အခန်း (၂၄)

56 2 0
                                    

အံကို တင်းတင်းကြိတ်လို့ ခွေခွေခေါက်ခေါက်လေး ပုံကျသွားသည့် မိုးမခကို တယုတယ ပွေ့ဖက်ကာ အိပ်ရာပေါ်မှာ ဖြည်းညှင်းစွာ တင်ပေးလိုကသည်။

လှလိုက်တဲ့ မိန်းကလေးလို့ အသိအမှတ်ပြုခဲ့ပြီး လိုချင်နေခဲ့သည့် ထိုမိန်းကလေးက ကိုယ့်အရှေ့မှာ ရောက်နေတာတောင်မှ သူမ ဘ၀လေးကို မယူရက်တာ ဦးစီး၏ သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့သည့် စာမျက်နှာ တစ်ခု။

ဒယ်ဒီလို့ ခေါ်ခဲ့တယ့် သူ တစ်ယောက် ငယ်ငယ်ကတည်းက နားထဲ ရိုက်သွင်းခဲ့တဲ့ စကားက ပြန်လည် ကြားယောင်လာသည်။

လောကမှာ ဘယ်အရာမှ သူ့ အလိုလို ဖြစ်မလာဘူး။ လိုချင်တဲ့ အရာကို ကိုယ်တိုင် ဖန်တီးယူ၇တာတဲ့။ ကိုယ်လိုချင်တဲ့ အရာကို ၇ဖို့ ကြမ်းချင်လည်း ကြမ်းတမ်းရလိမ့်မယ်၊ ရက်စက်ဖို့ လိုအပ်လာလျှင်လည်း ရက်စက်၇မည်တဲ့။

ဒီလိုဆိုလျှင်တော့ မိုးမခ ဆိုသည့် မိန်းကလေးနှင့် ကျတော့မှ နူးညံချင်နေသည့် စိတ်က သားဆိုးသားမိုက် တစ်ဦးလိုပင်။

လရောင်အောက်မှာ ရွှန်းလဲ့နေသည့် မျက်တောင် နက်နက် ကလေးတွေကို သူ မြတ်နိုးစွာ တို့ထိကြည့်မိသည်။ သူ အဓ္စမ နမ်းခဲ့ဖူးသည့် နှုတ်ခမ်းလေးကို မျက်တောင် မခတ်တမ်း ထိုင်ကြည့်နေမ်ိသည်။

သွှေးကြောမျှင်လေးတွေဖျတ်သန်းလျက် ဝင်းဝါဖူးမွှတ်နေသည့် ပါးပြင်လေးကို သူ့ လက်ညိုးလေးနှင့် မထိတထိလေး ပွတ်သတ်မိသည်။

သူ့ကို ရွံရှာတဲ့ အကြည့်တွေ၊ ကြောက်တတ် အကြည့်တွေနှင့် ကြည့်တတ်သည့် မျက်ဝန်းလေးတွေက စီးကျနေသည့် မျက်ရည်လေးတွေကို တယုတယ သုတ်ပေးနေမိသည်။

ကိုယ့်ရဲ့ လက်ရှိ အဖြစ်ကို တွေးရင်း နှုတ်ခမ်းကြီး ကွေးတက်သွားသည် အထိ ပြုံးလိုက်မိသည်။

မိန်းကလေးပေါင်းများစွာနှင့် ပျော်ရွှင်မူလို့ မည်တွင်သည့် အရာကို ရှာခဲ့စဉ်က ရင်ခုန်သံတွေ အေးစက်နေသလောက် မိုးမခ၏ လက်ဖဝါး ရဲရဲလေးကို ခွင့်ပြုချက် မပါဘဲ ဆုပ်ကိုင်ထားတော့မှ ဘာကြောင့် ရင်ခုန်သံတွေ ပလောင်းဆန် နေရသည်လဲ။

သူမ မနားမှ မထသွားချင်လောက်အောင် ဆွဲငင်နေသည့် အလှတရားတွေအကြား မူးမူးမေ့မေ့ ညှိတွယ်နေစဉ်မှာပင်...

အိတ်ကပ်ထဲမှ ဖုန်းမြည်သံကြောင့် သူမ လက်ဖဝါးလေးကို ဖွဖွလေး နမ်းရိူက်ကာ အခန်းအပြင် ရှိရာ ဆီသို ထွက်ခဲ့လိုက်သည်။

"ဘောစ့် ... ပဲခူးကို ပြန်တော့မှာလား... ဟယ်လီကော်ပရာ အဆင်သင့် ဖြစ်နေပါပြီ"

"ငါ မပြန်တော့ဘူး... မိုက်ခ် ....."

