အပိုင်း ကိုး

1.7K 321 34
                                    

မိုချီနဲ့ စကားပြောနေရင်း အဲဒီ ညိမ်လင်းယံဆိုတဲ့လူအကြောင်းကို တောက်လျှောက်မေးနေတော့ မိုချီတောင် အံ့ဩလို့ပေါ့။ သူ့ကိုကိုအကြောင်းကို ဘယ်တုန်းကမှ စိတ်ဝင်တစားမရှိခဲ့တဲ့သူက ဆက်တိုက်တွေမေးနေတာမို့ အံ့အားတသင့်မေးယူရတယ်

"Coco You're so strange နော် ... ရုတ်တရက်ကြီး ဘယ်လိုဖြစ်လို့ ကိုကို့အကြောင်း စိတ်ဝင်စားသွားရတာလဲ"

"မိုချီ ... ငါနင့်ကို မလျှိုထားချင်ပါဘူး။ ဒါပေမယ့် လောလောဆယ်တော့ ငါ့နင့်ကို ပြောပြလို့မရသေးလို့ နင် သိထားသမျှ သူ့အကြောင်းတွေ အသေးစိတ်ပြောပြပေးပါ။ နင့်အတွက် ပြန်ပြောချင်စရာမကောင်းတဲ့အရာဆိုရင်တောင် ပြောပြပေးဖို့ ငါတောင်းဆိုချင်တယ်။ နင် သိလို့ ရတဲ့တစ်နေ့မှာ နင့်ကို မချွင်းမချန်ပေးသိပါ့မယ်။ I promise ... Pls"

"OK .. I got it ... နင်က မလိုအပ်ဘဲ မပြောတတ်တတ်တဲ့သူဆိုတော့ ငါ သိဖို့လိုလာရင်ပြောမယ်လို့ ယုံပါတယ်။ ဟုတ်ပြီ ငါအကုန်ပြောပြပါ့မယ်"

မိုချီပြောသမျှ စိတ်ဝင်တစားနားထောင်ခဲ့တဲ့အတိုင်းဆိုရင် ဒီလူ့အကြောင်းက မကောင်းတာတစ်ခုတလေမှတောင် ရှိမနေ။ ပူကြူးမယုံပါဘူး။ လူဆိုတာ အပြစ်အနာအဆာမရှိ အားလုံး ပြည့်စုံနေတာမျိုးမှ မဟုတ်တာ။

မိုချီနဲ့ပြောနေရင်းနဲ့ပဲ ရသမျှ အချက်အလက်တွေ ရှာကြည့်တော့လည်း တကယ်ကို မကောင်းသတင်း တစ်ခုမှ မရှိခဲ့ဘူး။ သူနဲ့ပတ်သက်တဲ့ အင်တာဗျူးတွေ ဆောင်းပါးတွေ အကုန်လုံးနီးပါး အကြမ်းဖျဉ်းလိုက်ဖတ်ကြည့်ပေမယ့် အဟုတ်ကို အပြစ်ဆိုစရာ ရှာမတွေ့။

သူ့ဘဝနောက်ခံကလည်း ရိုးရှင်းသလို သူကိုယ်တိုင်ကလည်း အဲဒါတွေကို တစ်ခုချင်း ထုတ်ပြောခဲ့ပြီးသား။ မိဘမဲ့ကျောင်းမှာ နေခဲ့ရတာက စလို့ Rape case အဆုံး သူကျူးလွန်ထားတဲ့ အပြစ်ဆိုစရာဟာ တစ်ကွက်တစ်လေမှ ရှိမနေခဲ့တာ။

ထူးဆန်းတာက ဒယ်ဒီနဲ့ ကိစ္စကိုတော့ လုံးဝရှာမတွေ့ဘူး။ ရုတ်တရက် သတိရလိုက်မိတာက ဟိုတစ်နေ့က ဒယ်ဒီနဲ့မာမီ ပြောတဲ့စကားတွေထဲက တစ်ခု ... "သူ့မှာ အပြစ်တစ်ခုရှိခဲ့ရင်တောင် အဲဒီအပြစ်က ငါပဲ သွဲ့" ဆိုတာကိုပါပဲ။

ဒီဇင်ဘာမှသည် (Starting in December Season II)Where stories live. Discover now