အခန်း (၄၆)

302 11 0
                                    

ဘယ်တုန်းကမှ မပိုင်ဆိုင်ဘူးသော အမုန်းတရားများနှင့် ခ နှလုံးသားတစ်ခုလုံး ရူပ်ထွေးရောပြွမ်းသွားသည်။ နှဖူးထက်က ချိန်မှာတော့ သေနတ်မှာလည်း တဆတ်ဆတ် တုန်ခါလျက် နှင့်ပင် သူ့ ရှိရာ ဆိီသို့ ပြန်ချိန်ရွယ် ထားလိုက်သည်။

အဖိုးကောင်းကို သတ်တဲ့သူ၊ ခ တို့ရဲ့ အသိုက်အမြုံကို စီးပွားရေး အတွက် ဆိုပြီး ဖျက်ဆီးတဲ့သူက ခရဲ့ အရှေ့တည့်တည်မှာ ရပ်နေတဲ့ သူ။

"ကိုယ်တောင်းပန်ပါတယ်.. ကိုယ် လုပ်ခဲ့တယ့် အပြစ်က မင်း ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး ဆိုတာ ကိုယ်သိတယ်... ကိုယ်က မကောင်းဆိုးဝါး တစ်ကောင်ဆိုတာ အခုတော့ ကိုယ်သိလိုက်ပါပြီ.. ဒီလောကကြီးမှာ မင်းကို ချစ်တဲ့ အချစ်လိုမျိုး တစ်ကယ်ရှိတယ် ဆိုတာ ကိုယ် မသိဘူး.. နူးညံတဲ့ သိမ်မွေ့တဲ့ ကြည့်နူးမူမျိုးတွေ ရင်ထဲမှာ ခံစားတတ်လာမယ် ဆိုတာလည်း ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး. အခု မင်းကို ဆုံးရူံး နိုင်ဘူး.. ကိုယ် အရူံးပေးပါတယ်.. ခရယ်..."

"ရှင်.. ရှင့် ရဲ့ စကားတွေက တစ်သက်တာ ဒဏ်ရာရခဲ့တယ့် နာကျင်မူကို ဖြေဖျောက်လိမ့်မယ်လို့ ရှင်ထင်နေတာလား.. ကျွန်မရဲ့ အဖိုး၊ ကျွန်မရဲ့ အိမ်.. အရာအားလုံး ရှင်... ကျွန်မဆီက အားလုံး ယူသွားခဲ့တာ..."

ဦးစီး ခြေတစ်လှမ်းကို ထပ်တိုးသွားသည်။ လေထဲမှာ မြှောက်ထားသည့် သူ့ လက်တွေက မုသားလည်း မဟုတ် ဟန်ဆောင်နေတာလဲ မဟုတ် တစ်ကယ့်ကို အရူံးပေးလိုက်ခြင်းသာ။

အချစ်မှာ ရူးလောက်အောင် ပျော်ဝင်နေသည့် အချစ်ရူး တစ်ယောက်ရဲ့ အရူံး။

"မင်း ခွင့်လွှတ်ဖို့ကိုတော့ ကိုယ် မမျှော်လင့် ပါဘူး.. ဒါပေမယ့်.. မင်း ရဲ့ အမုန်း.. မင်း ရဲ့ အမုန်းကတော့ ကိုယ့်ကို အကြိမ်ကြိမ် သတ်လိမ့်မယ်... မင်းကိုမှ သေလောက်အောင် ချစ်မိနေတာ၊ မင်းရဲ့ အမုန်းက ကိုယ့်ရဲ့ ဖြစ်တည်မူ အားလုံးကို ဖျက်ဆီး ပစ်နေတာ.. ဒါတွေ အားလုံးဟာ ဦးဘကောင်းရဲ့ ကျိန်စာတွေဆိုတာ ကိုယ် အခုသိလိုက်ပြီ...

ကိုယ် မင်းရဲ့ အမုန်းတွေ ကို ခံယူပြီးတော့မှ အသက်မရှင်ချင်ဘူး... မင်း လက်စားချေချင်တယ် ဆိုရင် ပစ်လိုက်..၊ ကိုယ့်သေမှ ကျေနပ်မယ် ဆိုလျင်လည်း ကိုယ့်ကို ပစ်လိုက်ပါ..... ဒါပေမယ့် အမုန်းတွေနဲ့တော့ မင်းကိုယ်မင်း မလောင်ကျွမ်း စေပါနဲ့ ကလေးရယ်... "

ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)Wo Geschichten leben. Entdecke jetzt