အခန်း (၃၇)

54 2 0
                                    

ချောင်းသာကို ရောက်တော့ နေဝင် ဖျိုးဖျ အချိန်။

အဆိုရှင် ပြိုင်ပွဲဝင်တွေ ပါလာသည့် ခရီးသွားကားလို့ မပြောရ၊ တစ်ကားလုံး သီချင်းတွေ သီဆိုလာလိုက်ကြတာ ရန်ကုန်မှ ချောင်းသာကို ရောက်သည်အထိ မရပ်မနားပင်။

အစီအစဉ်လုပ်သူ ချိတ်ဆက်ထားသည့် ဟော်တယ်မှာပင် စရိတ်ငြိမ်း နေရမည် ဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ် အဖြစ် ခ တို့ ပြိုင်ပွဲကို ထည့်သွင်းထားတာကြောင့် ဟော်တယ်ကြီး တစ်ခုလုံး အခန်းတောင် မကျန်လောက်အောင် ကျိတ်ကျိတ်တိုး စီကားနေတာက ဝမ်းသာစရာ ကောင်းလှသည်။

အခန်းထဲမှာ ပစ္စည်း အထုပ်ကို ခပ်ဖြည်းဖြည်းချလို့ မေမျိုး ခေါ်ဆောင်ရာ အနောက်သို့ လိုက်ခဲ့လိုက်တော့ အင်မတန် ခန်းနားလှတဲ့ စတိတ်တင် အကြီးကြီးက ခ တို့ကို စောင့်ကြိုနေသည်။

"ဝါး... မိုက်လိုက်တာ... ခ ရယ်.. နော်... ဒီပွဲဲကြီးကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးမှာပဲ ရင်တွေခုန်လို့ လက်ဖျားတွေတောင် အေးစက်တယ်...."

မေမျိုးက လွတ်လပ်စွာပင် ပြောဆိုသည်။ ခ ရင်ထဲမှာတော့ ဦးစီး ပြောခဲ့သည့် စကားတွေက ကမ်းစပ်က အရှိန်နှင့် ဝင်တို့းနေသည့် လိူင်းတွေသကဲ့သို နက်ရိူင်းစွာ ပဲ့တင်ထပ်လျက်။

သီချင်းဆို ပြိုင်ပွဲကြီး ပြီးလျှင် ခ သူ့ကို လက်ထပ်ရမယ်တဲ့။

တစ်ယောက်တည်း အံကိုကြိတ်ရင်း ခ စိတ်ထဲမှ အပြင်းအထန် ငြင်းဆန်သည်။ သေချာနေသည်ကတော့ ခ ဘယ်တော့မှ သူ့ကို လက်ထပ်မှာ မဟုတ်တာပါပဲ။

အဲဒီတော့ ခ မှာ လုပ်စရာ တစ်ခုပဲ ရှိသည်။ အဲဒါ ဦးစီး မေမေ့ကို ဘယ်မှာထားသလဲ ဆိုတာ သိရဖို့ပင်။

မေမေ ကို ခေါ်ပြီး ခ အဝေးဆုံး တစ်နေရာကို ထွက်သွားမည်။ ဦးစီး ဘယ််လိုမှ လိုက်ရှာလို့ မရတဲ့ နေရာ တစ်ခု ဆီကိုပေါ့.။

"လာ..ခ ပင်လယ်ထဲ ဆင်းရအောင်.."

မေမျိုးရဲ့ အသံက နားထဲဝင်လာတော့မှ အတွေးစတို့ ပြန်လည် စုစည်း လိုက်မိသည့် ခ ခေါင်းလေး ဘယ်ညာ ခါယမ်းရင်း ငြင်းဆန်မိသည်။

ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)Where stories live. Discover now