"အဖေ့ရဲ့ အိမ်ထောင်ဖက်က အမျိုးသားတစ်ယောက်သာ ဖြစ်မယ်ဆိုရင် ဘာလုပ်ရမလဲ"
ဒါက ၅ နှစ်အတွင်း အကြိမ်ကြိမ် တွေးနေမိတဲ့ စကားကို ပထမဦးဆုံးအကြိမ် ရေချယ့်ကို ထုတ်မေးမိတာပါပဲ။
ရေချယ်ဆိုတာက ပြန်လည်ထူထောင်ရေးစင်တာမှာ ပူကြူးကို counseling လုပ်ပေးနေတဲ့ စိတ်ကုထုံးဆရာဝန်။ ၅ နှစ်လုံး ဆက်တိုက် စကားပြောနေရတဲ့သူဆိုလည်း မမှားပါဘူး။ သတိပြန်ရလာပေမယ့် အိပ်ရာထဲမှာပဲ အကြာကြီးလှဲနေခဲ့ရပြီး ခါးအောက်ပိုင်းလှုပ်ရှားလို့ မရနိုင်တော့တဲ့ ပူကြူးကို ဒီထက်ပိုပြီး စိတ်ထိခိုက်လောက်တယ်လို့ ခန့်မှန်းထားပေမယ့် ကျောင်းတက်ရင်း အေးအေးဆေးဆေး ဖြတ်သန်းနေနိုင်တာမို့ အမြဲချီးကျူးလေ့ရှိတယ်။
ဒါတွေက ဒယ်ဒီ့ဆီက ရခဲ့တာပဲ ထင်ပါတယ်။ တစ်ဦးတည်းသော သမီးမို့ ငယ်ငယ်ကတည်းက အလိုလိုက်ခံ၊ မြှောက်စားခံခဲ့ရပေမယ့် ဒယ်ဒီက အလိုလည်းလိုက်သလို အမှီအတွယ်ကင်းပြီး ရပ်တည်နိုင်တဲ့စိတ်ကိုပါ တစ်ပါတည်း သင်ကြားပေးခဲ့တာ။
ဥပမာဆိုရရင် "ငါ့သမီးလေးအလုပ်လုပ်စရာမလိုဘူး ဒယ်ဒီအမြဲတင်ကျွေးထားမှာပေါ့" လို့ မပြောဘဲ "ဒယ်ဒီ့သမီးလေးသာ လုပ်ငန်းခွင်ထဲရောက်ရင် ဒယ်ဒီ့ထက် ပိုတော်ပြီး ဦးဆောင်နိုင်မှာလို့ ယုံတယ်" ဆိုတာမျိုးပေါ့။ သူကြိုးစားသမျှကို အမြဲတမ်း ချီးကျူးပေးခဲ့သလို အသိအမှတ်လည်း ပြုပေးတယ်။
မာမီကတော့ နဂိုကတည်းက အေးတာရော၊ အဖွားတို့က သည်းတာရောကြောင့် ပူကြူးအပေါ် နေရာတကာ အစိုးရိမ်လွန်ကဲတတ်တယ်လေ။ ဒယ်ဒီကတော့ အဲဒါရဲ့ဆန့်ကျင်ဘက်အနေနဲ့ ကလေးတစ်ယောက် လုပ်လို့ရနိုင်တဲ့ ဘောင်အတွင်းမှာ စိတ်ကြိုက်လုပ်ဖို့ ခွင့်ပြုပေးထားတာ။
ပညာရေးနဲ့ပတ်သတ်ပြီး လိုအပ်သမျှ ထောက်ပံ့ပေးခဲ့ပေမယ့် မဖြစ်လာနိုင်တာတွေ ရှိခဲ့ရင်တောင် ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ဘူး။ ကျရှုံးမှုတိုင်းကို လက်ခံတတ်ဖို့နဲ့ အစကပြန်စနိုင်ဖို့ပဲ အထောက်အကူပေးခဲ့တာ။ တစ်ခုခုအပေါ် ပင်ပန်းလို့ ရပ်လိုက်ချင်တယ်လို့ ဖွင့်ဟမိတဲ့အခါမျိုးမှာ ဒယ်ဒီက သူဘယ်လောက်ပဲ မျှော်လင့်ထားထား
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December Season II)
Romanceအဲဒီတုန်းက တကယ်ပျော်ခဲ့ရလို့ဖြစ်မယ် ငါ့အရင်နှစ်တွေမှာတုန်းက မင်းကိုတွေ့ခဲ့ရသလိုမျိုး နောက်ဘယ်တော့မှ ပြန်မတွေ့တော့ဘူး ငါ့ကိုယ်ငါရော မင်းကိုရော ... ။ ။