလေးအုန်း ခ တို့ အခန်းထဲကို ချောင်းကြည့်နေတာ ခ မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ ဦးလေးအုန်း ငြင်းမလို့လား"

ခ ဒေါသမထိိန်းနိုင်စွာ ပြန်ပြောလိုက်သည်။

ဒါ ပထမဆုံး အကြိမ်ဆိုလျှင် သဘောရိုးပဲလေဟု လက်ခံ နိုင်ကောင်း လက်ခံ နိုင်လိမ့်မည်။ ဒါပေမယ့် ဒါဟာ ပထမဆုံး အကြိမ် မဟုတ်သလို နောက်ဆုံး အကြိမ်လည်း ဖြစ်လာမှာ မဟုတ်။

မေမေရေချိိုးလျှင်ပဲ ဖြစ်ဖြစ် ခ ရေချိုးလျှင်ပဲ ဖြစ်ဖြစ် ချောင်မြောင်းကြည့်နေတတ်တာတွေ၊ ဒါတွင် မကသေးဘဲ တစ်ခါ တုန်းကများ ဘယ်လောက်တောင် ရိုင်းစိုင်းသလဲ ဆိုလျှင် မေမေ ရေချိုးခန်း ဝင်နေတာကို သိလျက်နှင့် သူလည်း ရေချိုးမယ် ဆိုပြီး ဝင်ဖို့ ကြိုးစားပြီးမှ လူ မရှိဘူး ထင်လိုက်လို့ပါ ဆိုပြီး ရောချခဲ့တာ။ အဲဒီ တုန်းကများ ဆိုလျှင် ခ အခု နေအိမ်ကနေ ချက်ချင်းကို ပြောင်းရွေ့ဖို့ ကြိုးစားသည်။

အိမ်ရှင် အဒေါ်ကြီးက စာချုပ်မပြည့်ဘဲ ထွက်သွားလျှင် စပေါ်ငွေ ပြန်မရဘူး ဆိုတာနှင့် နောက်ထပ် နှစ်လ သည်းခံပြီး နေဖို့ ဆုံးဖြက်လိုက်ရသည်။ ဒီတစ်လ ပြည့်လျှင် ပြောင်းတော့မည် ဆိုတာ သိလို့လည်း ဒီလို ယုတ်မာဖို့ ကြံစည်တာ အထင်ရှားကြီး။

ကလေးလေးလို ဘာမှ နားမလည်သည့် မေမေကတော့ အသံတွေကြောင့် အခန်းထဲမှ ထွက်လာကာ ခ အနောက်မှာ ကိုယ်လေးဝှက်၍ ပုန်းနေရှာသည်။

ဒါကို မြင်သည့် ဒေါ်လေးကြွယ်က မဲ့ခနဲ ရယ်ပြုံးရင်း

"အမလေးဟယ်... ချောင်းကြည့်၇အောင် နင်တို့ က ဘာမို့လို့လဲ...နင်က ဘာတွေများ ထူးခြား ပြောင်မြောက် လှပနေတဲ့ မိန်းမ မို့လို့လဲ... ကိုယ့် ဘာသာကိုယ်လဲ ရက်ကွက်ထဲ နေတဲ့ အဆင့်အတန်း ဆိုတာ သတိလေး ဘာလေး ထားပါဦး.... "

"ခ က အရှိကို အရှိအတိုင်း မြင်တာကို မြင်တဲ့အ တိုင်း ပြောနေတာ... အဲဒီလို အပြောမခံ ချင်ရင် ဒေါ်လေး မောင် ကို အနေအထိုင် ဆင်ခြင်ခိုင်း ပါ...နောင် အချိန်အတော် ခ တို့ ဘက်ကို မကူးလာပါစေနဲ့...."

"နေစမ်းပါဦး... နင် က အဲဒီလို စကားပြောရအောင် ဒီ တစ်အိမ်လုံးကို နင်က ငှားထားလို့်လား... မိီးဖိုချောင်တောင် မျှ သုံးနေရတဲ့ အိမ်မှာ နေနေပြီး စကားကြီး စကားကျယ်တွေ မပြောစမ်းပါနဲ့ အေ... ချောင်းကြည့်တော့ရော... ဘာဖြစ်သလဲ... နင်တို့ အသားပဲ့ပါသွားသလား...နင့်ကိုယ်နင့်လည်း ဘာဆိုတာ သိထားဦး... စင်တင်မှာ ကျတော့ ယောင်္ကျားတစ်ကာနှင့် ပလူးပလဲ နေတဲ့ မိန်းကလေးကများ ရက်ကွက်ထဲ ကျတော့မှ ရိုးသားချင်ယောင် ဆောင် မနေစမ်းပါနဲ့အေ... ဘာလဲ ငါ့ မောင်က သူတို့တွေလို မပေးနိုင် မအမ်းနိုင်လို့ တွန့်တို နေတာလား"

ဒေါ်လေးကြွယ် စကားကြောင့် ခ ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။ မိန်းမသားချင်း ကိုယ်ချင်းမစာမနာ၊ သားသမီးချင်းမှ ကိုယ်ချင်းမစာ ထွက်ကျလာသည့် စကားတွေက တစ်ကယ့်ကို နားမခံ ဝင့်စရာ။

"ဒေါ်လေးကြွယ် စကားပြောတာ ဆင်ဆင်ခြင်ခြင် ပြောပါ... "

"ဘာကို ဆင်ခြင်၇မှာလဲ....ငါတို့ကလည်း မြင်တာကို ပြောတာ... နင့် အမေ ဆိုတာကလည်း အရူးမကြီး ဘာမှ မက်စရာ မရှိ"

ခ ကို ဘယ်လောက်ပြောပြော ရက်ရက်စက်စက် ပြောလည်း ခ ခံနိုင်ရည်ရှိသည်။ သို့ပေမယ့် မေမေ့ကို ထိပါးလာတော့ ခ သည်းမခံနိုင်တော့။

"ဒေါ်လေးကြွယ်.. ဘာမှ မဆိုင်တဲ့ မေ့မေ့ကို ဆွဲ မထည့်ပါနဲ... "

"ထည့်တော့ ဘာဖြစ်လဲ ဟမ်... အရူးမို့လို့ အရူးလို့ ပြောတာများ နာ၇တယ် ရှိသေး..."