အံဩမူကြောင့်ဘဲလား.. တစ်ဘက်မှ အသံငြိမ်ကျသွားသည်။ ဘယ်မိန်းကလေးနှင့်မျှ တစ်ညတာ ကုန်ဆုံး​လေ့ မရှိသည့် သူ့ အတွက် ဒါ ပထမဆုံးသော အကြိမ်ပင်။

တစ်ချက်နက်နက်နဲနဲ ပြုံးရင်း အခန်းထဲသို့ ပြန်ဝင်ကာ ဆိုဖာကြီး အိဝင်သွားသည့် အထိ ထိုင်ချလိုက်ပြီး သူ့ အိပ်ရာပေါ်က သူမလေးကို သာ မထို့ရက် မထိရက် ထိုင်ကြည့်နေလိုက်သည်။

ပထမဆုံးသော အရာတွေကို မင်းနဲ့ အတူ ကြည်ဖြူစွာ ဖန်တီးခွင့် ၇နိုင်မှာလား မိုးမခ။

***********************

ခ ဘာဖြစ်သွားတာလဲ.....

အသိဝင်ဝင်လာခြင်း မျက်လုံးတွေက ဖွင့်လိုက်တော့ နေရောင်ခြည်က စူးရဲစွာ တိုးဝေ့ဝင်လာသည်။ လက်ဖဝါးနှင့် ထိတွေ့မိနေရာကို လိုက်စမ်းမိတော့ မွေ့ရာတစ်ခုမှန်း သိလိုက်၇သည်။

ငေါက်ခနဲ ထထိုင်မိသွားပြီး ကိုယ်ပေါ်က အဝတ်အစားတွေကို ယောင်ယမ်းကာ လိုက်စမ်းမိသည်။

"နိုးလာပြီလား မိုးမခ...."

"အမလေး..."

နေရောင်ခြည် မကျရောက် ဘဲ မှောင်ရိပ်တွေ ဖုန်းလွှမ်းနေသည့် အခန်းထောင့် တစ်နေရာက အသံထွက်လာတော့ ခ ဆတ်မနဲ ထခုန်မိမတတ် ဖြစ်သွားသည်။

ရှပ်အင်္ကျီ အနက်ရောင်ကို ခန့်ညားစွာ ဝတ်ဆင်လျက် စီးကရက်ငွေ့ကို ဟန်ပါပါနှင့် မူတ်ထုတ်လိုက်ပြီး တစ်လှမ်းချင်း လှမ်းလျှောက်လာသည့် ဦးစီးကို ဘီးလူးသဘက် သဖွယ် ထိတ်လန့်ကြီးစွာ ကြည့်လိုက်မိပြီး ပြေလျောကျနေသည့် စောင်ကို ရင်ဘတ်နား အထိ ဆွဲယူ ပြစ်လိုက်သည်။

"ရှင်.. ရှင်... မနေ့က....ခ ကို"

"ကိုယ် မင်းကို ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်တာလား လို့ မေးချင်တာလား...."

မိန်းကလေး တစ်ယောက်၏ မျက်နှာကို စေ့စေ့ကြည့်လျက် ဗျောင်ကျ​သော မေးခွန်းကို မေးလိုက်တော့ ခ မျက်နှာလေး တစ်ဖက်သို့ လွှဲသွားသည်။

သူ ပြောမည့် အဖြေကို စောင့်ဆိုင်းနေသည့် တုန်လူပ်နေသည့် နှုတ်ခမ်းလေးနှင့် မျက်လုံး၀ိုင်းလေးတွေက ဘယ်လောက်တောင် စိုးရိမ်ထိတ်လန့် နေသလဲ ကို ထင်ဟတ်ပြနေတော့ ဦးစီး မခံချင်စိတ်က မသိမသာလေး ခိုအောင်းလာ၇သည်။

သူ့နှင့် အချိန်တွေ ကုန်ဆုံးခဲ့ ဖူးတယ် ဘယ်မိန်းကလေး မဆို ကျေနပ်သည့် မျက်ဝန်းတွေကိုပဲ ရတတ်သည့် သူက သူ့ကို မြင်တာနှင့် ပကတိ အေးစက်လိုက်၊ ထိတ်လန့်စိတ်တွေနင့် မျက်ရည်တွေ ဝဲလာလိုက် ဖြစ်နေသည့် ဒီ မိန်းကလေး ကိိုမှ အလျော့ပေးချင်နေသည်က မတားနိုင် မဆီးနိုင်။

"ကိုယ် နဲ့ မင်း ဘာမှ မဖြစ်ခဲ့ဘူး မိုးမခ... သတိမေ့သွားတဲ့ မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့် စော်ကားရလောက်အောင် ကိုယ့်မှာ မိန်းမတွေ ရှားပါးမနေဘူး.. "

သူ့ကို အကြောင်သား ငေးကြည့်နေသည့် မျက်ဝန်းတွေက ရုတ်တရက် အရောင်လေးတွေ ပြောင်းသွားရင်း ကုတင်ပေါ်မှ တကျိုးတည်း သူမ ဆင်းပြေးဟန် ပြင်သည်။ ဒါကို မြင်တော့ ခ လက်ကို လှမ်းဆွဲထားရင်း...

"မနေ့က ဘာမှ မဖြစ်ဘူး လို့ပဲ ပြောတာ.. ဒီနေ့ အတွက် ကိုယ် တာဝန် မယူဘူး...မင်း အဲဒါ ဘယ်သွားမလို့လဲ..."

