ပူကြူး pov မလာခင်မှာ ဒီတစ်ပါတ်အတွက် 2 ပိုင်းဖြစ်သွားအောင် ဒါလေး အရင်တင်ပေးလိုက်ပါတယ် ဂျီကောင်တို့ရေ။ be enjoy ပါ ...
.....................................
ဘဲလ်တီးသံကြားလို့ သွားဖွင့်လိုက်တော့ မနွယ်၊
"အစ်မ ဝင်လေ"
"သားသားရော နေကောင်းရဲ့လား"
"ကောင်းတယ် ... ကိုယ်တော့ နည်းနည်းနွေးနေသေးတယ် အစ်မ"
"နင်ရော ဘယ်လိုနေလဲ ဒဏ်ရာတွေက များတယ်မဟုတ်လား"
"ဘာမှမဖြစ်ဘူး ကျွန်တော်က နှိုင်းမြေ့ညိုပါဆိုနေ"
"နင့် ဂျီးဒေါ်ကြီးကို နှိုင်းမြေ့ညိုလား"
အစ်မက မျက်စောင်းတထိုးထိုးနဲ့ ဆဲရေးရင်း ဝင်သွားတော့ ကျွန်တော့်မှာ ရယ်ပြီးကျန်ခဲ့ရတော့တာပေါ့။
" မြေ့ ဘယ်သူလဲ အစ်မလား"
လင်းယံက အခန်းထဲက ထွက်လာပြီးမေးတယ်။
"အေး ဟုတ်ပ ... နင် ငါ့ကို သတိရလို့ တော်သေးတယ်နော် သားသား"
"အစ်မကလည်းဗျာ"
"တော်သေးတာပေါ့ နှိုင်းမြေ့ညိုကိုမြင်တာနဲ့ ကျန်တာအကုန် အတိတ်မေ့သွားပြီမှတ်လို့"
အစ်မရဲ့မျက်စောင်းက ကျွန်တော်နဲ့တင် မပြီးသေးဘဲ လင်းယံဆီပါ ကူးသွားတာမို့ နှစ်ယောက်လုံး ငြိမ်နေရတဲ့ဘဝ။
"ကဲ ... လာထိုင်ကြဦး အမွှေစိန် နှစ်ယောက်"
"ဟုတ် အစ်မ ဘာထူးလဲ"
"အေး ပြောမယ် လာ ထိုင်ကြ"
ဆိုဖာပေါ် ဘေးချင်းကပ်ထိုင်လိုက်ပြီးတော့ လင်းယံလက်ကို လှမ်းကိုင်ထားလိုက်တော့ မောင်မင်းကြီးသားက ပြုံးပြုံးကြီး လုပ်နေလေရဲ့။ အစကတည်းက ဒီကောင်လေးက လူကပ်ပါတယ်ဆိုနေ အခုတော့ ပိုဆိုးပေါ့။ ဒီနှစ်ရက်လုံး ညိမ်လင်းယံဟာ ကျွန်တော့်ကို လုံးဝကို အပျောက်မခံ။ ဘယ်သွားသွား တကောက်ကောက်လိုက်နေတာမို့ အိမ်သာတက်ရင်တောင် မဖြောင့်။
အဲဒါကြောင့် စိတ်ချသွားအောင်ဆိုပြီး ဘာပဲလုပ်လုပ် သူ့လက်ကို ကိုင်ထားရတယ်။ လူရှေ့မို့ မကိုင်ရင်လည်း မျက်နှာငယ်နဲ့လုပ်ပြဦးမှာ သိနေလို့ မပြောခင် ကြိုလုပ်ထားရတာပေါ့။ ရည်းစားကို အလိုလိုက်မယ် ပြောမိတော့လည်း ခံရမှာပေါ့ နှိုင်းမြေ့ညိုရေ။ ဒါ အစပဲ ရှိပါသေးတယ်။
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December Season II)
Romanceအဲဒီတုန်းက တကယ်ပျော်ခဲ့ရလို့ဖြစ်မယ် ငါ့အရင်နှစ်တွေမှာတုန်းက မင်းကိုတွေ့ခဲ့ရသလိုမျိုး နောက်ဘယ်တော့မှ ပြန်မတွေ့တော့ဘူး ငါ့ကိုယ်ငါရော မင်းကိုရော ... ။ ။