"မေမေ့ကို အရူးလို့ မပြောနဲ့..."

"ပြောတယ်ဟယ်... အ၇ူးမ.. နင်လည်း အ၇ူးမ သမီးပဲ...."

ခ တို့ ဘက်အခြမ်းကိုလည်း ကျူးကျော် ဝင်ရောက်လာသေး၊ ခ တို့ကိုလည်း စော်ကားနေသေးသည့် သူတွေ အတွက် သည်းခံနိုင်စွန်းတွေ ကုန်ခန်း လာပြီမို့

"ဒေါ်လေးတို့ ထွက်သွားလိုက်တော့နော်... ဒီထက် ပိုဆိုးလာရင် ခ အဆိုးမဆိုနဲ့.... မရိုင်းချင်လို့ ကြည့်နေတာ.... သွားလိုက်တော့...."

"အောင်မာ.... ငါ့ မွေးရင် ငါ့ သမီးလောက်ပဲ ရှိတဲ့ ကောင်မကများ စကားတွေက မာရေကျောရေနဲ့ နင့်က သည်းမခံနိုင်တော့ ဘာလုပ်ချင်လဲ...လာစမ်းပါ....."

ဒေါ်ကြွယ်က ပြောပြောဆိုဆိုနှင့် မီးဖိုချောင် ကြောင်အိမ်ပေါ်က ဒယ်အိုးကို လက်ဖြင့် ပုတ်ချကာ စိန်ခေါ်သည်။ မြေကြီးပေါ်သို့ ကျယ်လောင်စွာပုတ်ခတ် သွားသံကြောင့် မေမေ အရမ်းလန့်သွားရင်း သွေးရူးသွေးတန်းနှင့် နားနစ်ဖက်ကို ပိတ်ကာ ချောင်မှာ ကုန်းအော်သည်။

"စစ်သားတွေ... စစ်သားတွေ... ဗုံးလာကြဲနေပြီ... ပြေးပြေး....."

"အရူးမ တိတ်တိတ်နေစမ်း....."

"ဒေါ်လေးတို့ သိပ်ကို တရားလွန်နေပြီနော် ထွက်သွား... သွား.... "

ခ လည်း ဒီအတိုင် ကြည့်မနေတော့ဘဲ သူတို့ မောင်နှမ နှစ်ဦးစလုံးကို သူတို့ ဘက် အခြမ်းဆီသို့ အတင်းတွန်းထုတ်သည်။

သူတို့ ကလည်း ခ ကို ပြန်လည် ပုတ်ထုတ်သည်။ နှစ်ယောက်တစ်ယောက်မို့ ခွန်အားခြင်း မမျှတာမို့ ခ မြေပြင်ပေါ်သို့ ပစ်ရက်ကလေး လဲ ကျသွားသည်။

ဘယ်လိုပဲ နာကျင်ပါစေ၊ ခ ရှိသမျှ ခွန်အားနှင့် ကုန်းရုန်းထသည်။

ရုတ်ရုတ်သဲသဲတွေ ဖြစ်လာတော့ ရက်ကွက်လူကြီးနှင့် ဆယ်အိမ်ခေါင်းတို့ ရောက်လာတော့မှ ခ တို့ ရန်ပွဲ ငြိမ်းစဲသွားသည်။

နောက်ဆုံး အပြစ်တင်လိုက်၇သည်က ခ တို့ သားအမိရယ်ပါ။ နင် အမေ စိတ်ဝေဿနာ သည် ထအော်လို့ တစ်ရက်ကွက်လုံး နိုး၇တယ်တဲ့လေ။

ပွဲကောင်းတုန်းကကြတော့ တစ်ယောက်မှ ၀ိုင်းကူထူမ ပြောဆို မပေးပေမယ့် တစ်ကယ်တည်း တာဝန်ရှိသူတွေ ရောက်လာတော့မှ ခ တို့ သားအမိ အပြစ်ပါတဲ့ ။ ဒေါ်ကြွယ်တို့ မောင်နှမက အပြစ်ကင်းသည်တဲ့လေ။

ဒေါ်ကြွယ်. ရဲ့ စျေးထဲက ကြက်သားဆိုင်မှာ အကြွေးယူလို့ ၇နေသမျှ ခတို့ ဘက်က ဝင်ပြောပေးမယ့် သူတွေ ရှိမှာ မဟုတ်။

ဘယ်လိုပဲ အမှန်တရားကြီး ဖြစ်နေပါစေဦးတော့ ငွေ ဆိုသည့် အရာက နည်းလျှင်နည်း သလောက် များလျှင်လည်း များသလောက် ဖုန်းဖိ ပျောက်ကွယ် သွားအောင် လုပ်နိုင်သည့် တန်ခိုးကြီး အရာ တစ်ခုလား။

ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)Where stories live. Discover now