"ခ ပြန်ချင်တယ်...ခ ကို ပြန်ခွင့်ပြုပါ...."

"မင်း ဒီကနေ ပြန်ရင် မင်း အမေ ဘယ်ရောက်နေလဲ ဆိုတာ သိခွင့် မ၇တော့ဘူး...မင်း သိပ်ပြန်ချင်နေလဲ ပြန်ပေါ့..."

ခ ဖျတ်ခနဲ မော့ကြည့်သည်။ သူမ ဆီမှ စိမ်းကားတဲ့ အကြည့်တွေကို မခံယူလိုစွာ အနားမှ ထသွားလိုက်တော့ အခန်းတံခါး ဆီကို ဦးတည်နေတဲ့ သူမက အခန်းတံခါးကို ဆွဲဖွင့်မယ်လို့ ဟန်ပြင်နေခိုက်

"မင်း ဒီက ထွက်သွားရင် မင်း အမေကို ဘယ်တော့မှ ပြန်မတွေ့၇တော့ ဘူး ဆိုတာ မင်း နားလည်လား မိုးမခ... "

တံခါးဖုကို အတင်းအကျပ် လှည့်ဖွင့်နေသည့် ခ လက်လေးဖြည်လျော့သွားသည်။

ခ တစ်ယောက်လုံးကိုတောင် ဒီအိမ်ထဲမှ ပိတ်ထားနိုင်သည့် သူက မေမေ့လို စိတ်ဝေဿနာသည် တစ်ယောက်ကို တစ်ခုခု များ လုပ်လိုက်ပြီလား ဆိုသည့် အတွေးတို့က နှလုံးသားထဲ ဆောင့်ဝင်လာရင်း ကြောက်စိတ်တွေ ဖျန်းခနဲ ထသွား၇သည်။

"ရှင်... ရှင်... ဘာကြောင့် ကျွန်မ အပေါ်ကို ဒီလောက် နှိပ်စက်နေရတာလဲ.... ကျွန်မ ရှင့်အပေါ်ကို ဘာများလုပ်ခဲ့ဖူးလို့လဲ...."

"မင်းကို ကိုယ်စိတ်ဝင်စားတယ်လို့ ပြောခဲ့တယ်လေ... မင်းက ကိုယ့်ကို ပြတ်ပြတ်သားသား ငြင်းခဲ့တယ် အဲဒါ မင်း အမှားပဲ..."

"ရှင်... မိန်းကလေး တစ်ယောက်ကို လုပ်ချင်တိုင်း လုပ်လို့၇မယ် ထင်နေသလား... တရားဥပဒေက ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး.. အဲဒါ နားလည်လား.... "

သူက ဟက်ခနဲ ရယ်ရင်း သူမ ရှေ့မှာ တည့်တည့် လာရပ်သည်။

"ဘာလဲ မနက်က ကိုယ့် အိမ်ကို လာရှာသွားတဲ့ ရဲဝန်ထမ်းတွေကို ပြောတာလား... မင်း သိထား... တရားဥပဒေ ဆိုက လူက ရေးဆွဲထားတယ့် စာရွက်အလွတ်ပေါ်က မရေမတွက်နိုင်တဲ့ စာကြောင်းတွေပဲ... "

"ဒါဆိုရင်... ရှင်... "

"ဟုတ်တယ်... ကိုယ့်ကောင်မလေးနဲ့ အတူရှိနေရမယ့် အချိန်တွေကို လာမနှောင့်ယှက်ဖို့ ပြောပြီး ပြန်လွှတ်လိုက်တယ်... အခုလောက်ဆိုရင်တော့ မိုးမခ ဆိုတဲ့ မင်းနဲ့ ဦးစီး ဆိုတဲ့ ကိုယ်တို့ ဘယ်လို ပက်သက်သွားပြီးပြီ ဆိုတာ တစ်နိုင်ငံလုံးကို ကြေညာပြီးသား ဖြစ်သွားပြီး.. "

"ရှင်... ရှင်... တော်တော် အကြံပက်စက်တဲ့ သူပဲ.... "

ခ လက်သီးဆုပ်လေးတွေနှင့် တစ်၀ုန်း၀ုန်းထုနေပေမယ့် သူ့ အတွက်တော့ ပန်းနှင့်ပေါက်သလား ဟု၍တောင် ထင်လိုက်သည်။

ချွေးစေးလေးတွေနှင့် လက်ဖဝါးလေးကို သူ ဆုပ်ကိုင်လိုက်ပြီး နံရံမှာ ဖိကပ်နှောင်ချည်လိုက်တော့ ဘယ်လိုမှ ရုန်းမ၇တော့။

"လွှတ်နော်...."

