ယနေ့တွင် ကြော်ငြာရိုက်ကူးပေးရန်ရှိ၍ Luxury of Kings' Car showroom သို့သွားရမည်ဖြစ်သည်။ကိစ္စပြီးရန် မြန်မြန်ရိုက်ပေးဖို့ဆုံးဖြတ်လိုက်၏။ဒါပြီးလျှင်တော့
ရဲသွေးလည်းပြန်တော့မည်။ပြန်ဖို့အတွက်လည်း အားလုံးပြင်ဆင်ထားပြီးပြီဖြစ်သည်။နံနက်စာစားပြီးသည်နှင့် တေဇာ ကိုစောင့်နေလိုက်၏။ခေတ္တကြာတော့ တေဇာ လည်းရောက်လာလေပြီ။
"ကျွန်တော် ရောက်ပါပြီ အစ်ကို၊သွားကြတော့မလား။"
ရဲသွေး ခေါင်းညိတ်ပြလိုက်ပြီး မန်နေဂျာနှင့်အတူ အိမ်မှထွက်လာခဲ့တော့သည်။ဟိုကိုရောက်တော့ ရိုက်ကူးရေးအတွက် အားလုံးကပြင်ဆင်နေကြ၏။ရဲသွေးကို မြင်လိုက်သည်နှင့် အနားကိုလျှောက်လာသူသည် ဘုန်းလာဘ်တိုးလျှံ။
"အချိန်မှန်သားပဲ..။"
သူ့လက်ကနာရီကိုငုံ့ကြည့်ရင်း ပြောလာ၏။ရဲသွေး သူ့ကိုမရှိသလိုသဘောထားလိုက်ပြီး ခပ်တည်တည်သာဆက်လျှောက်သွားလိုက်သည်။ထိုအခါ ယနေ့အတွက် သူတို့ဘက်ကခေါ်ထားသည့် stylist တို့က ကြိုဆိုနှုတ်ဆက်ကြ၏။ရဲသွေးလည်း ပြန်လည်နှုတ်ဆက်လိုက်သည်။
ယနေ့အတွက် သူတို့ဘက်ကလိုချင်သည့်အတိုင်း ပြင်ဆင်ပေးထား၏။ပြင်ဆင်ပေးထားသည်ကို မှန်ထဲတွင်ကြည့်လိုက်ရင်း
stylist ဖြစ်သူကိုလည်း အဆင်ပြေကြောင်းပြောလိုက်သည်။
အဆင်သင့်ဖြစ်သွားပြီးနောက် အရှေ့ကိုပြန်ထွက်လာလိုက်ကြ၏။အားလုံးလည်း ရိုက်ကူးရေးအတွက် အဆင်သင့်ဖြစ်နေကြလေပြီ။
ကြော်ငြာရိုက်ကူးခြင်းသည် Photo shooting ထက် ပိုတာဝန်ကြီး၏။ထင်သလောက်မလုပ်ပြနိုင်လျှင်လည်း ကိုယ့်နာမည် ထိခိုက်ရဦးမည်။
Director ဖြစ်သူက ရဲသွေးအတွက် လုပ်ရမည့်အရာများကို အသေးစိတ်ထပ်ပြောပြသည်။ကြော်ငြာဇာတ်ညွှန်းကိုတော့ ကြိုပို့ပေးထား၍ ဖတ်ခဲ့ပြီးသားဖြစ်၏။ဒါရိုက်တာနှင့် အပြန်အလှန်သေချာစကားပြောပြီးနောက် ရိုက်ကူးရေးကိုစတင်သည်။
လက်ရှိအခြေအနေအားလုံးကို ခေတ္တမေ့ထားလိုက်ပြီး အလုပ်အပေါ်တွင်သာ အာရုံအပြည့်စိုက်ထားလိုက်သည်။
YOU ARE READING
Expensive Millionaire [Ongoing]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [20.5.2024] ➡️ Credit to owner for the cover photo.