အပိုင်း နှစ်ဆယ့်ခြောက်

2.9K 335 41
                                    

"လင်းယံ အိမ်မှာရှိလား"

"ဟုတ်ကဲ့ ရှိတယ် မြေ့ ဘာလို့လဲ"

"အိမ်ပြန်လာမလို့"

"ဟုတ် လာလေ မြေ့ရဲ့ ... ကျွန်တော်ရှိတယ်"

"ဟုတ်ပြီ ဟုတ်ပြီ အခု ကားမောင်းလာပြီ ဒါပဲနော်"

ဖုန်းချပြီးတော့ ကျိန်းစပ်နေတဲ့ မျက်လုံးတွေကို ဖိပွတ်သပ်ရင်းနဲ့ ကားမောင်းဖို့ပြင်ရတယ်။ အရေးကြီးတဲ့ ပရောဂျက်ကြောင့် မအိပ်ရတာ နှစ်ရက်ရှိနေပြီမို့ လူက တော်တော်ကို လွတ်နေတာ။ လင်းယံဆီ ပြန်မအိပ်ဖြစ်တာလည်း ၃ ရက်လောက်ဖြစ်နေပြီမို့ တွေ့ချင်တယ်။

အခုတလော သမီးကိုရော လင်းယံကိုပါ မလစ်ဟင်းရအောင် တစ်အိမ်မှာ ၃ ရက်လောက် တစ်လှည့်စီနေပေးဖြစ်တယ်။ သမီးကလည်း အဆင်ပြေသလို လင်းယံကလည်း သူ့ကိုပြောသွားရင် ဖြစ်တယ်ဆိုတော့ အဆင်ပြေသွားတာပေါ့။

နှစ်ယောက်လုံးက ကိုယ်နဲ့အတူ ရှိချင်တဲ့သူတွေဆိုတော့ ရှိသမျှအချိန်အကုန်လုံးကို manage လုပ်ပေးရပြန်တယ်။ မနက်စာကို သမီးနဲ့အတူ မနက်စောစော တစ်ခါစား၊ ပြီးရင် ရုံးမသွားခင် လင်းယံအိမ်ဝင်ပြီး တစ်ခါစား။ နေ့လယ်စာကတော့ သမီးက ကျောင်းရှိတော့ လင်းယံနဲ့ပဲ စားပြီး ညစာကိုတော့ သမီးနဲ့အတူစား၊ တစ်ခါတလေ လင်းယံနဲ့ပါ ထပ်စား။ ဘယ်အိမ်မှာရှိရှိ အဲဒီလိုလုပ်ပေးလိုက်တယ်။

တစ်ခါတလေဆို တောင်နဲ့မြောက်သွားရတဲ့အခါမျိုးမှာ ပင်ပန်းပေမဲ့လည်း မရောက်ရောက်အောင် ပြန်လာပြီး အတူရှိပေးရတယ်။ ဘယ်လောက်ပဲ ပင်ပန်းနေပါဦး ကျွန်တော်ပျော်ပါတယ်။ ကျွန်တော့်ကို လိုအပ်နေတဲ့ ကလေးနှစ်ယောက်မဟုတ်လား။

ကိုယ့်ဘာသာ အဲဒီလို ကြိတ်ဖြေရှင်းနေတုန်းကအကောင်း အဲဒီအကြောင်း သွဲ့သိသွားတော့မှ ရေလည် ပညာပြခံရတော့တာပဲ။ ဪ ကိုယ်ကတော့ ငါ့သူငယ်ချင်း ငါ့ကို နားလည်မလားဆိုပြီး ပြောပြမိတာ ဘယ်ဟုတ်မလဲ ပေါက်စီမက ကြိတ်တော့တာ အသားကုန်။

မနက်စာဆို နှစ်ခါ စားရတာမို့ အဆာပြေတယ်ဆိုရုံလောက် စားပါမယ်ဆို ဒီ တောင်ငူဂျပုမက ဆီထမင်းတို့၊ ကောက်ညှင်းပေါင်းတို့လုပ်ပစ်တာ။ ထမင်းကြော်ပန်းကန်ကို အမောက်ကြီးထည့်ပေးပြီး နည်းနည်းပဲစားရင်လည်း "ညိုရယ် အစားနည်းလိုက်တာ ထပ်စားဦး" ဆိုပြီး ထည့်ပြန်ရော။ တမင်လုပ်မှန်းသိပေမဲ့ သမီးရှေ့ဆိုတော့ မချိပြုံးလေးနဲ့ စားပေးရတာပဲ။

ဒီဇင်ဘာမှသည် (Starting in December Season II)Where stories live. Discover now