"ဒီအချိန်မှာ မင်း ဒီလို ၇ုန်းကုန်နေမယ့် အစား ကိုယ့်ကို ကြည့်ဖြူပေးသင့်တယ် မိုးမခ... မင်း အမေက ကိုယ့်လက်ထဲဆိုတာ မမေ့နဲ့.. မှောက်လိုမှောက် သွန်လိုသွန် ကိုယ်လိုချင် သလို လုပ်လို့၇တယ်.. ကိုယ် တောင်းဆိုတာ မင်းရဲ့ ကြည်ဖြူမူ တစ်ခုတည်းကိုပဲ...."

"ဟင်အင်း ရှင့်ကို ဘယ်တော့မှ မကြည်ဖြူဘူး... ရှင်နဲ့ ထိတွေ့၇မှာကို ရွံတယ်.. ရှင့်ကိုလည်း မုန်းတယ်..."

"ဘာ... မင်း ဘာကြောင့် ဒီလောက်အထိ ခေါင်းမာနေရတာလဲ... ကိုယ် နဲ့ ပက်သက်လိုက်လို့ မင်း ဘာတွေ နစ်နာသွားသလဲ ပြော.. မင်း ပြောစမ်း... ဦးစီး ဆိုတဲ့ ကောင်က အရာရာ ပြည့်စုံနေပြီးသား မင်းလို ဘာမဟုတ်တဲ့ မိန်းမ တစ်ယောက်ကို ကိုယ့် ကောင်မလေး ပါလို့ သတင်းလွှင့် ထားမိလောက်အောင် မိုက်မဲ ပြီးပြီ.. မင်း ဒီအိမ်က ထွက်သွားတာနဲ့ မင်း အနားမှာ ကိုယ် မရှိရင် မင်း ဘ၀က မြောင်းထဲရောက်သွားပြီ ဆိုတာကို မင်းတွေးမိလား.. မင်း ပြောပြောနေတဲ့ ကိုယ့် ပျော်တော်ဆက် မိန်းမ တစ်ယောက်ထဲက နံပါတ်စဉ် တစ်ခု ဖြစ်သွားပြီ ဆိုတာ မင်းသိလား..."

"ဖြစ်ပါစေ... ဖြစ်သွားပါစေ... ရှင့် အနားမှာတော့ မနေနိုင်ဘူး.. ဦးစီး... သတ်ချင်သတ်ပစ်လိုက် ရိုက်ချင်လည်း ရိုက်ပစ်လိုက်.. ပြီးရင်တော့ မေမေ့ကို ခ ဆီ ပြန်ပို့ ပေးပါ.. "

"တောက်... "

မျက်နှာကြီး တစ်ခုလုံး ရဲတက်သွားလျက် ခ ပခုံးလေး နှစ်ဖက်ကို ဖိကျပ်ဆုပ်ကိုင်၍ ခပ်ဆတ်ဆတ် ခါယမ်းပစ်လိုက်သည်။

"မင်း အဲဒီလောက် ခေါင်းမာနေတာ ကိုယ့် စိတ်ကို ဆွပေးနေသလိုပဲ မိုးမခ... အေး ငါ ဆိုတဲ့ ကောင်ကလည်း မင်း နဲ့ ကျမှ ကာမ ဘီလူး အဖြစ်မခံ နိုင်လို့ မင်းကြည်ဖြူတဲ့ အထိ စောင့်မယ်... ဒီအိမ်ထဲမှာ မင်း အသက်ထွက် သွားရင်တောင်မှ မင်း ဝိညာဏ်ကို ချုပ်ကိုင်ထားမယ် မိုးမခ... မင်း ဘက်က ငါ့ကို ကြည်ဖြူပါတယ်လို့ မပြောလာ မချင်း ဒီအိမ်ထဲမှာ ပိတ်လှောင်ခံထားမယ်.. မင်း သိပ်ကို ရွံပါတယ်.. မုန်းပါတယ် ဆိုတဲ့ ငါကပဲ မင်း ဘ၀ကို သိမ်းပိုက်တာ ခံရမယ်.. အဲဒါ မင်းကို ပေးတဲ့ အပြစ်ပဲ...."

ဆုပ်ကိုင်ထားသည့် လက်များ သူမ ပုခုံးလေးကို လွှတ်ကာ ဆောင့်ခနဲ တွန်းထုတ်လိုက်ပြီး အခန်းတံခါးကို ၀ုန်းခနဲ ပိတ်ကာ သူ လှည့်ထွက်သွားသည်။

အခန်းထဲက တိုးတိုးတိတ်တိတ် ထွက်လာသည့် ငိုရိူက်သံလေးတွေကို ကျောခိုင်းလျက် သူ လှေကားကြီး အတိုင်း ဆင်းလာခဲ့လိုက်သည်။ ဒေါသ စိတ်တို့နှင့် ယိမ်းထိုးနေသည်ကို တည်ငြိမ်အောင် ထိန်းနေရသည့် ကိုယ့်ကိုကိုယ်လည်း မယုံနိုင်။

မိန်းကလေးများစွာနှင့် ပက်သက်ခဲ့ဖူးတဲ့ သူက မိုးမခ ဆိုသည့် သူ နှင့်မှ ဝဋ်ကြွေးတစ်ခုလို ရှေ့လည်း မတိုးရဲ နောက်လည်း မဆုပ်နိုင်။

မိုးမခ နဲ့ ကျမှ လူကြမ်းဖြစ်၇သည်။

ကိုင်လိုက်တာနဲ့ ဖျတ်ဖျတ်ခါအောင် ရုန်းပစ်တာတွေ နမ်းမည် ပြင်လိုက်တာနှင့် ရွံရှာသည့် အကြည့်တွေနှင့် စူးစိုက်ကြည့်တာတွေ ဒီလောက်ဆိုရင် ထိုလူသား၏ ဘ၀ကို စုတ်ပြုတ်သွားအောင် နမ်းခြေဖို့ အကြောင်းပြချက်တွေ လုံလောက်နေပါလျက်နှင့်

ထို အပြုအမူတွေကပဲ လူပ်ရှားလာတတ်သော ရင်ခုန်သံတွေကို သူ တမ်းတ မက်မောနေမိပြီ။

ထို ရင်ခုန်သံတွေသာ ပျောက်ဆုံးသွားပါက သူ နှလုံးခုန် သံတွေများ ရပ်တန့်သွားလေ မလား ဆိုသည့် အတွေးတွေနှင့် အိပ်မပျော်နိုင်အောင် နှိပ်စက်တတ်သည့် မိန်းကလေး တစ်ယောက်ကို ဒီကမ္ဘာလောက ကြီးမှာ သူ တွေ့ရှိခဲ့ပြီ။

**************************************
မဲဆွယ် ဟောပြောပွဲ အတွက် ကန်ပိန်း တစ်ခုလုံးနှင့် ဆွေးနွေးမူများ အပြီးမှာတော့ သတိ၇လိုက်သည်က သူမ ရဲ့ မျက်နှာလေးပင်။

ဘဲဥပုံ စားပွဲ အရှည်ကြီး ပေါ်မှာ တင်ထားသည့် ဂျာနယ် မျက်နှာဖုံး ကာဗာက ပုံကို ကြည့်လိုက်တော့ သတင်းတွေ ပြည့်လျှံနေသည့် ဦးစီးနှင့် သူမ တို့ အကြောင်း။ ဘယ်မိန်းကလေးကိုမှ အတည်မတွဲဘူးလို့ လူတွေ ကြားမှာ သတင်းထွက်နေတဲ့ သူက စားသောက်ဆိုင်က သီချင်းဆိုတဲ့ မိန်းကလေးကိုမှ သူ့ ကောင်မလေးကို ကြေညာလိုက်တဲ့ သတင်းကတော့ သုံးရက်တာ ကာလာမှာ ပေါ်ပြူလာ အဖြစ်ဆုံး သတင်း တစ်ခုပင်။

ဦးစီးရဲ့ ကောင်မလေး အဖြစ် ကြေညာခြင်းကို ခံ၇တဲ့ မိန်းကလေးဟာလည်း ဘယ်လုံပုံစံ မျိုးလေး ဖြစ်မလဲ ဆိုသည်ကလည်း လူအများကြားမှာ စိတ်ဝင်စားစရာ သတင်းတစ်ခု ဖြစ်လို့နေပြန်သည်။

ကန်ပိန်းအတွက် ဧည့်သည်တွေကို ဟော်တယ်အောက်လိုက်ပို့ပြီး ပြန်လာသည့် မိုက်ခ် က ပင်ပန်းနွယ်လျနေသည့် သူ့ မျက်နှာကို အကဲခတ်သည်။

"ဘောစ့် ... ကျွန်တော် ဒီည အတွက် နိုမီကို ကို ခေါ်ပေး၇မလား... သူ ဖုန်းဆက်နေတာ တော််တော်များနေပြီ ဘောစ့် နဲ့ မတွေ့၇တာ ကြာနေပြီတဲ့"

ဦးစီး ပြတ်ပြတ်သားသားပင် ခေါင်းခါလိုက်တော့ မိုက်ခ် ပိုလို့ အံဩသွား၇သည်။

"ငါ သူ့ကို စိတ်မဝင်စားဘူး မိုက်ခ်.. ဘယ်တုန်းကမှလည်း စိတ်မဝင်စားခဲ့ဘူး.... မင်း ရှင်းထားလိုက်ပါ...."

"ဘာဖြစ်လို့လဲ ဘောစ့် ... မိုးမခ ကြောင့်လား...."

ဦးစီးက ကုလားထိုင်မှာ ခပ်လျော့လျော့်မှီ၍ စီးကရက်ကို မီးညှိလိုက်သည်။

ရင်ထဲမှာ မကျေနပ်တာရော ဒေါသတွေနှင့်ပါ ပိတ်လှောင်မွန်းကျပ်နေတော့ သူမရဲ့ မျက်နှာကို မကြည့်ချင်သေး။ ဘယ်လောက် အထိ ခေါင်းမာနေနိုင်မလဲ ဆိုတာ စောင့်ကြည့် ဦးမယ် ဆိုသည့် သူ့မာန ကလည်း ခွင့်မပြုတော့ ကန်ပိန်းကိုသာ အားစိုက်နေမိခြင်းပင်။ ဒီနေ့နဲ့ ဆိုရင် သုံးရက် ရှိသွားပြီမှ သူမ ဘယ်လိုများ နေ နေမလဲ ဆိုသည့် အတွေးကြီးက ရင်ထဲ ခိုဝင်လာပြန်သည်။

ညာလက်ရုံးလည်း ဖြစ် ၊ ဘယ်အရာကို မဆို ပြောစရာ မလိုအောင် ထောင့်စေ့ လုပ်တတ်သည့် မိုက်ခ် က အလိုက်သိစွာပင်

"မထား တို့ ဆီကို ကျွန်တော် ဖုန်းဆက်လိုက်မယ် ဘောစ့် ... "

မိုက်ခ်ကို မကြည့်ဘဲ ဦးစီးက မျက်နှာကျက် ဆီသို့သာ မော့၍ စီးကရက် ခိုးတွေကို မူတ်ထုတ်ပစ်လိုက်ရင်း နားစွင့်နေလိုက်သည်။

"ကောင်မလေး.. ဘယ်လိုနေလဲ.. မထား..."
.......

"ဘာမှလည်း မစားဘူး...မထား တို့က မကျွေးဘူးလား...."

........

"သော့နဲ့ ဖွင့်တာလည်း မ၇ဘူး ဆိုတာ တစ်ခုခုနှင့် ပိတ်ထားလို့နေမှာပေါ့... ဒါဆို သူ ဘာမှ မစားတာ.. သုံးရက် ရှိသွားပြီပေါ့....."

အထိတ်တလန့် မျက်လုံးတွေနှင့် မိုက်ခ် က သူ့ကို လှည့်ကြည့်သည်။ ခေါင်းတစ်ခုလုံး ထူဝေ သွားလျက် ဘယ်လိုမှ ထိန်းမ၇သည့် ကြောက်ရွံမူတွေက ရင်ထဲမှ နှလုံးသား တစ်ခုလုံး အပြင်သို့ ခုန်ထွက်လာတော့မယ် အတိုင်း။

ပြောလက်စ ဖုန်းကို ချပြီး မိုက်ခ်က ကားသော့ကို ကောက်ကိုင်သည်။ ဒ၇ိုင်ဘာ ကိုလည်းစောင့်မနေ့တော့ဘဲ မိုက်ခ် မောင်းသော ကားကိုသာ လိုက်ပါလာရင်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားသည့် သူ့က စိုးရိမ်စိတ်တို့နှင့် ဂဏာမငြိမ်တော့။

မင်း သေသွားလို့ မဖြစ်သေးဘူး.. မိုးမခ... မင်းကို ဒီလောက် လွယ်လွယ်နဲ့ ကိုယ် လက်မလွှတ်နိုင်ဘူး...

ရုတ်တရက် ရောက်ချလာသည့် သူ့ကို မြင်တော့ မထားတို့ အုပ်စု တစ်ခုလုံး ပြာပြာသလဲ ဖြစ်သွားသည်။ ကြောက်ရွံစိတ်တွေနှင့် ထုံးမွန်းနေလျက် လှေကားထစ်တွေ အတိုင်း တက်လာသည့် သူ့နောက်က လိုက်ကာ မိုးမခ ဘယ်လိုမှ ပြောလို့ မ၇ကြောင်း၊ ထမင်း ဗန်းအခန်းရှေ့ကို ချပေးတာလည်း ဘာမှ မစားကြောင်း ဆင်ခြေတွေ တန်းစီ နေသည့် စကားတွေကို ဥပက္ခာပြုလိုက်သည်။

မိုးမခ သာ တစ်ခုခု ဖြစ်သွားလျှင် သူတို့ ဘယ်လိုအဖြစ်မျိုး ကြုံတွေရမည် ဆိုတာကို ကြိုသိနေလေတော့ အသက်တောင် ၀ ၀ မ၇ူရဲတော့။

တိတ်ဆတ် ငြိမ်သက်နေသည့် အခန်းတံခါးကို ခပ်တင်းတင်း ခေါက်ပေမယ့် ဘာသံမှ မကြားရ။ မိုက်ခ် က သူ ကိုယ်လုံးနှင့် အကြိမ်ကြိမ် တိုက်ဖွင့်လိုက်တော့မှ တံခါးကြီး တစ်ခုလုံး ၀ုန်းခနဲ ပွင့်သွားပြီး တံခါး လက်ကိုင်ဘုကို ပိတ်ဆို့ထားသည့် ကုလားထိုင်လည်း လဲပြိုသွားသည်။

"မိုးမခ...."

တစ်ခုတည်းသော အခန်းပြတင်းပေါက်နားမှာ ပြိုလဲကျနေသော ခ ကို သူ ကောက်ပွေ့လိုက်သည်။ ပြတင်းပေါက် သံတန်းတွေကို အကြိမ်ကြိမ် အခါခါ တွန်းလူပ်ထားသည့် လက်ကလေး အစုံက သွေးစတို့နှင့် နီရဲ ပေါက်ပြဲလျက်။

အံကိုတင်းတင်းကျိတ်မိသွားသည် သူ ကိုယ်သူတောင် နားမလည်နိုင်တာက ဒေါသတွေက ဘယ်သူ့ကို ဦးတည် ရမလဲ။

သူ့ ကို ခါးသီးနေတဲ့ မိုးမခ ကိုလား၊ ဒါမှ မဟုတ် မိုးမခကို နာကျင်စေခဲ့သည့် သူ ကိုယ်တိုင်ပဲလား။

ပျော့ခွေနေသည့် မိုးမခ၏ ခန္စာကိုယ်လေးကိုသာ လက်ထဲမှာ တင်းကျပ်နေအောင် ထွေးပွေ့ထားရင်း လှေကားကြီး အတိုင်း ပြန်ပြေးဆင်းလာခဲ့မိသည်။ ဒီအချိန်မှာ မိန်းကလေး တစ်ယောက်အတွက် စစ်မှန်သော သနားခြင်း ကြင်နာခြင်း များက သူ့ရင်ထဲမှာ ပထမဦးဆုံးသော ထွန်းလင်းလာသည်။

"မိုးမခ.. မင်း ဘာမှ ဖြစ်သွားလို့ မ၇ဘူးနော်... ကိုယ် ခွင့်မပြုဘူး...."

***********************
"လူနာက ဘာမှမဖြစ်ပါဘူး.. ကို ဦးစီး... ဆေးပညာ အ၇ ပြော၇မယ် ဆိုရင်တော့ malnutrition ဖြစ်တာပါ... အစားကောင်းကောင်း မစားလို့ ပရက်ရှာတွေ အရမ်းကျသွားပြီး သတိ လစ်သွားတယ် သဘောပါ... လက်က ဒဏ်ရာကိုလည်း ဆေးထည့်ပေးထားပါတယ်... ဒရစ် ချိတ်ထားပေးလို့ မကြာခင် သတိ၇လာမှာပါ... ကျွန်တော့်ကို ခွင့်ပြုပါဦး..."

ဆရာဝန် အခန်းထဲမှ ထွက်သွားတော့မှ ရင်ထဲမှာ ခဲဆွဲထားသလိုမျိုး လေးလံနေတာကြီး လျော့သွားပေမယ့် သူမ မသိပြန် မ၇၇ချင်းတော့ သူ ဘယ်လိုမှ ပျော်နိုင်ဦးမှာ မဟုတ်။

သူမသာ တစ်ခုခု ဖြစ်သွားလျှင် ဒီဆုံးရူံမူကို သူ ဘာနဲ့ အစားပြန်လျော်၇မလဲ။

တစေ့စေ့ ကြည့်နေသည့် မျက်နှာလေးက ပန်းရောင်လေး သန်းလာပြီး မျက်တောင်လေးတွေ တစ်ဖျတ်ဖျတ် လူပ်ခတ်လာသည်ကို တွေ့၇တော့ သူ ကျေနပ်သွားသည်။

"ဟင်... ရှင်.... "

"မင်း ဆေးရုံကို ရောက်နေတာ မိုးမခ.. နေသာ သလိုနေပါ... "

အသိတွေ အားလုံးပြန်၇လာတော့မှ သူမ လက်ကို ဆုပ်ကိုင်ထားသည့် သူ့ လက်ကို သတိ၇ကာ ကုတင်ပေါ် ငေါက်ခနဲ ထထိုင်ရင်း လက်ကလေးကို အတင်း ရုန်းယူသည်

သူကလည်း မလွှတ်ပေးဘဲ ပိုပြီး တင်းကျပ်နေအောင် ပြန်ဆုပ်ထားလိုက်သည်။

"လွှတ်.. ရှင်.. အဲဒီလို အတင်း လုပ်ထားတာ.. ကျွန်မ မကြိုက်ဘူး... "

"မကြိုက်လည်း မတတ်နိုင်ဘူး.. မိုးမခ.. မင်း မကြိုက်ပေမယ့် ငါ ကြိုက်တယ်... မင်း တောင် ငါ့ ဆီက ထွက်ပြေးဖို့ ကြိုးစားသေးတာပဲ... ငါ သာ အချိန်မီ မရောက်လာရင် မင်း သေသွားနိုင်တယ် ဆိုတာ နားလည်လား.... "

"သေသွားတော့လဲ အေးတာပဲ မဟုတ်လား... သေသွားရင် ကျွန်မကို လုပ်ချင်တာ လုပ်.. ပြီးရင် အမိူက်တစ်ခု လိုပဲ လွတ်ပစ်လိုက်လေ"

နေပြန်ကောင်းလာသည့် သူမလေးက မြွေဟောက်မလေးလို ပါးပြင်ထောင်လျက် သူ့ကို အတင်းပဲ ရန်ထောင်သည်။

ခက်နေတာက ဒေါသထွက်နေပါလျက်နှင့် သူ့မ စကားလုံးတွေကြား၊ မျက်စောင်းလေးတွေထဲ မမုန်းနိုင်၊ ရန်မဖြစ်နိုင်ဘဲ ပြုံး၍ သာ ကြည့်နေမိသည်။

"မင်း တစ်ကိုယ်လုံးကလေ ဝါဂွမ်းနဲ့ လုပ်ထားသလို နူးညံနေသလောက် မင်း ခေါင်းက သံမဏီ နဲ့ လုပ်ထားသလား မိုးမခ.. "

"ရှင်.. ဘာပြောတယ်... "

"ဟုတ်တယ်... ဟိုနေ့ညကရော.. အခု ညကပါ... မင်းကို ပွေ့ချီ လာခဲ့တယ့် ကိုယ်က နားမလည်နိုင်တာ မင်း ဘာကြောင့် အဲဒီလောက် ခေါင်းမာ၇တာလဲ"

မျက်နှာလေး ရဲတွတ်သွားပြီး စိတ်ဆိုးတကြီး နှုတ်ခမ်းလေး ကိုက်ခဲ ထားသည့် ထို ပုံစံလေးကို မေ့၇တော့မှာ မဟုတ်။

"မင်း ကိုယ့်ကို စိန်ခေါ်တာတွေ ရပ်ပါ မိုးမခ... အနိုင်မလိုချင်လို့ အလျော့ပေးထားတာ.. မင်း နဲ့ ကိုယ့်ကြားမှာ ဒီလိုမျိုး ဆက်ဖြစ်နေဦးမယ် ဆိုရင် မင်း အမေကိုလည်း ဒီတစ်သက် ပြန်တွေ့ဖို အခွင့်အရေး ၇မှာ မဟုတ်ဘူး ..."

"မေမေ.... မေမေ က ဘယ်မှာလဲဟင်.... "

အခုကျတော့လည်း ကလေးလေးကို အပစ်ကင်းစင်သည့် မျက်ဝန်းလေးတွေနှင့် နှုတ်ခမ်းပါးလေးတွေ တုန်ရစ် လူပ်ခတ်လာလျက် ဖွဖွလေး မေးသည်။

"မင်း မေမေ ဘာအန္တာရယ်မှ မဖြစ်ဘဲ မင်း ပြန်တွေ့ချင်တယ် ဆိုရင် ကိုယ့် ကမ်းလှမ်းမူကို လက်ခံပါ..."

အတော်အတန် ကြာတဲ့ အထိ တွေတွေလေး ငေးကြည့်နေသည့် မျက်ဝန်းလေးတွေကို သူ အမိအ၇ ဆုပ်ကိုင်ဖက်တွယ်ကာ ခဏခဏ ပြန်ကြည့်ချင်ချင်သည်။

"မင်း နဲ့ ပက်သက်ပြီး ကိုယ် ကာမ ဘီလူး မဖြစ်ချင်ဘူး မိုးမခ..... ဒါပေမယ့် ကိုယ် နမ်းရင် လက်ခံပါ... ကိုယ် ဖက်ရင် မ၇ုန်းပါနဲ့... ကိုယ့်ရဲ့လိုက်လျောမူတွေနဲ့ ထိုက်တန်တဲ့ မိန်းကလေး တစ်ယောက်အဖြစ် နေပေးပါ.... ဒါတွေကို သက်သေ ပြနိုင်တဲ့ တစ်နေ့ မင်း မေမေ ရှိတဲ့ နေရာကို ကိုယ် ကိုယ်တိုင် ခေါ်သွားပေးမယ်... ..."

မျက်ဝန်းသေလေးနှင့် ငေးကြည့်နေသည့် သူမ မျက်နှာလေး အရောင်လေးတွေ လဲ့လာသည်။

ခေါင်းလည်း မငြိမ့် ခေါင်းလည်း မခါသည့် သူမကို ကြည့်ကာ သူ နှစ်နှစ်ကာကာကြီး တစ်ချက် ပြုံးလိုက်ရင်း ကုတင်ပေါ်မှာ ကျောလေးမီလျက် ငြိမ်ငြိမ်လေး ထိုင်နေသည့် သူမ၏ ပါးပြင်နုနုလေးကို နမ်းရိူက်မယ် လုပ်လိုက်တော့ အေးစက်ကာ တိကျ ပြတ်သားလှသော လေသံ တိုးတိုးနှင့်ပင်...

"အချစ်ဆိုတာကိုတော့ ဘယ်တော့မှ ရှင် မ၇စေရဘူး ဦးစီး.... "

သူ့ ရင်ဘတ်ထဲ နင့်ခနဲ ဖြစ်သွားပေမယ့် အခုအချိန်မှာတော့ ဘာပဲရရ။

ငိုကြွေးနေတဲ့ ပင်လယ် (Zawgyi, Uni)Donde viven las historias. Descúbrelo ahora